[Zawgyi]

ဒီလထဲမွာတင္ကို စမတ္ဖုန္ Brand ေတြကေန ဖုန္းေတြ အသစ္အသစ္ထြက္လာလိုက္တာ ေတာ္ေတာ္မ်ားမ်ားပါပဲ။ ဖုန္းေတြတစ္လံုးနဲ႔တစ္လံုးကလည္း ဒီဇုိင္းကာလာေတြက တူတူလာၾကေတာ့ တစ္ခါတစ္ေလမ်ား ရုတ္တရက္ၾကည့္လိုက္ရင္ မခြဲတတ္ေလာက္ေအာင္ပါပဲ။

မႏွစ္ကတစ္ႏွစ္လံုး ဂ်ိဳေလးေတြနဲ႔ အစီအရီထြက္လာခဲ့ျပီး Waterdrop Notch ေတြလည္း အျပိဳင္အဆိုင္ ေခတ္စားရာကေန အခုက် ထိပ္အေပါက္ေခတ္ကို ေရာက္လာပါျပီ။ ဒါေတြအားလံုးက ေဘးေဘာင္မဲ့ဖုန္းေတြဒီဇုိင္းကို သြားခ်င္တဲ့အတြက္ ထြင္လာခဲ့တဲ့ ဒီဇုိင္းေတြပါ။

အဲဒီလို ထိပ္ဖက္အေပါက္မွာ ကင္မရာထည့္ထားတဲ့ ဒီဇုိင္းထဲကမွ လတ္တေလာပူပူေႏြးေႏြးမိတ္ဆက္ထားတဲ့ Samsung Galaxy A8s နဲ႔ Huawei Nova 4 ေလးေတြကို ႏိႈင္းယွဥ္ၾကည့္ခ်င္ပါတယ္။ ၂လံုးလံုးက ဒီကိုေရာင္းမလာေသးေတာ့ အျပင္အေျခအေနဘယ္လိုရိွမလဲ မေျပာတတ္ေသးေပမယ့္ လတ္တေလာေတာ့ Specs ေတြအရင္ ယွဥ္ၾကည့္ရေအာင္ပါ။

Design & Display 

၂လံုးလံုးမွာ ဘယ္ဖက္ထိပ္မွာ အေပါက္ေလးပါတာေလးနဲ႔ ေက်ာဘက္မွာ Fingerprint ပါတာေလးေတာ့ တူပါတယ္။ Glass လို႔ပဲ နာမည္ေပးၾကတဲ့ Glass မစစ္တဲ့ Glass ကိုယ္ထည္ေလးနဲ႔ ထြက္လာခဲ့ၾကတာပါ။Nova 4 မွာေတာ့ 6.4-inch ကိုမွ  1080×2310 Pixels Resolution ရိွတဲ့ LCD Display ကို သံုးထားျပီး Galaxy A8s မွာလည္း 6.4-inch ကိုပဲ 1080×2340 pixel Resolution ရိွတဲ့ LCD Display နဲ႔ပါပဲ။

Camera

အ့ဲဒီအေပါက္ေလးထဲမွာပဲ Nova 4 ရဲ႕ 25MP Selfie Camera ရိွေနျပီးေတာ့ A8s မွာေတာ့ 24MP Selfie Camera ေလး ထည့္သြင္းေပးထားပါတယ္။ ၂လံုးလံုးကေတာ့ Aperture f/2.0 နဲ႔ပါပဲ။

ေနာက္ေက်ာဘက္မွာေတာ့ ကင္မရာ ၃လံုးစီနဲ႔ အျပိဳင္အဆိုင္ပါပဲ။

Nova 4 မွာ 48MP(f/1.8)+16MP(f/2.2)+2MP(f/2.4)  ဆိုျပီး ၃လံုးျပဴးပါျပီး A8s မွာေတာ့ 24MP (f/1.7)+10MP(AF)+ 5MP(f/2.2) ဆိုျပီး ပါပါတယ္။ Nova 4 မွာေတာ့ 2160p Video ေတြကိုေတာင္ ရိုက္ကူးႏုိင္ျပီးေတာ့ 1080p နဲ႔ဆို EIS ကိုပါ Support ေပးထားပါေသးတယ္။ A8s မွာေတာ့ 1080p Video ေတြကိုပဲ ရိုက္ကူးႏုိင္ပါတယ္။ တကယ့္ရလာတဲ့ Result ကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Chipset

