ယေန႔မွာေတာ့ ဆမ္ေဆာင္းကုမၸဏီက သူတုိ႔ရဲ႕ Galaxy Book2 ကို တရားဝင္မိတ္ဆက္လုိက္ပါျပီ။ 2-in-1 အသုံးျပဳႏုိင္တဲ့ ဂတ္ဂ်က္ဟာ ၂၀၁၇ ေဖေဖာ္ဝါရီမွာ စတင္ျမင္ေတြ႕ခဲ့ရတဲ့ Galaxy Book ရဲ႕ မ်ဳိးဆက္သစ္ ျဖစ္ပါတယ္။ မုိက္ကရုိေဆာ့ဖ္ရဲ႕ Surface Pro ကို တုိက္ရုိက္စိန္ေခၚမယ့္ ထုတ္ကုန္လုိ႔ ဆုိႏုိင္ျပီး ယခင္မ်ဳိးဆက္ မွာလို Intel Core m3 ဆက္မသုံးေတာ့ဘဲ Snapdragon 850 SoC ကို အသုံးျပဳလာခဲ့တယ္။

Snapdragon 850 ကေတာ့ Galaxy Book2 ရဲ႕ အသက္ျဖစ္ျပီး ၁၂ လက္မအရြယ္ Super AMOLED Touchscreen ၾကီးရဲ႕ Resolution ကေတာ့ 2160x 1440p ျဖစ္ျပီး 4GB RAM မန္မုိရီနဲ႔ 128 GB Storage ပမာဏတုိ႔ ပါဝင္ပါတယ္။

Galaxy Book2 မွာ ေက်ာဘက္အဓိက 8MP ကင္မရာငယ္နဲ႔ 5MP ေရွ႕ဘက္မ်က္ႏွာစာ ကင္မရာငယ္ ျဖစ္ပါတယ္။ စပီကာႏွစ္လုံးမွာ Dolby Atmos အသံစနစ္ Built-in ထည့္သြင္းထားျပီး USB-C Port ႏွစ္ေပါက္၊ microSD Slot တစ္ခု၊ 3.5mm Headphone Jack တစ္ခုတုိ႔ ပါဝင္တယ္။

ဘကၳရီသက္တမ္းက ၂၀ နာရီထိ အသံုးခံႏုိင္မယ္လို႔ ေျပာထားျပီး အျမန္အားသြင္းစနစ္လည္း ထည့္သြင္းထားတယ္။ Windows 10 ကို S Mode နဲ႔ အသုံးျပဳႏုိင္ျပီး သီးသန္႔ကီးဘုတ္နဲ႔ S Pen Stylus တုိ႔ကိုပါ တစ္ပါတည္း ထည့္ေပးထားမွာပါ။

Samsung Galaxy Book2 ဟုိက္ဘရစ္တက္ဘလက္ကို တန္ဖိုး ေဒၚလာ ၉၉၉.၉၉ သတ္မွတ္ထားျပီး ႏုိဝင္ဘာလ ၂ ရက္ေန႔မွာ ေစ်းကြက္ထဲ စတင္ျဖန္႔ခ်ိသြားေတာ့မွာပါ။

Ref – GSM Arena

Unicode

ယနေ့မှာတော့ ဆမ်ဆောင်းကုမ္ပဏီက သူတို့ရဲ့ Galaxy Book2 ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ 2-in-1 အသုံးပြုနိုင်တဲ့ ဂတ်ဂျက်ဟာ ၂၀၁၇ ဖေဖော်ဝါရီမှာ စတင်မြင်တွေ့ခဲ့ရတဲ့ Galaxy Book ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ မိုက်ကရိုဆော့ဖ်ရဲ့ Surface Pro ကို တိုက်ရိုက်စိန်ခေါ်မယ့် ထုတ်ကုန်လို့ ဆိုနိုင်ပြီး ယခင်မျိုးဆက် မှာလို Intel Core m3 ဆက်မသုံးတော့ဘဲ Snapdragon 850 SoC ကို အသုံးပြုလာခဲ့တယ်။

Snapdragon 850 ကတော့ Galaxy Book2 ရဲ့ အသက်ဖြစ်ပြီး ၁၂ လက်မအရွယ် Super AMOLED Touchscreen ကြီးရဲ့ Resolution ကတော့ 2160x 1440p ဖြစ်ပြီး 4GB RAM မန်မိုရီနဲ့ 128 GB Storage ပမာဏတို့ ပါဝင်ပါတယ်။

Galaxy Book2 မှာ ကျောဘက်အဓိက 8MP ကင်မရာငယ်နဲ့ 5MP ရှေ့ဘက်မျက်နှာစာ ကင်မရာငယ် ဖြစ်ပါတယ်။ စပီကာနှစ်လုံးမှာ Dolby Atmos အသံစနစ် Built-in ထည့်သွင်းထားပြီး USB-C Port နှစ်ပေါက်၊ microSD Slot တစ်ခု၊ 3.5mm Headphone Jack တစ်ခုတို့ ပါဝင်တယ်။

ဘက္ထရီသက်တမ်းက ၂၀ နာရီထိ အသုံးခံနိုင်မယ်လို့ ပြောထားပြီး အမြန်အားသွင်းစနစ်လည်း ထည့်သွင်းထားတယ်။ Windows 10 ကို S Mode နဲ့ အသုံးပြုနိုင်ပြီး သီးသန့်ကီးဘုတ်နဲ့ S Pen Stylus တို့ကိုပါ တစ်ပါတည်း ထည့်ပေးထားမှာပါ။

Samsung Galaxy Book2 ဟိုက်ဘရစ်တက်ဘလက်ကို တန်ဖိုး ဒေါ်လာ ၉၉၉.၉၉ သတ်မှတ်ထားပြီး နိုဝင်ဘာလ ၂ ရက်နေ့မှာ ဈေးကွက်ထဲ စတင်ဖြန့်ချိသွားတော့မှာပါ။

Ref – GSM Arena