[Zawgyi]

Samsung ကေတာ့ သူ႔ရဲ႕ ေနာက္လာမယ့္ Flagship ဖုန္းေတြျဖစ္တဲ့ Galaxy S10 Series ေတြကို လာမယ့္ ၅လေလာက္အတြင္းမွာ မိတ္ဆက္လာေတာ့မွာ ျဖစ္ပါတယ္။ ထြက္ေတာ့မယ့္ရက္ နီးလာေလေလ သတင္းေတြ တစ္စတစ္စေပါက္ၾကားလာေလပါပဲ။

အခုလည္း Galaxy S10 ေတြနဲ႔ပတ္သတ္ျပီး ဖုန္ရဲ႕ ေနာက္ထပ္ အဓိက Specs ေလးတစ္ခ်ိဳ႕ကိုသိလိုက္ရျပန္ပါျပီ။ အေသးစိတ္ကိုေတာ့ Leaker ၾကီး Evan Blass က ေဖာ္ျပထားတာျဖစ္ျပီး Display, Camera နဲ႔ ဖုန္းရဲ႕ UI ေတြအေၾကာင္းေျပာျပထားတာပါ။

Galaxy S10 မွာ Selfie ကင္မရာအတြက္ Display မွာ အေပါက္တစ္ေပါက္ပါျပီး Evan  ကေတာ့ “Waterdrop” လည္းမဟုတ္ “Halo” လည္းမဟုတ္ဘဲ “Punch Hole” စတုိင္လ္လို႔ဆိုထားပါတယ္။ ဒီအတုိင္းဆိုရင္ေတာ့ အရင္အပတ္ Developer Conference ပြဲမွာ မိတ္ဆက္သြားခဲ့တဲ့ Infinity O Display ေတြကုိ လာမယ့္ဖုန္းေတြမွာ ျမင္ေတြ႔ရေတာ့မယ့္ပံုပါပဲ.

အဲဒီအေပါက္ေလးအျပင္ In-Display Fingerprint Scanner လညး္ပါေတာ့မွာဆိုတာကေတာ့ ဝမ္းသာစရာပါပဲ။ ကင္မရာကေတာ့ အခု Galaxy A7 (2018) ေတြလို ေက်ာဘက္ကင္မရာ ၃လံုးကိုမွ Sensor ေတြကေတာ့ ကြဲျပားသြားပါလိမ့္မယ္။ A7 မွာ Wide+Ultrawide+Depth Sensor ဆိုျပီးပါေပမယ့္ S10 ေတြမွာေတာ့ Standard+Wide+Telephoto ဆိုျပီး သံုးထားမွာပါ။ ေျပာရရင္P20 Pro ေတြမွာ သံုးတဲ့ပံုစံမ်ိဳးပါပဲ။

ေနာက္ဆံုးတစ္ခုကေတာ့ ဖုန္းရဲ႕ UI ပါ။ Galaxy S10 မွာေတာ့ Samsung ရဲ႕ Experience UI အစား OneUI အသစ္ကို သံုးလာမယ္လို႔လည္းသတင္းေတြထြက္ေနပါတယ္။ ဒီ UI အသစ္ကေတာ့ Screen အရမ္းၾကီးတဲ့ဖုန္းေတြနဲ႔ ေကြးညႊတ္ႏုိင္တဲ့ဖုန္းေတြအတြက္ အဆင္ေျပတဲ့ UI ေလးျဖစ္လို႔ ေတာ္ေတာ္အသံုးဝင္မယ္လို႔ထင္ရျပီး Android 9 Pie နဲ႔ပြဲထြက္လာမွာပါ။

Samsung အေနနဲ႔ သူ႔ရဲ႕ S10 ေတြကို လာမယ့္ မတ္လမွာ မိတ္ဆက္သြားႏုိင္ဖို႔ ေမွ်ာ္လင့္ထားရပါတယ္။

Source : GizmoChina

[Unicode]

Samsung ကတော့ သူ့ရဲ့ နောက်လာမယ့် Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S10 Series တွေကို လာမယ့် ၅လလောက်အတွင်းမှာ မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။ ထွက်တော့မယ့်ရက် နီးလာလေလေ သတင်းတွေ တစ်စတစ်စပေါက်ကြားလာလေပါပဲ။

အခုလည်း Galaxy S10 တွေနဲ့ပတ်သတ်ပြီး ဖုန်ရဲ့ နောက်ထပ် အဓိက Specs လေးတစ်ချို့ကိုသိလိုက်ရပြန်ပါပြီ။ အသေးစိတ်ကိုတော့ Leaker ကြီး Evan Blass က ဖော်ပြထားတာဖြစ်ပြီး Display, Camera နဲ့ ဖုန်းရဲ့ UI တွေအကြောင်းပြောပြထားတာပါ။

Galaxy S10 မှာ Selfie ကင်မရာအတွက် Display မှာ အပေါက်တစ်ပေါက်ပါပြီး Evan  ကတော့ “Waterdrop” လည်းမဟုတ် “Halo” လည်းမဟုတ်ဘဲ “Punch Hole” စတိုင်လ်လို့ဆိုထားပါတယ်။ ဒီအတိုင်းဆိုရင်တော့ အရင်အပတ် Developer Conference ပွဲမှာ မိတ်ဆက်သွားခဲ့တဲ့ Infinity O Display တွေကို လာမယ့်ဖုန်းတွေမှာ မြင်တွေ့ရတော့မယ့်ပုံပါပဲ.

အဲဒီအပေါက်လေးအပြင် In-Display Fingerprint Scanner လည်းပါတော့မှာဆိုတာကတော့ ဝမ်းသာစရာပါပဲ။ ကင်မရာကတော့ အခု Galaxy A7 (2018) တွေလို ကျောဘက်ကင်မရာ ၃လုံးကိုမှ Sensor တွေကတော့ ကွဲပြားသွားပါလိမ့်မယ်။ A7 မှာ Wide+Ultrawide+Depth Sensor ဆိုပြီးပါပေမယ့် S10 တွေမှာတော့ Standard+Wide+Telephoto ဆိုပြီး သုံးထားမှာပါ။ ပြောရရင်P20 Pro တွေမှာ သုံးတဲ့ပုံစံမျိုးပါပဲ။

နောက်ဆုံးတစ်ခုကတော့ ဖုန်းရဲ့ UI ပါ။ Galaxy S10 မှာတော့ Samsung ရဲ့ Experience UI အစား OneUI အသစ်ကို သုံးလာမယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ ဒီ UI အသစ်ကတော့ Screen အရမ်းကြီးတဲ့ဖုန်းတွေနဲ့ ကွေးညွှတ်နိုင်တဲ့ဖုန်းတွေအတွက် အဆင်ပြေတဲ့ UI လေးဖြစ်လို့ တော်တော်အသုံးဝင်မယ်လို့ထင်ရပြီး Android 9 Pie နဲ့ပွဲထွက်လာမှာပါ။

Samsung အနေနဲ့ သူ့ရဲ့ S10 တွေကို လာမယ့် မတ်လမှာ မိတ်ဆက်သွားနိုင်ဖို့ မျှော်လင့်ထားရပါတယ်။

Source : GizmoChina