ေနာက္တစ္ခုကေတာ့ Nova 4 မွာ Huawei ရဲ႕ High-End ဖုန္းေတြမွာသာ သံုးခဲ့တဲ့ Kirin  970 ကို သံုးေပးထားျပီး A8s မွာလည္း Qualcomm ရဲ႕ ေနာက္ဆံုးထြက္ Upper Midrange Snapdragon 710 ၾကီးနဲ႔ ထြက္လာခဲ့တာဆိုေတာ့ ၂ခုလံုးျပိဳင္ဆုိင္မႈက လွေတာ့လွေနပါျပီ။

RAM ကေတာ့ Nova 4 မွာ RAM 8GB, A8s မွာေတာ့ RAM 6GB/8GB လို႔ရိွျပီး Storage ကေတာ့ ၂မ်ိဳးလံုး 128GB နဲ႔ပဲ လာတာျဖစ္ပါတယ္။

Battery 

Battery ကေတာ့ Nova 4 မွာ 3750mAh နဲ႔ A8s မွာ 3400mAh နဲ႔ ထြက္လာခဲ့တာပါ။ ၂ခုလံုး Type-C 1.0 နဲ႔ပဲျဖစ္ျပီး A8s မွာ Fast Charging, Nova 4 မွာ Fast Charging 9V/2A ပါပါတယ္။ Nova 4 မွာေတာ့ နားၾကပ္ေပါက္ပါေသးေပမယ့္ A8s မွာေတာ့ နားၾကပ္ေပါက္ျပဳတ္သြားခဲ့ပါျပီ။

Color & Price 

အေရာင္ေတြကေတာ့ Nova 4 မွာ Aurora Blue, Red, White, Black နဲ႔ A8s မွာ Blue, Gray, Black ဆိုျပီး လာျပီးေတာ့ Nova 4 က ယူရို ၅၀၀(ျမန္မာေငြ ၈၉၀၀၀၀ ဝန္းက်င္) Galaxy A8s ေတြကေတာ့ RAM6GB Version ကို $430 ဝန္းက်င္ (ျမန္မာေငြ ၆၇၀၀၀၀ ဝန္းက်င္) ေလာက္ရိွမယ္လို႔ မွန္းရပါတယ္။

ဒါကေတာ့ Specs ေလးေတြကိုပဲ ယွဥ္ျပေပးထားတာပါ။ ေရာက္လာတဲ့အခ်ိန္က်ရင္ေတာ့ သံုးရတဲ့ အေနအထား Specs အတိုင္း ေကာင္းမေကာင္းကို ေသခ်ာသံုးၾကည့္ပီး ျပန္လာခဲ့ပါဦးမယ္။

[Unicode]

ဒီလထဲမှာတင်ကို စမတ်ဖုန် Brand တွေကနေ ဖုန်းတွေ အသစ်အသစ်ထွက်လာလိုက်တာ တော်တော်များများပါပဲ။ ဖုန်းတွေတစ်လုံးနဲ့တစ်လုံးကလည်း ဒီဇိုင်းကာလာတွေက တူတူလာကြတော့ တစ်ခါတစ်လေများ ရုတ်တရက်ကြည့်လိုက်ရင် မခွဲတတ်လောက်အောင်ပါပဲ။

မနှစ်ကတစ်နှစ်လုံး ဂျိုလေးတွေနဲ့ အစီအရီထွက်လာခဲ့ပြီး Waterdrop Notch တွေလည်း အပြိုင်အဆိုင် ခေတ်စားရာကနေ အခုကျ ထိပ်အပေါက်ခေတ်ကို ရောက်လာပါပြီ။ ဒါတွေအားလုံးက ဘေးဘောင်မဲ့ဖုန်းတွေဒီဇိုင်းကို သွားချင်တဲ့အတွက် ထွင်လာခဲ့တဲ့ ဒီဇိုင်းတွေပါ။

အဲဒီလို ထိပ်ဖက်အပေါက်မှာ ကင်မရာထည့်ထားတဲ့ ဒီဇိုင်းထဲကမှ လတ်တလောပူပူနွေးနွေးမိတ်ဆက်ထားတဲ့ Samsung Galaxy A8s နဲ့ Huawei Nova 4 လေးတွေကို နှိုင်းယှဉ်ကြည့်ချင်ပါတယ်။ ၂လုံးလုံးက ဒီကိုရောင်းမလာသေးတော့ အပြင်အခြေအနေဘယ်လိုရှိမလဲ မပြောတတ်သေးပေမယ့် လတ်တလောတော့ Specs တွေအရင် ယှဉ်ကြည့်ရအောင်ပါ။

