သြဂုတ်လ ၉  ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ၌ မိတ်ဆက်ပြသခဲ့သော Galaxy Note 9 အား မြန်မာနိုင်ငံတွင် Samsung ချစ်သူများအနေဖြင့် သြဂုတ်လ ၁၀ ရက်နေ့မှ သြဂုတ်လ၂၂ရက်နေ့၊ ၂၀၁၈ အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူသွားနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူလိုသူများအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အနီးစပ်ဆုံး Samsung Brand Shop များနှင့် လက်လီအရောင်းကိုယ်စားလှယ်ဆိုင်ကြီးများတွင် စရန်ငွေ ၅၀,၀၀၀ ကျပ်ပေးသွင်း၍ ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများအနေဖြင့် သြဂုတ်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်အတွင်း ကြိုတင်မှာယူခဲ့သည့် ဆိုင်တွင် သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများအတွက် အထူးအခွင့်အရေးအနေဖြင့် Galaxy Note 9 (128 GB Version)  ဝယ်ယူသူတိုင်းအတွက် ၇ သောင်းကျပ် တန်ဖိုးရှိ Samsung Original Wireless Charger Stand ကိုလည်းကောင်း၊ Galaxy Note 9 (512 GB Version) ဝယ်ယူသူတိုင်းအတွက် ကျပ် ၁သိန်း၁သောင်းခန့် တန်ဖိုးရှိ Samsung Original Wireless Charger Duo (ဖုန်းနှစ်လုံးအား တစ်ပြိုင်နက်အားသွင်းနိုင်သည်။) ကိုလည်းကောင်း ရရှိမည်ဖြစ်သည်။

 

ထို့ပြင် Samsung Myanmar မှ ကြိုတင်မှာယူသူ Samsung ချစ်သူများအား ကျေးဇူးတုံ့ပြန်သည့် အထူးအစီအစဉ်အနေဖြင့် Galaxy Note 9 ကြိုတင်မှာယူအားပေးသူများအတွက် လက်ဆောင်ပစ္စည်းအပြင် ထပ်မံကံစမ်းနိုင်သည့် ဆုကြီးများစွာ ပါဝင်သော အထူး ကံစမ်းမဲအစီအစဉ်အား ထည့်သွင်းထားသည်။ ထပ်မံကံထူးနိုင်သည့် ဆုလက်ဆောင်ပစ္စည်းများမှာ Grand Prize အဖြစ် Star City Thanlyin မှ အိပ်ခန်းနှစ်ခန်းပါဝင်သော Apartment တစ်ခန်း၊ First Prize အဖြစ် 2017 မော်ဒယ် Mitsubishi Mirage ကားသစ်တစ်စီး၊ ဒုတိယဆုအဖြစ် Samsung 48” TV အလုံး ၃၀ နှင့် တတိယဆုအနေဖြင့် ရေစိုခံ Clip 2 Speaker အလုံး ၄၀၀ အစရှိသည့် ဆုမဲပေါင်း ၄၃၂ ဆုပါဝင်သည်။

Galaxy Note 9 နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များသိရှိလိုပါက  http://www.samsungmobilepress.com, news.samsung.com/galaxy သို့မဟုတ် www.samsung.com/galaxy သို့ဝင်ရောက်၍ လေ့လာကြည့်ရှုနိုင်သည်။