Zawgyi

ေမာ္ဒယ္ ၂မ်ိဴးစလုံးဟာ ကုမၸဏီအသီးသီးရဲ႕ ၂၀၁၈ခုႏွစ္ ေနာက္ဆုံးထြက္ Flagship စမတ္ဖုန္းမ်ား ျဖစ္ၾကသလို ေစ်းႏႈန္းအားျဖင့္လည္း တူညီေနၾကတဲ့ အေနအထားမွာ ရွိပါတယ္။

Display

Samsung Galaxy Note 9 နဲ႔ Huawei Mate 20 Pro တို႔ဟာ AMOLED Display ေတြကို အသုံးျပဳထားတဲ့ စမတ္ဖုန္းမ်ား ျဖစ္ၾကပါတယ္။ Galaxy Note 9 မွာ Resolution 1440 x 2960 pixels ရွိတဲ့ ၆.၄လက္မ အ႐ြယ္အစား Display ကို အသုံးျပဳထားၿပီး Mate 20 Pro မွာေတာ့ Resolution 1440 x 3120 pixels (2K+) ရွိတဲ့ ၆.၃၉လက္မ အ႐ြယ္အစား Display ကို အသုံးျပဳထားပါတယ္။ ဒါ့ေၾကာင့္ ေမာ္ဒယ္ ၂မ်ိဴးစလုံးဟာ Display Size အရမ္းႀကီး ကြာျခားသြားမွာ မဟုတ္ဘဲ Display Resolution မွာေတာ့ Mate 20 Pro ရဲ႕ အရည္အေသြးက အနည္းငယ္ ပိုေကာင္းေနတာကို ေတြ႕ရမွာပါ။ (Mate 20 Pro မွာ Notch ပါဝင္ၿပီး Galaxy Note 9 မွာေတာ့ Notch ပါဝင္မွာ မဟုတ္ပါဘူး)

Processor

Mate 20 Pro မွာ 7nm Architecture နဲ႔တည္ေဆာက္ထားတဲ့ Kirin 980 SoC ကို အသုံးျပဳထားၿပီး Galaxy Note 9 မွာေတာ့ Exynos 9810 (10nm) နဲ႔ Snapdragon 845 (10nm) ေတြကို အသုံးျပဳထားပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကို ဝင္ေရာက္လာတဲ့ Galaxy Note 9 ေတြကေတာ့ Exynos 9810 SoC ကို အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြပါ။

Processor အပိုင္းကို ႏႈိင္းယွဥ္ၿပီး ေျပာရမယ္ဆိုရင္ Kirin 980 SoC က 7nm ျဖစ္တာေၾကာင့္ Power Consumption ကို 10nm SoC ေတြထက္ သိသိသာသာ ေလ်ာ့ခ်ေပးႏိုင္မွာ ျဖစ္ပါတယ္။ အလားတူ Performance အပိုင္းမွာလည္း 10nm SoC ေတြထက္ အမ်ားႀကီး တိုးတက္ေျပာင္းလဲၿပီး၊ AnTuTu Benchmark မွာဆိုရင္ Performance အေကာင္းဆုံး Android စမတ္ဖုန္းေတြအျဖစ္ Mate 20 Series က ဇယားထိပ္ဆုံးမွာ ရပ္တည္ေနၾကပါတယ္။ ဒါ့ေၾကာင့္ Performance ကို ဦးစားေပးမယ့္ သူေတြအတြက္ Mate 20 Pro ကိုပဲ အမွန္ျခစ္ေပးပါရေစ။

Camera

Galaxy Note 9 ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 12MP (Wide) + 12MP (Telephoto) Camera ေတြကို တြဲလ်က္ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP (Wide) Camera ကို တပ္ဆင္ထားပါတယ္။ Mate 20 Pro မွာေတာ့ 40MP (Wide) + 20MP (Ultrawide) + 8MP (Telephoto) Camera ေတြကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 24MP (Wide) Camera ကို တပ္ဆင္ထားပါတယ္။

