လြန္ခဲ့တဲ့ရက္အနည္းငယ္က Android Pie Firmware စာရင္းေၾကာင့္ မၾကာခင္ထြက္လာမယ့္ Samsung ရဲ႕ Flagship အသစ္ Galaxy S10 ဖုန္းမွာ ဗားရွင္းတစ္မ်ဳိးထက္ ပိုျပီးထြက္လာမယ္ ဆုိတာ ေပၚသြားခဲ့ပါတယ္။ ဒါေပမယ့္ Android Pie ကိုရယူဖို႔ စာရင္းတင္ခဲ့တဲ့ ေမာ္ဒယ္က ေလးမ်ဳိးျပခဲ့ျပီး ယေန႔မွာ ထြက္ေပၚလာခဲ့တဲ့ ဟန္းဆက္ေမာ္ဒယ္နံပါတ္ အသစ္ေတြကေတာ့ သုံးခုသာရွိတဲ့အတြက္ Galaxy S10 ဟာ ဗားရွင္းသုံးမ်ဳိးနဲ႔ ထြက္လာမယ္လို႔ ယူဆရပါတယ္။

ႏုိင္ငံတကာမွာ ျဖန္႔ခ်ိမယ့္ ေမာ္ဒယ္ေတြကေတာ့ SM-G970F, SM-G973F နဲ႔ SM-G975F တုိ႔ ျဖစ္ပါတယ္။ G970 ဟန္းဆက္မွာ 5.8” လက္မ Flat Display ပါဝင္တာကို ေတြ႕ရွိခဲ့ၾကျပီး G973 မွာ 5.8” လက္မ အရြယ္ Edge Display စနစ္သုံးစြဲလာမွာပါ။ G975 ကေတာ့ ပုိၾကီးတဲ့ 6.44” Curved Panel ကိုအသုံးျပဳလာမွာ ျဖစ္တယ္။

စိတ္ဝင္စားစရာေကာင္းတာက Flat Display နဲ႔ ဆမ္ေဆာင္း Flagship ဖုန္းဟာ မ်ဳိးဆက္ႏွစ္ခုျခားျပီးမွ ျပန္ထြက္လာမွာကိုပါပဲ (Galaxy S7 ဟာ Flat Panel သုံးခဲ့တဲ့ ေနာက္ဆုံးမ်ဳိးဆက္ပါ)။ ဒါ့အျပင္ S10+ လို႔ ယူဆရတဲ့ G975 ကလည္း Note 9 ထက္ေတာင္ ပိုၾကီးေသးတဲ့ Screen နဲ႔လာမွာပါ။

ဒီဟန္းဆက္အသစ္ေတြအားလုံးဟာ လာမယ့္ႏွစ္မွာ Android Pie နဲ႔ တစ္ပါတည္း ထြက္လာမွာ ျဖစ္ပါတယ္။ အေစာပိုင္း Leak သတင္းေတြမွာ 5G အသုံးျပဳႏိုင္မယ့္ ဟန္းဆက္တစ္ခုလည္း ပါဝင္ခဲ့ျပီး 5G နက္ဝပ္ အသုံးျပဳႏုိင္မယ့္ စမတ္ဖုန္းတစ္ခု စမ္းသပ္ေနတာ ျဖစ္ႏုိင္ပါတယ္။ 5G Enable စမတ္ဖုန္းအသစ္ဟာ ဒီဟန္းဆက္ သုံးခုထဲမွာ ပါဝင္ေနဖို႔ အခြင့္အေရးလည္း မ်ားေနပါတယ္။ ဒါေပမယ့္ တကယ္လို႔ ပါခဲ့ရင္ေတာင္ 5G နက္ဝပ္ဟာ ႏုိင္ငံတုိင္း သုံးႏုိင္ဦးမွာ မဟုတ္လို႔ တစ္ခ်ဳိ႕ႏုိင္ငံေတြမွာပဲ Exclusive အေနနဲ႔ ေရာင္းခ်သြားႏုိင္တယ္။

5.8” လက္မ ေမာ္ဒယ္ႏွစ္ခုထဲက တစ္ခုမွာ ေက်ာဘက္ကင္မရာ တစ္ခုပဲပါဝင္ျပီး ေနာက္တစ္ခုမွာေတာ့ Dual ကင္မရာ ထည့္သြင္းထားပါတယ္။ S10+ ကေတာ့ ေက်ာဘက္မွာ ကင္မရာသုံးလုံးနဲ႔ ေရွ႕ဘက္ ဆယ္ဖီက Dual ျဖစ္ႏုိင္တာေၾကာင့္ LG ရဲ႕ မၾကာခင္ထြက္လာမယ့္ V40 ThinQ လိုမ်ဳိး ကင္မရာငါးလုံးနဲ႔ ဖုန္း ျဖစ္ႏုိင္ပါတယ္။

