[Zawgyi]

Samsung Galaxy A8s (SM-G8870) ဟန္းဆက္ဟာ ဒီဇင္ဘာ ၁၀ ရက္ေန႔ တရားဝင္မိတ္ဆက္ပြဲ မတုိင္ခင္ သုံးရက္အလိုမွာပဲ တရုတ္နည္းပညာမူပိုင္ခြင့္ ဝက္ဆုိက္ TENAA ေပၚမွာ ဓါတ္ပုံေတြ တက္လာခဲ့ပါျပီ။ ပုံေတြနဲ႔အတူ အခ်က္အလက္အနည္းငယ္ကိုလည္း သိခြင့္ရခဲ့ပါတယ္။

ဒီဖုန္းဟာ Screen ထဲမွာ Camera Hole ပါတဲ့ ဒီဇုိင္းနဲ႔ ထြက္လာမယ့္ ပထမဆုံး စမတ္ဖုန္းလည္း ျဖစ္ပါတယ္။ Notch ေတြ၊ Chin ေတြကိုေဖ်ာက္လိုက္ျပီး Screen ထဲမွာ ဆယ္လ္ဖီကင္မရာကို ထည့္လိုက္တဲ့ အတြက္ ျမင့္မားတဲ့ Screen-to-body Ratio ပါဝင္လာမွာပါ။ သူ႕ရဲ႕ TENAA စာရင္းေပၚမွာ ျမင္ရတဲ့ ပုံေတြမွာေတာ့ ေရွ႕ဘက္ Display ဒီဇုိင္းနဲ႔အတူ ေက်ာဘက္ျမင္ကြင္းကိုပါ ျမင္ေတြ႕ရမွာပါ။

သူ႕ရဲ႕ေပၚထြက္လာမႈဟာ Display ရဲ႕အေပၚဘယ္ေထာင့္က In-Display Camera Hole ရဲ႕တည္ရွိမႈကိုပါ ထပ္မံအတည္ျပဳလိုက္တာပါပဲ။ TENAA ရဲ႕ပုံရိပ္ေတြမွာ အရမ္းၾကီး မျပတ္သားေပမယ့္ ဓါတ္ပုံရဲ႕ Brightness ကို ေျပာင္းလဲလိုက္ရင္ေတာ့ အခုလို ေပၚထြက္လာပါတယ္။

ေက်ာဘက္မွာေတာ့ Triple ကင္မရာသုံးလုံးတြဲကို ျမင္ေတြ႕ရျပီး RGB Sensor ကတစ္ခု၊ Telephoto Lens နဲ႔ Wide-angle Sensor က တစ္ခုတုိ႔ ျဖစ္ပါလိမ့္မယ္။ ေက်ာဘက္မွာပဲ အဝုိင္းမဟုတ္တဲ့ ဘဲဥပုံစံေလး Fingerprint Scanner ကိုလည္း ေတြ႕ရမွာပါ။ ျပီးေတာ့ အေရာင္ေျပးကာလာကို သုံးစြဲလာတာကိုလည္း ေတြ႕ရတယ္။

ဖုန္းရဲ႕ Specs အျပည့္အစုံကိုေတာ့ TENAA မွာမေၾကျငာရေသးပါဘူး။ ဒါေပမယ့္ သတင္းေတြကို ျခဳံ႕ၾကည့္မယ္ ဆုိရင္ အနည္းဆုံးပါလာမယ့္ Specs ကေတာ့ ဟန္းဆက္ရဲ႕ ကိုယ္ထည္ဟာ 158.4 x 74.9 x 7.4 mm ကိုယ္ထည္ ျဖစ္ႏုိင္ပါတယ္။ 6.39” လက္မအရြယ္ Display ကေတာ့ Full HD+ Resolution အနည္းဆုံး ျဖစ္မယ္လို႔ ခန္႔မွန္းရပါတယ္။ ဘကၳရီက 3300 mAh ဝန္းက်င္ ျဖစ္ပါလိမ့္မယ္။

သတင္းထြက္ေနတာကေတာ့ Galaxy A8s မွာ Snapdragon 710 နဲ႔ 6GB RAM မန္မုိရီတုိ႔ ပါဝင္မယ္လို႔ ဆုိပါတယ္။ ေရွ႕ဘက္ကင္မရာက 24MP နဲ႔ ေနာက္ဘက္ကင္မရာသုံးလုံးတြဲက 25MP + 5MP + 10MP လို႔ သတင္းထြက္ေနပါတယ္။ Galaxy A8s ဟာ အေမရိကန္မွာလည္း FCC စစ္ေဆးမႈေအာင္ျမင္ျပီး ျဖစ္တဲ့အတြက္ တရုတ္ျပည္ပေစ်းကြက္ေတြမွာပါ မေဝးေတာ့တဲ့ အခ်ိန္မွာ ေၾကျငာလာမွာ ျဖစ္ပါတယ္။ ေစ်းႏႈန္းနဲ႔ ပတ္သက္လို႔ မသိရေသးဘဲ လာမယ့္ ဒီဇင္ဘာ ဆယ္ရက္ေန႔ကို ေစာင့္ေမွ်ာ္ရဦးမွာပါ။