Mate 20 Pro ရဲ႕ Main Camera က 40MP အထိပါတဲ့အတြက္ ႐ုပ္ထြက္အရည္အေသြးေတြက Galaxy Note 9 ထက္ပိုၿပီး ၾကည္လင္ေတာက္ပ ျပတ္သားေနမွာပါ။ ဒါ့အျပင္ အပိုထပ္ေဆာင္းအေနနဲ႔ Ultrawide Lens ပါ ပါတဲ့အတြက္ ျမင္ကြင္းက်ယ္ ဓာတ္ပုံေတြကိုလည္း ႐ိုက္ကူးႏိုင္ပါေသးတယ္။ Telephoto Lens အတြက္ 8MP သာ အသုံးျပဳထားေပမယ့္ Optical Zoom က 5X ပါ။ Galaxy Note 9 မွာေတာ့ 12MP Telephoto Lens ကို အသုံးျပဳထားေပမယ့္ 2X Optical Zoom သာ ရွိပါတယ္။ အလားတူ Front Facing Camera မွာလည္း Mate 20 Pro ရဲ႕ Camera က Galaxy Note 9 ရဲ႕ Camera ထက္ Megapixels ပမာဏ ၃ဆ တိတိ ပိုမ်ားပါတယ္။ Specification ေတြအရဆိုရင္ေတာ့ Huawei Mate 20 Pro ဘက္က လက္မေထာင္ရပါလိမ့္မယ္။

Security

Galaxy Note 9 မွာ Iris Scanner, Face Unlock နဲ႔ Fingerprint Sensor ေတြ ပါဝင္ပါတယ္။ Mate 20 Pro မွာေတာ့ Face Unlock စနစ္ထက္ ပိုမိုလုံၿခဳံစိတ္ခ်ရတဲ့ Face ID နဲ႔ ေနာက္ဆုံးေပၚ In-display Fingerprint နည္းပညာေတြ ပါဝင္မွာပါ။ Mate 20 Pro ရဲ႕ In-display Fingerprint Sensor က Galaxy Note 9 ရဲ႕ ႐ိုး႐ိုး Fingerprint Sensor ေလာက္ မျမန္ပါဘူး။ ဒါေပမယ့္ သုံးရတဲ့ အရသာကေတာ့ In-display Fingerprint Sensor က ပိုၿပီး အဆင္ေျပပါတယ္။

Battery

Galaxy Note 9 မွာ 4000mAh ဘက္ထရီကို ထည့္သြင္းေပးထားၿပီး Qualcomm ရဲ႕ Quick Charge 2.0 အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားပါတယ္။ Mate 20 Pro မွာေတာ့ 4200mAh ဘက္ထရီကို ထည့္သြင္းေပးထားၿပီး 40W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားမွာပါ။ (Mate 20 Pro ရဲ႕ အျမန္အားသြင္းစနစ္က မိနစ္ ၃၀ အတြင္းမွာ 70% အထိေရာက္ေအာင္ အားသြင္းႏိုင္တယ္လို႔ သိရပါတယ္)

Galaxy Note 9 မွာ သာမန္ Qi Wireless Charging ကိုသာ အသုံးျပဳႏိုင္ေပမယ့္ Mate 20 Pro မွာေတာ့ 15W Qi Wireless Fast Charging ကို အသုံးျပဳႏိုင္မွာပါ။ ဒါ့အျပင္ ကြၽန္ေတာ္ အႀကိဳက္ဆုံး Feature လို႔ ေျပာလို႔ရတဲ့ Reverse Wireless Charging နည္းပညာလည္း ပါဝင္ပါေသးတယ္။

Galaxy Note 9 က Mate 20 Pro ထက္ တပန္းသာသြားတဲ့ အခ်က္ကေတာ့ S Pen ပါ။ Galaxy Note 9 မွာ ပါတဲ့ S Pen က အရင္မ်ိဴးဆက္ Note စီးရီးေတြမွာ ပါတဲ့ S Pen ထက္ အမ်ားႀကီးေျပာင္းလဲသြားပါတယ္။ Bluetooth S Pen ျဖစ္သြားသလို အက်ိဴးရွိရွိနဲ႔ ထိထိေရာက္ေရာက္ အသုံးခ်ႏိုင္မယ့္ Features ေတြလည္း ပါဝင္လာတာေၾကာင့္ ဒီတေခါက္ေတာ့ Samsung Galaxy Note 9 ကို ေ႐ြးခ်ယ္ပါရေစ။