Ref – GSM Arena

Unicode

လွန်ခဲ့တဲ့ရက်အနည်းငယ်က Android Pie Firmware စာရင်းကြောင့် မကြာခင်ထွက်လာမယ့် Samsung ရဲ့ Flagship အသစ် Galaxy S10 ဖုန်းမှာ ဗားရှင်းတစ်မျိုးထက် ပိုပြီးထွက်လာမယ် ဆိုတာ ပေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် Android Pie ကိုရယူဖို့ စာရင်းတင်ခဲ့တဲ့ မော်ဒယ်က လေးမျိုးပြခဲ့ပြီး ယနေ့မှာ ထွက်ပေါ်လာခဲ့တဲ့ ဟန်းဆက်မော်ဒယ်နံပါတ် အသစ်တွေကတော့ သုံးခုသာရှိတဲ့အတွက် Galaxy S10 ဟာ ဗားရှင်းသုံးမျိုးနဲ့ ထွက်လာမယ်လို့ ယူဆရပါတယ်။

နိုင်ငံတကာမှာ ဖြန့်ချိမယ့် မော်ဒယ်တွေကတော့ SM-G970F, SM-G973F နဲ့ SM-G975F တို့ ဖြစ်ပါတယ်။ G970 ဟန်းဆက်မှာ 5.8” လက်မ Flat Display ပါဝင်တာကို တွေ့ရှိခဲ့ကြပြီး G973 မှာ 5.8” လက်မ အရွယ် Edge Display စနစ်သုံးစွဲလာမှာပါ။ G975 ကတော့ ပိုကြီးတဲ့ 6.44” Curved Panel ကိုအသုံးပြုလာမှာ ဖြစ်တယ်။

စိတ်ဝင်စားစရာကောင်းတာက Flat Display နဲ့ ဆမ်ဆောင်း Flagship ဖုန်းဟာ မျိုးဆက်နှစ်ခုခြားပြီးမှ ပြန်ထွက်လာမှာကိုပါပဲ (Galaxy S7 ဟာ Flat Panel သုံးခဲ့တဲ့ နောက်ဆုံးမျိုးဆက်ပါ)။ ဒါ့အပြင် S10+ လို့ ယူဆရတဲ့ G975 ကလည်း Note 9 ထက်တောင် ပိုကြီးသေးတဲ့ Screen နဲ့လာမှာပါ။

ဒီဟန်းဆက်အသစ်တွေအားလုံးဟာ လာမယ့်နှစ်မှာ Android Pie နဲ့ တစ်ပါတည်း ထွက်လာမှာ ဖြစ်ပါတယ်။ အစောပိုင်း Leak သတင်းတွေမှာ 5G အသုံးပြုနိုင်မယ့် ဟန်းဆက်တစ်ခုလည်း ပါဝင်ခဲ့ပြီး 5G နက်ဝပ် အသုံးပြုနိုင်မယ့် စမတ်ဖုန်းတစ်ခု စမ်းသပ်နေတာ ဖြစ်နိုင်ပါတယ်။ 5G Enable စမတ်ဖုန်းအသစ်ဟာ ဒီဟန်းဆက် သုံးခုထဲမှာ ပါဝင်နေဖို့ အခွင့်အရေးလည်း များနေပါတယ်။ ဒါပေမယ့် တကယ်လို့ ပါခဲ့ရင်တောင် 5G နက်ဝပ်ဟာ နိုင်ငံတိုင်း သုံးနိုင်ဦးမှာ မဟုတ်လို့ တစ်ချို့နိုင်ငံတွေမှာပဲ Exclusive အနေနဲ့ ရောင်းချသွားနိုင်တယ်။

5.8” လက်မ မော်ဒယ်နှစ်ခုထဲက တစ်ခုမှာ ကျောဘက်ကင်မရာ တစ်ခုပဲပါဝင်ပြီး နောက်တစ်ခုမှာတော့ Dual ကင်မရာ ထည့်သွင်းထားပါတယ်။ S10+ ကတော့ ကျောဘက်မှာ ကင်မရာသုံးလုံးနဲ့ ရှေ့ဘက် ဆယ်ဖီက Dual ဖြစ်နိုင်တာကြောင့် LG ရဲ့ မကြာခင်ထွက်လာမယ့် V40 ThinQ လိုမျိုး ကင်မရာငါးလုံးနဲ့ ဖုန်း ဖြစ်နိုင်ပါတယ်။

Ref – GSM Arena