Zawgyi
Ref: Gizmo China
Unicode
Samsung ရဲ့ Galaxy A9 (2018) ဟာဆိုရင် ကမ္ဘာ့ ပထမဆုံး ကင်မရာလေးလုံးပါဝင်လာတဲ့ စမတ်ဖုန်းတစ်လုံးပါ။ မလေးရှားလို အာရှနိုင်ငံတစ်ချို့မှာ စတင်မိတ်ဆက်ပြီးတဲ့အခါမှာတော့ Galaxy A9 (2018) ကို တရုတ်ပြည်မှာ မိတ်ဆက်ဖို့ပြင်ဆင်နေပါပြီ။ များပြားလှတဲ့ ကင်မရာ စမတ်ဖုန်းလောကကို လှုပ်ခတ်သွားစေတဲ့ Galaxy A9 (2018) ကို Galaxy A9S အဖြစ်နဲ့ တရုတ်ပြည်မှာ အောက်တိုဘာ ၂၄ ရက်နေ့မှာ မိတ်ဆက်မှာပါ။
Galaxy A9s မှာ 1080 x 2220 Resolution ရှိတဲ့ Super AMOLED မျက်နှာပြင်ကိုတပ်ဆင်ပေးထားပါတယ်။ Snapdragon 660 SoC ကို RAM 6G သို့မဟုတ် 8GB ဆိုပြီး မော်ဒယ်အလိုက် တပ်ဆင်ပေးထားပြီး Storage ကတော့ 128GB ရှိပါတယ်။ Infinity မျက်နှာပြင်ရဲ့ထိပ်မှာတော့ 24MP ရှိတဲ့ Selfie Camera တပ်ဆင်ပေးထားပါတယ်။ Galaxy A9S ခေါ် A9 (2018) မှာ အဓိက ထင်ရှားတဲ့ Feature ကတော့ လေးလုံးတွဲ ကင်မရာပဲဖြစ်ပြီး 8MP Ultra-wide Camera ရယ် 2x Optical Zoom လို့ခေါ်တဲ့ ပုံရိပ်ဝေဝါးခြင်းမရှိပဲ Zoom နှစ်ဆဆွဲလို့ရတဲ့ 10MP Telephoto Camera ရယ် အဓိက ကင်မရာဖြစ်တဲ့ 24MP f/1.7 ရှိတဲ့ ကင်မရာနဲ့ နောက်ခံအဝါးပုံရိပ်တွေဖမ်းယူပေးမယ့် 5MP f/2.2 ရှိတဲ့ Depth Camera တွေပါဝင်ပါတယ်။
Galaxy A9s မှာ Android 8.1 Oreo အခြေခံထားတဲ့ Samsung Experience 8.5 Software ကိုအသုံးပြုပေးထားပါတယ်။ အနောက်ဘက် Fingerprint Scanner လည်း တပ်ဆင်ပေးထားပြီး အရှေ့ဘက် Selfie ကင်မရာ အထောက်အပံ့နဲ့ အတူ Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ဘက်ထရီအား ပမာဏ 3,800mAh ပါဝင်လို့ တစ်နေကုန် အသုံူခံမှာပါ။ Samsung ရဲ့ ကိုယ်ပိုင် Private App တွေလည်း တစ်ပါတည်း ထည့်သွင်းပေးထားပြီး Samsung ရဲ့ ကိုယ်ပိုင် Voice Assistant AI ဖြစ်တဲ့ Bixby ကိုလည်း ထည့်ပေးထားပါသေးတယ်။
Ref: Gizmo China