Zawgyi




Ref: XDA

Unicode

Samsung ရဲ့ Galaxy Note FE ဟာ ၂၀၁၆ က Samsung Note 7 တွေ ဘက်ထရီ ပေါက်ကွဲမှုဖြစ်အပြီး ထွက်ပေါ်လာခဲ့တဲ့ Flagship အဆင့်ဖုန်းတစ်လုံးဖြစ်ပါတယ်။ အမှန်တော့ Note FE ဟာ Galaxy Note 7 ပဲဖြစ်ပြီး ဘက်ထရီ ပြဿနာ ကိုဖြေရှင်းပြီး နာမည်အသစ်နဲ့ ပြန်လည်ထုတ်လုပ်ပေးလိုက်တာဖြစ်ပါတယ်။ Note 7 တွေရဲ့ ဘက်ထရီ ပေါက်ကွဲရခြင်းအကြောင်းရင်းကတော့ ဘက်ထရီထည့်တဲ့ အံထက် ဘက်ထရီ ပမာဏက ပိုကြီးနေတာကြောင့်ဖြစ်ပြီး ဘက်ထရီကို ဖိနှိပ်ထားသလိုဖြစ်နေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ဖြေရှင်းချက်အနေနဲ့ အရွယ်အစား သေးငယ်တဲ့ ဘက်ထရီတွေကို တပ်ဆင်ပြီး Galaxy Note Fan Edition လို့ခေါ်တဲ့ အဆိုပါဖုန်းကို ထုတ်ပေးလိုက်တာပါ။ Galaxy Note FE ဟာဆိုရင် စထွက်လာခါစက Android 6.0 နဲ့ထွက်ရှိလာတာဖြစ်ပြီး Android 7.0 Nougat နဲ့ Android 8.0 Oreo ထိ Update ရထားပြီးပါပြီ။ Android Pie Update ရရှိမယ်လို့ တရားသေပြောလို့တော့မရသေးပဲ Wi-Fi Certification အချက်အလက်တွေပေါ်ပေါက်နေတဲ့အတွက် Android Pie Update ရဖို့ ဖြစ်နိုင်ချေရှိတယ်လို့တော့ ပြောလို့ရပါတယ်။

Galaxy Note FE မှာ Update ရမယ့် အဆိုပါ Android Pie Update ဟာ Samsung က မကြာသေးခင်ကမှာ မိတ်ဆက်ထားတဲ့ One UI ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်ရရှိမယ်ဆိုတာတော့ အသေအချာမပြောနိုင်သေးပါဘူး။ XDA Site အရ Note FE အတွက် Android Pie ရပေမယ့် Galaxy S7 နဲ့ S7 Edge တို့အတွက်တော့ Update မရတော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း Android Developer တွေအကူအညီနဲ့ Galaxy Note FE ရဲ့ Android Pie Software ကို S7 နဲ့ S7 Edge အတွက် အသုံးပြုလို့ရအောင် လုပ်ပေးနိုင်ပါတယ်။

Android Pie ဟာ Android သမိုင်းမှာ ပြောင်းလဲမှု အများဆုံး Android Update တစ်ခုဖြစ်ပြီး အသွင်းအပြင် အပြင် Adaptive Battery Life လို AI အခြေခံ Feature အသစ်တွေပါလာတာကြောင့် စမတ်ဖုန်းတွေကို စွမ်းဆောင်ရည် ပိုကောင်းလာစေပါတယ်။ Samsung ဖုန်းဆွေ အတွက် Android Pie ထွက်ရှိလာရင်တော့ Android Pie ရဲ့ Original အသွင်အပြင်ကို တွေ့မြင်နိုင်မှာမဟုတ်ပဲ Android Pie ကိုပြုပြင်ချယ်သထားတဲ့ One UI လို့ခေါ်တဲ့ Samsung ရဲ့ကိုယ်ပိုင် Software ပိုပဲ မြင်တွေ့ရမှာပါ။ အခုလောလောဆယ်တော့ One UI Beta ဗားရှင်းကို Galaxy S9 နဲ့ S9+ တို့မှာ စမ်းသပ်အသုံးပြုနိုင်ပါပြီ။

Ref: XDA