Zawgyi

Samsung ကေနျပီး M Series ဖုန္းေတြကို စထုတ္ေတာ့မယ္လို႔ သတင္းေတြ ထြက္ေနခဲ့ျပီး ဖြံ႕ျဖိဳးဆဲႏိုင္ငံေတြကို အဓိက ထားျပီး ထုတ္လုပ္သြားမယ္လို႔ သိရပါတယ္။ Galaxy M Series ကို စတင္မိတ္ဆက္တဲ့ အခ်ိန္မွာ တစ္ခါတည္း M Series ဖုန္း သံုးလံုး မိတ္ဆက္ႏိုင္ျပီး နာမည္ေတြကေတာ့ M10, M20 နဲ႔ M30 တို႔ျဖစ္ပါတယ္။ မၾကာေသးခင္ကပဲ Galaxy M30 ရဲ႕ Geekbench ရမွတ္ေတြ အြန္လိုင္းမွာ ထြက္ေပၚလို႔လာပါတယ္။

ေမာ္ဒယ္ နံပါတ္ SM-M305F လို႔နာမည္ေပးထားတဲ့ Samsung ရဲ႕ ဖုန္းတစ္လံုးဟာ Geekbench မွာ ေပၚထြက္လာခဲ့တာျဖစ္ျပီး Galaxy M30 ဆိုတာ အေသအခ်ာပါပဲ။ Geekbench အခ်က္အလက္ေတြအရ Galaxy M30 မွာ Exynos 7885 ပရိုဆက္ဆာကို အသံုးျပဳထားျပီး RAM ပမာဏ အေနနဲ႔ 4GB ပါဝင္ပါတယ္။ Operating System အေနနဲ႔ကေတာ့ Android Oreo ကို အသံုးျပဳထားပါတယ္။ Geekbench ရမွတ္ကေတာ့ Single Core ရမွတ္ 1327 မွတ္ ရရွိျပီး Multi Core ရမွတ္ကေတာ့ 4197 မွတ္ ရရွိထားပါတယ္။

Galaxy M30 ကို RAM 4GB/ Internal 64GB နဲ႔ RAM 6GB/ Internal 128GB ဆိုျပီး ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္မယ္လို႔ သတင္းေတြထြက္ေနပါတယ္။ M10 နဲ႔ M20 ကို ၂၀၁၉ ဇန္နဝါရီ လ မွာ စတင္မိတ္ဆက္ႏိုင္ျပီး M30 ကိုေတာ့ အနည္းငယ္ ေနာက္က်မွ မိတ္ဆက္ႏိုင္ပါတယ္။ ဖုန္းသံုးလံုးစလံုးမွာ Samsung ရဲ႕ Infinity-U လို႔ေခၚတဲ့ “U” ပံုစံ Notch ပါဝင္မွာျဖစ္ပါတယ္။ အေရာင္ေတြကေတာ့ မီးခိုးေရာင္နဲ႔ အျပာေရာင္ဆိုျပီး အေရာင္ႏွစ္မ်ိဳးနဲ႔ လာမွာပါ။

Ref: Gizmo China

Unicode

Samsung ကနေပြီး M Series ဖုန်းတွေကို စထုတ်တော့မယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အဓိက ထားပြီး ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ Galaxy M Series ကို စတင်မိတ်ဆက်တဲ့ အချိန်မှာ တစ်ခါတည်း M Series ဖုန်း သုံးလုံး မိတ်ဆက်နိုင်ပြီး နာမည်တွေကတော့ M10, M20 နဲ့ M30 တို့ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Galaxy M30 ရဲ့ Geekbench ရမှတ်တွေ အွန်လိုင်းမှာ ထွက်ပေါ်လို့လာပါတယ်။

မော်ဒယ် နံပါတ် SM-M305F လို့နာမည်ပေးထားတဲ့ Samsung ရဲ့ ဖုန်းတစ်လုံးဟာ Geekbench မှာ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး Galaxy M30 ဆိုတာ အသေအချာပါပဲ။ Geekbench အချက်အလက်တွေအရ Galaxy M30 မှာ Exynos 7885 ပရိုဆက်ဆာကို အသုံးပြုထားပြီး RAM ပမာဏ အနေနဲ့ 4GB ပါဝင်ပါတယ်။ Operating System အနေနဲ့ကတော့ Android Oreo ကို အသုံးပြုထားပါတယ်။ Geekbench ရမှတ်ကတော့ Single Core ရမှတ် 1327 မှတ် ရရှိပြီး Multi Core ရမှတ်ကတော့ 4197 မှတ် ရရှိထားပါတယ်။

Galaxy M30 ကို RAM 4GB/ Internal 64GB နဲ့ RAM 6GB/ Internal 128GB ဆိုပြီး မော်ဒယ် နှစ်မျိုးထုတ်မယ်လို့ သတင်းတွေထွက်နေပါတယ်။ M10 နဲ့ M20 ကို ၂၀၁၉ ဇန်နဝါရီ လ မှာ စတင်မိတ်ဆက်နိုင်ပြီး M30 ကိုတော့ အနည်းငယ် နောက်ကျမှ မိတ်ဆက်နိုင်ပါတယ်။ ဖုန်းသုံးလုံးစလုံးမှာ Samsung ရဲ့ Infinity-U လို့ခေါ်တဲ့ “U” ပုံစံ Notch ပါဝင်မှာဖြစ်ပါတယ်။ အရောင်တွေကတော့ မီးခိုးရောင်နဲ့ အပြာရောင်ဆိုပြီး အရောင်နှစ်မျိုးနဲ့ လာမှာပါ။

Ref: Gizmo China