[Zawgyi]

ယခင္ေန႔က ထြက္လာတဲ့ Galaxy S10+ Render ပုံရိပ္ေတြနဲ႔ ပတ္သက္ျပီး မတင္မက်ျဖစ္ေနတဲ့ ေမးခြန္းေတြအတြက္ အေျဖကေတာ့ ထြက္လာခဲ့ပါျပီ။ Samsung Galalxy S10+ ရဲ႕ေရွ႕ဘက္ Screen မွာ Dual-Camera Hole ပါလာမယ္ ဆုိတာကို စိတ္ခ်လက္ခ် ယုံၾကည္ႏုိင္ျပီလို႔ ဆုိရမွာပါ။

Samsung ထုတ္ကုန္ေတြနဲ႔ပတ္သက္ရင္ ၾကဳိျပီး Leak ျဖစ္ေလ့ရွိတဲ့ @IceUniverse တြစ္တာအေကာင့္မွာ Galaxy S10+ ရဲ႕ Screen Protector ကို ပုံတင္ျပခဲ့ျပီး Render ထဲမွာ ပါတဲ့အတိုင္း ကင္မရာ Module ႏွစ္ခု အတြက္ အေပါက္နဲ႔ ၾကားထဲမွာ ေနရာလြတ္ေသးေသးေလး ျခားထားတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ Screen ေပၚမွာ ကင္မရာႏွစ္လုံးစာ Hole ၾကီးပါေနတာကို ရုပ္ဆုိးတယ္လို႔ ျမင္တဲ့သူေတြအတြက္ေတာ့ သတင္းဆုိးပါပဲ။

Notch ေတြ၊ Chin ေတြကို အစားထိုးဖို႔ၾကိဳးစားလာတယ္ ဆုိေပမယ့္ ဖုန္းရဲ႕အေပၚဘက္မွာ Dual-Camera Hole ေၾကာင့္ Status Bar ေနရာ ေတာ္ေတာ္မ်ားမ်ားကို ေပးလုိက္ရမွာပါ။ ေနာက္ထပ္ျမင္ေတြ႕ခဲ့ရတာကေတာ့ Samsung Galaxy S10+ ရဲ႕ Concept ပုံရိပ္ျဖစ္ျပီး ဒီပုံအတုိင္းသာ မွန္မယ္ဆုိရင္ အေပၚနဲ႔ေအာက္ Bezel ေတြဟာ S9 မ်ဳိးဆက္ေတြထက္ ပိုပါးလႊာဦးမွာပါ။

ဒီမွာေတာ့ ေနာက္ထပ္ Galaxy S10+ ရဲ႕ Concept ပုံရိပ္တစ္ခု ျဖစ္ျပီး ေဘးမွာ Galaxy S10 နဲ႔ ယွဥ္ျပထားတယ္။ ရုိးရုိး Galaxy S10 မွာေတာ့ Camera Hole ပါေပမယ့္ ကင္မရာက တစ္လုံးထဲ ျဖစ္တာေၾကာင့္ ပိုၾကည့္လို႔ေကာင္းေနသလို ခံစားရပါတယ္။

ဒါဟာ ၂၀၁၉ ခုႏွစ္မွာ ထြက္လာမယ့္ Flagship ဖုန္းေတြရဲ႕ အဓိကဒီဇုိင္းဟာ Screen ေပၚက ကင္မရာေပါက္ေတြ ျဖစ္လာမယ္ ဆုိတာ တပ္လွန္႔လိုက္တဲ့ သတင္းစကား တစ္ခုပါပဲ။ မၾကာခင္ လပုိင္းအတြင္းမွာ မ်က္ဝါးထင္ထင္ စျမင္ရေတာ့မွာမုိ႔ ၾကိဳျပင္ဆင္ေစာင့္စားေနလုိက္ပါေတာ့။

Ref – GSM Arena

[Unicode]

ယခင်နေ့က ထွက်လာတဲ့ Galaxy S10+ Render ပုံရိပ်တွေနဲ့ ပတ်သက်ပြီး မတင်မကျဖြစ်နေတဲ့ မေးခွန်းတွေအတွက် အဖြေကတော့ ထွက်လာခဲ့ပါပြီ။ Samsung Galalxy S10+ ရဲ့ရှေ့ဘက် Screen မှာ Dual-camera Hole ပါလာမယ် ဆိုတာကို စိတ်ချလက်ချ ယုံကြည်နိုင်ပြီလို့ ဆိုရမှာပါ။

Samsung ထုတ်ကုန်တွေနဲ့ပတ်သက်ရင် ကြိုပြီး Leak ဖြစ်လေ့ရှိတဲ့ @IceUniverse တွစ်တာအကောင့်မှာ Galaxy S10+ ရဲ့ Screen Protector ကို ပုံတင်ပြခဲ့ပြီး Render ထဲမှာ ပါတဲ့အတိုင်း ကင်မရာ Module နှစ်ခု အတွက် အပေါက်နဲ့ ကြားထဲမှာ နေရာလွတ်သေးသေးလေး ခြားထားတာကို မြင်တွေ့ခဲ့ရပါတယ်။ Screen ပေါ်မှာ ကင်မရာနှစ်လုံးစာ Hole ကြီးပါနေတာကို ရုပ်ဆိုးတယ်လို့ မြင်တဲ့သူတွေအတွက်တော့ သတင်းဆိုးပါပဲ။

Notch တွေ၊ Chin တွေကို အစားထိုးဖို့ကြိုးစားလာတယ် ဆိုပေမယ့် ဖုန်းရဲ့အပေါ်ဘက်မှာ Dual-camera Hole ကြောင့် Status Bar နေရာ တော်တော်များများကို ပေးလိုက်ရမှာပါ။ နောက်ထပ်မြင်တွေ့ခဲ့ရတာကတော့ Samsung Galaxy S10+ ရဲ့ Concept ပုံရိပ်ဖြစ်ပြီး ဒီပုံအတိုင်းသာ မှန်မယ်ဆိုရင် အပေါ်နဲ့အောက် Bezel တွေဟာ S9 မျိုးဆက်တွေထက် ပိုပါးလွှာဦးမှာပါ။

ဒီမှာတော့ နောက်ထပ် Galaxy S10+ ရဲ့ Concept ပုံရိပ်တစ်ခု ဖြစ်ပြီး ဘေးမှာ Galaxy S10 နဲ့ ယှဉ်ပြထားတယ်။ ရိုးရိုး Galaxy S10 မှာတော့ Camera Hole ပါပေမယ့် ကင်မရာက တစ်လုံးထဲ ဖြစ်တာကြောင့် ပိုကြည့်လို့ကောင်းနေသလို ခံစားရပါတယ်။

ဒါဟာ ၂၀၁၉ ခုနှစ်မှာ ထွက်လာမယ့် Flagship ဖုန်းတွေရဲ့ အဓိကဒီဇိုင်းဟာ Screen ပေါ်က ကင်မရာပေါက်တွေ ဖြစ်လာမယ် ဆိုတာ တပ်လှန့်လိုက်တဲ့ သတင်းစကား တစ်ခုပါပဲ။ မကြာခင် လပိုင်းအတွင်းမှာ မျက်ဝါးထင်ထင် စမြင်ရတော့မှာမို့ ကြိုပြင်ဆင်စောင့်စားနေလိုက်ပါတော့။

Ref – GSM Arena