Specs ref : gsmarena

Unicode

Galaxy Note 9 နဲ့ Mate 20 Pro တို့ရဲ့ Specification များအား နှိုင်းယှဥ်ကြည့်ခြင်း

မော်ဒယ် ၂မျိူးစလုံးဟာ ကုမ္ပဏီအသီးသီးရဲ့ ၂၀၁၈ခုနှစ် နောက်ဆုံးထွက် Flagship စမတ်ဖုန်းများ ဖြစ်ကြသလို စျေးနှုန်းအားဖြင့်လည်း တူညီနေကြတဲ့ အနေအထားမှာ ရှိပါတယ်။

Display

Samsung Galaxy Note 9 နဲ့ Huawei Mate 20 Pro တို့ဟာ AMOLED Display တွေကို အသုံးပြုထားတဲ့ စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ Galaxy Note 9 မှာ Resolution 1440 x 2960 pixels ရှိတဲ့ ၆.၄လက်မ အရွယ်အစား Display ကို အသုံးပြုထားပြီး Mate 20 Pro မှာတော့ Resolution 1440 x 3120 pixels (2K+) ရှိတဲ့ ၆.၃၉လက်မ အရွယ်အစား Display ကို အသုံးပြုထားပါတယ်။ ဒါ့ကြောင့် မော်ဒယ် ၂မျိူးစလုံးဟာ Display Size အရမ်းကြီး ကွာခြားသွားမှာ မဟုတ်ဘဲ Display Resolution မှာတော့ Mate 20 Pro ရဲ့ အရည်အသွေးက အနည်းငယ် ပိုကောင်းနေတာကို တွေ့ရမှာပါ။ ( Mate 20 Pro မှာ Notch ပါဝင်ပြီး Galaxy Note 9 မှာတော့ Notch ပါဝင်မှာ မဟုတ်ပါဘူး)

Processor

Mate 20 Pro မှာ 7nm Architecture နဲ့တည်ဆောက်ထားတဲ့ Kirin 980 SoC ကို အသုံးပြုထားပြီး Galaxy Note 9 မှာတော့ Exynos 9810 (10nm) နဲ့ Snapdragon 845 (10nm) တွေကို အသုံးပြုထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ Galaxy Note 9 တွေကတော့ Exynos 9810 SoC ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေပါ။

Processor အပိုင်းကို နှိုင်းယှဥ်ပြီး ပြောရမယ်ဆိုရင် Kirin 980 SoC က 7nm ဖြစ်တာကြောင့် Power Consumption ကို 10nm SoC တွေထက် သိသိသာသာ လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အလားတူ Performance အပိုင်းမှာလည်း 10nm SoC တွေထက် အများကြီး တိုးတက်ပြောင်းလဲပြီး၊ AnTuTu Benchmark မှာဆိုရင် Performance အကောင်းဆုံး Android စမတ်ဖုန်းတွေအဖြစ် Mate 20 Series က ဇယားထိပ်ဆုံးမှာ ရပ်တည်နေကြပါတယ်။ ဒါ့ကြောင့် Performance ကို ဦးစားပေးမယ့် သူတွေအတွက် Mate 20 Pro ကိုပဲ အမှန်ခြစ်ပေးပါရစေ။

Camera

Galaxy Note 9 ရဲ့ နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 12MP (Wide) + 12MP (Telephoto) Camera တွေကို တွဲလျက် တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP (Wide) Camera ကို တပ်ဆင်ထားပါတယ်။ Mate 20 Pro မှာတော့ 40MP (Wide) + 20MP (Ultrawide) + 8MP (Telephoto) Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 24MP (Wide) Camera ကို တပ်ဆင်ထားပါတယ်။