Design & Display 

၂လုံးလုံးမှာ ဘယ်ဖက်ထိပ်မှာ အပေါက်လေးပါတာလေးနဲ့ ကျောဘက်မှာ Fingerprint ပါတာလေးတော့ တူပါတယ်။ Glass လို့ပဲ နာမည်ပေးကြတဲ့ Glass မစစ်တဲ့ Glass ကိုယ်ထည်လေးနဲ့ ထွက်လာခဲ့ကြတာပါ။Nova 4 မှာတော့ 6.4-inch ကိုမှ  1080×2310 pixels Resolution ရှိတဲ့ LCD Display ကို သုံးထားပြီး Galaxy A8s မှာလည်း 6.4-inch ကိုပဲ 1080×2340 pixel Resolution ရှိတဲ့ LCD Display နဲ့ပါပဲ။

Camera

အဲ့ဒီအပေါက်လေးထဲမှာပဲ Nova 4 ရဲ့ 25MP Selfie Camera ရှိနေပြီးတော့ A8s မှာတော့ 24MP Selfie Camera လေး ထည့်သွင်းပေးထားပါတယ်။ ၂လုံးလုံးကတော့ Aperture f/2.0 နဲ့ပါပဲ။

နောက်ကျောဘက်မှာတော့ ကင်မရာ ၃လုံးစီနဲ့ အပြိုင်အဆိုင်ပါပဲ။

Nova 4 မှာ 48MP(f/1.8)+16MP(f/2.2)+2MP(f/2.4)  ဆိုပြီး ၃လုံးပြူးပါပြီး A8s မှာတော့ 24MP (f/1.7)+10MP(AF)+ 5MP(f/2.2) ဆိုပြီး ပါပါတယ်။ Nova 4 မှာတော့ 2160p Video တွေကိုတောင် ရိုက်ကူးနိုင်ပြီးတော့ 1080p နဲ့ဆို EIS ကိုပါ Support ပေးထားပါသေးတယ်။ A8s မှာတော့ 1080p Video တွေကိုပဲ ရိုက်ကူးနိုင်ပါတယ်။ တကယ့်ရလာတဲ့ Result ကတော့ စောင့်ကြည့်ရဦးမှာပါ။

Chipset

နောက်တစ်ခုကတော့ Nova 4 မှာ Huawei ရဲ့ High-End ဖုန်းတွေမှာသာ သုံးခဲ့တဲ့ Kirin  970 ကို သုံးပေးထားပြီး A8s မှာလည်း Qualcomm ရဲ့ နောက်ဆုံးထွက် Upper Midrange Snapdragon 710 ကြီးနဲ့ ထွက်လာခဲ့တာဆိုတော့ ၂ခုလုံးပြိုင်ဆိုင်မှုက လှတော့လှနေပါပြီ။

RAM ကတော့ Nova 4 မှာ RAM 8GB, A8s မှာတော့ RAM 6GB/8GB လို့ရှိပြီး Storage ကတော့ ၂မျိုးလုံး 128GB နဲ့ပဲ လာတာဖြစ်ပါတယ်။

Battery 

Battery ကတော့ Nova 4 မှာ 3750mAh နဲ့ A8s မှာ 3400mAh နဲ့ ထွက်လာခဲ့တာပါ။ ၂ခုလုံး Type-C 1.0 နဲ့ပဲဖြစ်ပြီး A8s မှာ Fast Charging, Nova 4 မှာ Fast Charging 9V/2A ပါပါတယ်။ Nova 4 မှာတော့ နားကြပ်ပေါက်ပါသေးပေမယ့် A8s မှာတော့ နားကြပ်ပေါက်ပြုတ်သွားခဲ့ပါပြီ။

Color & Price 

အရောင်တွေကတော့ Nova 4 မှာ Aurora Blue, Red, White, Black နဲ့ A8s မှာ Blue, Gray, Black ဆိုပြီး လာပြီးတော့ Nova 4 က ယူရို ၅၀၀(မြန်မာငွေ ၈၉၀၀၀၀ ဝန်းကျင်) Galaxy A8s တွေကတော့ RAM6GB Version ကို $430 ဝန်းကျင် (မြန်မာငွေ ၆၇၀၀၀၀ ဝန်းကျင်) လောက်ရှိမယ်လို့ မှန်းရပါတယ်။

ဒါကတော့ Specs လေးတွေကိုပဲ ယှဉ်ပြပေးထားတာပါ။ ရောက်လာတဲ့အချိန်ကျရင်တော့ သုံးရတဲ့ အနေအထား Specs အတိုင်း ကောင်းမကောင်းကို သေချာသုံးကြည့်ပီး ပြန်လာခဲ့ပါဦးမယ်။