[Zawgyi]

Samsung က S Series ေတြကို မတ္လမွာ အျမဲတမ္းမိတ္ဆက္ေနက်ပါ။ ဒီတစ္ေခါက္ Galaxy S10 ေတြလည္း ၂၀၁၉ ဘာစီလိုနာမွာ က်င္းပမယ့့္ MWC ပြဲက်ရင္ မိတ္ဆက္လာႏုိင္တယ္ဆိုေတာ့ ၃လေလာက္ပဲ ေစာင့္ရေတာ့မွာပါ။

မထြက္ခင္မွာ ထံုးစံအတုိင္း သတင္းေလးေတြထြက္ေနက်ဆုိေတာ့ ဒီတစ္ေခါက္လည္း ထြက္လာတဲ့သတင္းက S10 Series ရဲ႕ ေစ်းအၾကီးဆံုး S10 Plus နဲ႔ တန္ဖိုးသင့္ S10 Lite တို႔ရဲ႕ Benchmark ရလဒ္ေတြ အေၾကာင္းပါ။

ဖုန္းရဲ႕ ေမာ္ဒယ္လ္နံပါတ္ ၂မ်ဳိးကေတာ့ Lite ဗားရွင္းကို SM-G970 နဲ႔ Plus-Size ဗားရွင္းကို SM-G975 ဆိုျပီး နာမည္ေပးထားပါတယ္။ S10 Lite ရဲ႕ စမ္းသပ္ထားတဲ့ရလဒ္အတုိင္း 360 x 760 ဆိုတဲ့ Resolution က တြက္ၾကည့္ရင္ 1080×2280 Pixels ရိွတဲ့ 19:9 Aspect Ratio နဲ႔ပါ။

Plus Model အတြက္ကေတာ့ 412×869 ဆိုေတာ့ 1440×3040 px  ရိွတဲ့ QHD+ Resolution Display ျဖစ္ႏုိင္ပါတယ္။ Display ကေတာ့ ေတာ္ေတာ္မိုက္မယ့္ပံုပါပဲ။ ဒါေပမယ့္ HTML5 စမ္းသပ္ခ်က္မွာေတာ့ S10 Lite ရဲ႕ ရမွတ္ေတြက ပိုေကာင္းေနေတ့ာ စဥ္းစားစရာက ၂ခုလံုးက မထြက္ေသးခင္ စမ္းသပ္ဆဲအဆင့္မွာ ရိွေသးတဲ့အတြက္လို႔ပဲ ေကာက္ခ်က္ခ်ရမွာပါ။

မွန္းထားတာကေတာ့ လာမယ့္ ဘာစီလိုနာမွာက်င္းပမယ့္ Mobile World Congress (MWC) ပြဲမတိုင္ခင္ ေဖေဖာ္ဝါရီလမွာပဲ Galaxy Unpacked Event က်င္းပျပီး မိတ္ဆက္သြားမယ္လို႔လည္း ထင္မိပါတယ္။

၁၀ႏွစ္ျပည့္ရဲ႕ အထူးထုတ္ေမာ္ဒယ္ၾကီးအေၾကာင္းကေတာ့ သတင္းလည္း မၾကားမိေသးသလို ေတာ္ေတာ္လည္း လွ်ိဳ႕ဝွက္ထားႏုိင္တ့ဲအတြက္ Leak ေတြ တစ္စမွ ထြက္မလာပါေစနဲ႔လို႕ ဆုေတာင္းပါတယ္။ ထြက္လာတဲ့အခ်ိန္မွ အကုန္လံုး အံၾသသြားေစေလာက္တဲ့ ဒီဇုိင္းကာလာအေနအထားနဲ႔ ထြက္လာမယ္လို႔ပဲ မွန္းရင္း လာမယ့္ ၂လကို လက္ခ်ိဳးေရရင္း ေစာင့္လိုက္ၾကတာေပါ့။

Ref: GsmArena

[Unicode]

Samsung က S Series တွေကို မတ်လမှာ အမြဲတမ်းမိတ်ဆက်နေကျပါ။ ဒီတစ်ခေါက် Galaxy S10 တွေလည်း ၂၀၁၉ ဘာစီလိုနာမှာ ကျင်းပမယ့် MWC ပွဲကျရင် မိတ်ဆက်လာနိုင်တယ်ဆိုတော့ ၃လလောက်ပဲ စောင့်ရတော့မှာပါ။

မထွက်ခင်မှာ ထုံးစံအတိုင်း သတင်းလေးတွေထွက်နေကျဆိုတော့ ဒီတစ်ခေါက်လည်း ထွက်လာတဲ့သတင်းက S10 Series ရဲ့ ဈေးအကြီးဆုံး S10 Plus နဲ့ တန်ဖိုးသင့် S10 Lite တို့ရဲ့ Benchmark ရလဒ်တွေ အကြောင်းပါ။

ဖုန်းရဲ့ မော်ဒယ်လ်နံပါတ် ၂မျိုးကတော့ Lite ဗားရှင်းကို SM-G970 နဲ့ Plus-Size ဗားရှင်းကို SM-G975 ဆိုပြီး နာမည်ပေးထားပါတယ်။ S10 Lite ရဲ့ စမ်းသပ်ထားတဲ့ရလဒ်အတိုင်း 360 x 760 ဆိုတဲ့ Resolution က တွက်ကြည့်ရင် 1080×2280 Pixels ရှိတဲ့ 19:9 Aspect Ratio နဲ့ပါ။

Plus Model အတွက်ကတော့ 412×869 ဆိုတော့ 1440×3040px  ရှိတဲ့ QHD+ Resolution Display ဖြစ်နိုင်ပါတယ်။ Display ကတော့ တော်တော်မိုက်မယ့်ပုံပါပဲ။ ဒါပေမယ့် HTML5 စမ်းသပ်ချက်မှာတော့ S10 Lite ရဲ့ ရမှတ်တွေက ပိုကောင်းနေတေ့ စဉ်းစားစရာက ၂ခုလုံးက မထွက်သေးခင် စမ်းသပ်ဆဲအဆင့်မှာ ရှိသေးတဲ့အတွက်လို့ပဲ ကောက်ချက်ချရမှာပါ။

မှန်းထားတာကတော့ လာမယ့် ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress (MWC) ပွဲမတိုင်ခင် ဖေဖော်ဝါရီလမှာပဲ Galaxy Unpacked Event ကျင်းပပြီး မိတ်ဆက်သွားမယ်လို့လည်း ထင်မိပါတယ်။

၁၀နှစ်ပြည့်ရဲ့ အထူးထုတ်မော်ဒယ်ကြီးအကြောင်းကတော့ သတင်းလည်း မကြားမိသေးသလို တော်တော်လည်း လျှို့ဝှက်ထားနိုင်တဲ့အတွက် Leak တွေ တစ်စမှ ထွက်မလာပါစေနဲ့လို့ ဆုတောင်းပါတယ်။ ထွက်လာတဲ့အချိန်မှ အကုန်လုံး အံသြသွားစေလောက်တဲ့ ဒီဇိုင်းကာလာအနေအထားနဲ့ ထွက်လာမယ်လို့ပဲ မှန်းရင်း လာမယ့် ၂လကို လက်ချိုးရေရင်း စောင့်လိုက်ကြတာပေါ့။

Ref: GsmArena