Mate 20 Pro ရဲ့ Main Camera က 40MP အထိပါတဲ့အတွက် ရုပ်ထွက်အရည်အသွေးတွေက Galaxy Note 9 ထက်ပိုပြီး ကြည်လင်တောက်ပ ပြတ်သားနေမှာပါ။ ဒါ့အပြင် အပိုထပ်ဆောင်းအနေနဲ့ Ultrawide Lens ပါ ပါတဲ့အတွက် မြင်ကွင်းကျယ် ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။ Telephoto Lens အတွက် 8MP သာ အသုံးပြုထားပေမယ့် Optical Zoom က 5X ပါ။ Galaxy Note 9 မှာတော့ 12MP Telephoto Lens ကို အသုံးပြုထားပေမယ့် 2X Optical Zoom သာ ရှိပါတယ်။ အလားတူ Front Facing Camera မှာလည်း Mate 20 Pro ရဲ့ Camera က Galaxy Note 9 ရဲ့ Camera ထက် Megapixels ပမာဏ ၃ဆ တိတိ ပိုများပါတယ်။ Specification တွေအရဆိုရင်တော့ Huawei Mate 20 Pro ဘက်က လက်မထောင်ရပါလိမ့်မယ်။

Security

Galaxy Note 9 မှာ Iris Scanner, Face Unlock နဲ့ Fingerprint Sensor တွေ ပါဝင်ပါတယ်။ Mate 20 Pro မှာတော့ Face Unlock စနစ်ထက် ပိုမိုလုံခြုံစိတ်ချရတဲ့ Face ID နဲ့ နောက်ဆုံးပေါ် In-display Fingerprint နည်းပညာတွေ ပါဝင်မှာပါ။ Mate 20 Pro ရဲ့ In-display Fingerprint Sensor က Galaxy Note 9 ရဲ့ ရိုးရိုး Fingerprint Sensor လောက် မမြန်ပါဘူး။ ဒါပေမယ့် သုံးရတဲ့ အရသာကတော့ In-display Fingerprint Sensor က ပိုပြီး အဆင်ပြေပါတယ်။

Battery

Galaxy Note 9 မှာ 4000mAh ဘက်ထရီကို ထည့်သွင်းပေးထားပြီး Qualcomm ရဲ့ Quick Charge 2.0 အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ Mate 20 Pro မှာတော့ 4200mAh ဘက်ထရီကို ထည့်သွင်းပေးထားပြီး 40W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားမှာပါ။ (Mate 20 Pro ရဲ့ အမြန်အားသွင်းစနစ်က မိနစ် ၃၀ အတွင်းမှာ 70% အထိရောက်အောင် အားသွင်းနိုင်တယ်လို့ သိရပါတယ်)

Galaxy Note 9 မှာ သာမန် Qi Wireless Charging ကိုသာ အသုံးပြုနိုင်ပေမယ့် Mate 20 Pro မှာတော့ 15W Qi Wireless Fast Charging ကို အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ကျွန်တော် အကြိုက်ဆုံး Feature လို့ ပြောလို့ရတဲ့ Reverse Wireless Charging နည်းပညာလည်း ပါဝင်ပါသေးတယ်။

Galaxy Note 9 က Mate 20 Pro ထက် တပန်းသာသွားတဲ့ အချက်ကတော့ S Pen ပါ။ Galaxy Note 9 မှာ ပါတဲ့ S Pen က အရင်မျိူးဆက် Note စီးရီးတွေမှာ ပါတဲ့ S Pen ထက် အများကြီးပြောင်းလဲသွားပါတယ်။ Bluetooth S Pen ဖြစ်သွားသလို အကျိူးရှိရှိနဲ့ ထိထိရောက်ရောက် အသုံးချနိုင်မယ့် Features တွေလည်း ပါဝင်လာတာကြောင့် ဒီတခေါက်တော့ Samsung Galaxy Note 9 ကို ရွေးချယ်ပါရစေ။

Specs ref: gsmarena