Zawgyi Font Version


Galaxy J6+ Specs



Galaxy J4+ Specs






Ref: XDA News

Unicode Version

Samsung ရဲ့ Galaxy S Series နဲ့ Note Series တွေဟာ Samsung ရဲ့ Flagship Series တွေဖြစ်ပြီး Smartphone လောကမှ အတော်အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူရဲ့ Mid Range ဖုန်းတွေကတော့ အိန္ဒိယနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ တစ်ခြား Smartphone ထုတ်လုပ်သူတွေရဲ့ Mid Range တွေနဲ့ ယှဉ်ပြိုင်တဲ့ နေရာမှာတော့လိုအပ်ချက်တွေရှိနေခဲ့ပါတယ် ဒါပေမယ့်လည်း Mid Range ဖုန်းအပိုင်းမှာ Samsung ရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုတွေ့လာရပါတယ်။ ဒီနှစ်ထဲမှာပဲ ဘေးဘောင်သေးသေးလေးတွေနဲ့ Galaxy A Series နဲ့ J Series အသစ်တွေကိုမြင်တွေ့လာရပါတယ်။ ဘေးဘောင်သေးတဲ့ Design နဲ့ အခြား ဆန်းသစ်တဲ့ Feature တွေပါဝင်တဲ့ Galaxy J6+ နဲ့ J4+ ကို အိန္ဒိယမှာ စတင်မိတ်ဆက်ခဲ့ပြီး ဈေးသက်သက်သာသာနဲ့ Premium Design မျိုးရရှိမှာပါ။ ဖုန်းသစ်နှစ်မျိုးစလုံးမှာ Snapdragon 425 SoC ကိုအသုံးပြုပေးထားပါတယ်။

Galaxy J6+ Specs


Galaxy J6+ မှာ မျက်နှာပြင်အကျယ် ခြောက်လက်မရှိပြီး 720x1480P Resolution ရှိတဲ့ Super AMOLED Display ကိုအသုံးပြုပေးထားပါတယ်။ မျက်နှာပြင်အချိုးအစားဟာဆိုရင် 18.5:9 ရှိပြီး Samsung က အဆိုပါ မျက်နှာပြင် အချိုးအစားကို Infinity Display လို့ နာမည်ပေးထားပါတယ်။ အလေးချိန်ကတော့ 178 Gram ရှိပါတယ်။ အသုံးပြုပေးထားတဲ့ SoC ကတော့ Snapdragon 425 ဖြစ်ပြီး RAM 3GB/Storage 32GB (သို့မဟုတ်) RAM 4GB/Storage 64GB ဆိုပြီး Model နှစ်မျိုးရရှိနိုင်ပါတယ်။ Dual Cameras Set up ပါဝင်ပြီး 13MP ရှိတဲ့ အဓိက Camera ကို 5MP ရှိတဲ့ Telephoto Lens နဲ့ တွဲပေးထားပါတယ်။ အရှေ့ဘက် Selfie Camera ကတော့ 8MP ပါ။ Battery ပမာဏ 3,300mAh ပါဝင်ပြီး USB Type B ကိုပဲသုံးစွဲထားပါတယ်။ 3.5mm Headphone Jack ပါဝင်ပြီး FM Radio Support လည်းပါဝင်ပါတယ်။ Fingerprint Scanner ကို Power Button ထဲမှာထည့်ပေးထားပါတယ်။ Operating System အနေနဲ့ကတော့ Android 8.1 Oreo ကို Samsung Experience 9.0 နဲ့ ပြုပြင်မွန်းမံပေးထားပါတယ်။

Galaxy J4+ Specs


Snapdragon 425 ပဲအသုံးပြုထားတဲ့ Galaxy J4+ ဟာ J6+ နဲ့ အခြေခံအားဖြင့်တော့ တူညီပြီး သေအချာလေ့လာကြည့်ရင်တော့ Display နဲ့ Camera ပိုင်းအားနည်းတာကိုတွေ့ရပါတယ်။ Display ပိုင်းကို Super AMOLED မဟုတ်ပဲ ရိုးရိုး LCD ကိုပဲ အသုံးပြုထားပါတယ်။ Camera ပိုင်းမှာဆိုရင်လည်း J6+ လို Dual Cameras မပါဝင်တော့ပဲ 13MP ရှိတဲ့ Single Lens Camera System ပဲပါဝင်ပါတယ်။ J6+ လို RAM 4GB/Storage 64GB ထိမရရှိပဲ RAM 2GB/Storage 16GB နဲ့ RAM 3GB/Storage 32GB ဆိုပြီး Model နှစ်မျိုးရှိပြီး J6+ လောက် Powerful မဖြစ်တာကိုတွေ့ရပါတယ်။ J6+ နဲ့ အခြေခံ Design ပိုင်းတူညီပြီး ခြောက်လက်မရှိတဲ့ Infinity Display ကိုပဲအသုံးပြုထားပါတယ်။ Display အရွယ်အစားနဲ့ အသုံးပြုထားတဲ့ SoC တူညီတဲ့အတွက် 3,300mAh အရွယ်အစားရှိတဲ့ Battery ကိုပဲအသုံးပြုပေးထားတာတွေ့ရပါတယ်။ Fingerprint Scanner မပါတာကတော့ စိတ်မကောင်းစရာပါပဲ။

Samsung Galaxy J6+/Samsung Galaxy J4+ Pricing and Availability


ဖုန်းနှစ်လုံးစလုံးကို အိန္ဒိယမှာ မနက်ဖန်စတင်ရောင်းချတော့မှာဖြစ်ပြီး J4+ ကို မြန်မာငွေတန်ဖိုးအရဆိုရင် နှစ်သိန်းဝန်းကျင်နဲ့ ရောင်းချမှာဖြစ်ပြီး J6+ ကတော့ သုံးသိန်းခွဲဝန်းကျင်ရှိပါတယ်။ Samasung Galaxy A Series နဲ့ J Series ဟာ အာရှနိုင်ငံတွေ ရဲ့ Mid Range နဲ့ Budget ဖုန်းဈေးကွက်ကိုပစ်မှတ်ထားနေတဲ့အတွက် မကြာခင် ပြည်တွင်းမှာဝယ်ယူလို့ရနိုင်မှာပါ။ တစ်ခြား Mid Range, Budget ဖုန်းတွေနဲ့ ယှဉ်ရင်ဈေးအနည်းငယ်ပိုများနေတယ်လို့ထင်ရပေမယ့်လည်း Samsung ရဲ့ ပထမဦးစားပေးအချက်က Build Quality မို့လို့ တစ်ခြား Mid Range, Budget တွေထက် ဈေးပိုကြီးနေရတာပါ။

Ref: XDA News