[Zawgyi]

Galaxy Note 9 ပိုင္ရွင္မ်ားအတြက္ သတင္းေကာင္းပါ။ Galaxy Note 9 အတြက္ Stable Android 9 Pie Update ကို လြန္ခဲ့တဲ့ ၂ရက္က ထုတ္ေပးလိုက္ၿပီလို႔ သိရပါတယ္။ စိတ္မေကာင္းစရာက အဆိုပါ Update ဟာ ေလာေလာဆယ္ ဂ်ာမနီႏိုင္ငံမွာပဲ ရရွိေသးတာျဖစ္ၿပီး တျခားဘယ္ႏိုင္ငံေတြမွာ ရရွိေနလဲဆိုတာ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုလည္း မၾကာခင္ေရာက္ရွိလာႏိုင္ပါတယ္။

Android 9 Pie Beta ေနာက္ဆုံးဗားရွင္းကို စမ္းသပ္အသုံးျပဳေနသူမ်ားအေနနဲ႔ ယခုထြက္ရွိလာတဲ့ Stable ဗားရွင္းကို Update ျပဳလုပ္ဖို႔အတြက္ 95MB သာလိုအပ္တယ္လို႔ သိရပါတယ္။ Android 8 Oreo ကို အသုံးျပဳေနသူေတြကေတာ့ 1GB ဝန္းက်င္ Download ျပဳလုပ္ရန္လိုအပ္ပါတယ္။

Galaxy S9 အတြက္ Stable Android 9 Pie Update ကိုလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းက ထုတ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ႏိုင္ငံတခ်ိဴ႕မွာသာ ရရွိေသးတာ ျဖစ္ၿပီး ကမာၻအႏွံ႔အျပားကို ျဖန္႔ခ်ီထုတ္လႊတ္ျခင္း မရွိေသးပါဘူး။ Samsung ဟာ Galaxy S9 နဲ႔ Galaxy Note 9 တို႔အတြက္ Android 9 Pie Update ကို ဇန္နဝါရီလထဲမွာ ထုတ္လႊတ္ေပးမယ္လို႔ ေျပာၾကားခဲ့ဖူးပါတယ္။ ဒါ့ေၾကာင့္ ကမာၻအႏွံ႔အျပားက Galaxy S9 နဲ႔ Galaxy Note 9 ပိုင္ရွင္မ်ားအေနနဲ႔ Android 9 Pie Update ကို ရရွိဖို႔အတြက္ ရက္ပိုင္းေလာက္ပဲ ေစာင့္ဖို႔ လိုအပ္မွာပါ။

Ref : Sammobile

[Unicode]

Galaxy Note 9 အတွက် Stable Android 9 Pie Update ထွက်ပြီ

Galaxy Note 9 ပိုင်ရှင်များအတွက် သတင်းကောင်းပါ။ Galaxy Note 9 အတွက် Stable Android 9 Pie Update ကို လွန်ခဲ့တဲ့ ၂ရက်က ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ စိတ်မကောင်းစရာက အဆိုပါ Update ဟာ လောလောဆယ် ဂျာမနီနိုင်ငံမှာပဲ ရရှိသေးတာဖြစ်ပြီး တခြားဘယ်နိုင်ငံတွေမှာ ရရှိနေလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း မကြာခင်ရောက်ရှိလာနိုင်ပါတယ်။

Android 9 Pie Beta နောက်ဆုံးဗားရှင်းကို စမ်းသပ်အသုံးပြုနေသူများအနေနဲ့ ယခုထွက်ရှိလာတဲ့ Stable ဗားရှင်းကို Update ပြုလုပ်ဖို့အတွက် 95MB သာလိုအပ်တယ်လို့ သိရပါတယ်။ Android 8 Oreo ကို အသုံးပြုနေသူတွေကတော့ 1GB ဝန်းကျင် Download ပြုလုပ်ရန်လိုအပ်ပါတယ်။

Galaxy S9 အတွက် Stable Android 9 Pie Update ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတချိူ့မှာသာ ရရှိသေးတာ ဖြစ်ပြီး ကမ္ဘာအနှံ့အပြားကို ဖြန့်ချီထုတ်လွှတ်ခြင်း မရှိသေးပါဘူး။ Samsung ဟာ Galaxy S9 နဲ့ Galaxy Note 9 တို့အတွက် Android 9 Pie Update ကို ဇန်နဝါရီလထဲမှာ ထုတ်လွှတ်ပေးမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ကမ္ဘာအနှံ့အပြားက Galaxy S9 နဲ့ Galaxy Note 9 ပိုင်ရှင်များအနေနဲ့ Android 9 Pie Update ကို ရရှိဖို့အတွက် ရက်ပိုင်းလောက်ပဲ စောင့်ဖို့ လိုအပ်မှာပါ။

Ref : Sammobile