Ref – Nashville

[Unicode]

Samsung Galaxy A8s (SM-G8870) ဟန်းဆက်ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ တရားဝင်မိတ်ဆက်ပွဲ မတိုင်ခင် သုံးရက်အလိုမှာပဲ တရုတ်နည်းပညာမူပိုင်ခွင့် ဝက်ဆိုက် TENAA ပေါ်မှာ ဓါတ်ပုံတွေ တက်လာခဲ့ပါပြီ။ ပုံတွေနဲ့အတူ အချက်အလက်အနည်းငယ်ကိုလည်း သိခွင့်ရခဲ့ပါတယ်။

ဒီဖုန်းဟာ Screen ထဲမှာ Camera Hole ပါတဲ့ ဒီဇိုင်းနဲ့ ထွက်လာမယ့် ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ Notch တွေ၊ Chin တွေကိုဖျောက်လိုက်ပြီး Screen ထဲမှာ ဆယ်လ်ဖီကင်မရာကို ထည့်လိုက်တဲ့ အတွက် မြင့်မားတဲ့ Screen-to-body Ratio ပါဝင်လာမှာပါ။ သူ့ရဲ့ TENAA စာရင်းပေါ်မှာ မြင်ရတဲ့ ပုံတွေမှာတော့ ရှေ့ဘက် Display ဒီဇိုင်းနဲ့အတူ ကျောဘက်မြင်ကွင်းကိုပါ မြင်တွေ့ရမှာပါ။

သူ့ရဲ့ပေါ်ထွက်လာမှုဟာ Display ရဲ့အပေါ်ဘယ်ထောင့်က In-Display Camera Hole ရဲ့တည်ရှိမှုကိုပါ ထပ်မံအတည်ပြုလိုက်တာပါပဲ။ TENAA ရဲ့ပုံရိပ်တွေမှာ အရမ်းကြီး မပြတ်သားပေမယ့် ဓါတ်ပုံရဲ့ Brightness ကို ပြောင်းလဲလိုက်ရင်တော့ အခုလို ပေါ်ထွက်လာပါတယ်။

ကျောဘက်မှာတော့ Triple ကင်မရာသုံးလုံးတွဲကို မြင်တွေ့ရပြီး RGB Sensor ကတစ်ခု၊ Telephoto Lens နဲ့ Wide-angle Sensor က တစ်ခုတို့ ဖြစ်ပါလိမ့်မယ်။ ကျောဘက်မှာပဲ အဝိုင်းမဟုတ်တဲ့ ဘဲဥပုံစံလေး Fingerprint Scanner ကိုလည်း တွေ့ရမှာပါ။ ပြီးတော့ အရောင်ပြေးကာလာကို သုံးစွဲလာတာကိုလည်း တွေ့ရတယ်။

ဖုန်းရဲ့ Specs အပြည့်အစုံကိုတော့ TENAA မှာမကြေငြာရသေးပါဘူး။ ဒါပေမယ့် သတင်းတွေကို ခြုံ့ကြည့်မယ် ဆိုရင် အနည်းဆုံးပါလာမယ့် Specs ကတော့ ဟန်းဆက်ရဲ့ ကိုယ်ထည်ဟာ 158.4 x 74.9 x 7.4 mm ကိုယ်ထည် ဖြစ်နိုင်ပါတယ်။ 6.39” လက်မအရွယ် Display ကတော့ Full HD+ Resolution အနည်းဆုံး ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဘက္ထရီက 3300 mAh ဝန်းကျင် ဖြစ်ပါလိမ့်မယ်။

သတင်းထွက်နေတာကတော့ Galaxy A8s မှာ Snapdragon 710 နဲ့ 6GB RAM မန်မိုရီတို့ ပါဝင်မယ်လို့ ဆိုပါတယ်။ ရှေ့ဘက်ကင်မရာက 24MP နဲ့ နောက်ဘက်ကင်မရာသုံးလုံးတွဲက 25MP + 5MP + 10MP လို့ သတင်းထွက်နေပါတယ်။ Galaxy A8s ဟာ အမေရိကန်မှာလည်း FCC စစ်ဆေးမှုအောင်မြင်ပြီး ဖြစ်တဲ့အတွက် တရုတ်ပြည်ပဈေးကွက်တွေမှာပါ မဝေးတော့တဲ့ အချိန်မှာ ကြေငြာလာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ပတ်သက်လို့ မသိရသေးဘဲ လာမယ့် ဒီဇင်ဘာ ဆယ်ရက်နေ့ကို စောင့်မျှော်ရဦးမှာပါ။

Ref – Nashville