ဆမ္ေဆာင္းဟာ ၂၀၁၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Galaxy S6 ကစျပီး သူတုိ႔ Flagship ေတြမွာ Glass ေနာက္ေက်ာကိုသာ အသုံးျပဳလာခဲ့တာပါ။ ဒါေပမယ့္ ေနာက္ႏွစ္မွာ ထြက္လာမယ့္ Galaxy S10 မ်ဳိးဆက္မွာေတာ့ Ceramic ကိုေျပာင္းလဲသုံးစြဲႏုိင္ေခ် ရွိေနတယ္။ အေျခခံေမာ္ဒယ္ Galaxy S10 မွာေတာ့မဟုတ္ဘဲ Flat Screen ပါမယ့္ ၄င္းဟန္းဆက္ကေတာ့ ပုံမွန္အတုိင္း Glass ေနာက္ေက်ာကိုသာ အသုံးျပဳမွာပါ။

Curved Screen အသုံးျပဳလာမယ့္ 5.8” လက္မအရြယ္ Galaxy S10 နဲ႔ 6.44” လက္မအျဖစ္ (တစ္ခါတရံ 6.2” အျဖစ္) သတင္းထြက္ေနတဲ့ ေမာ္ဒယ္ႏွစ္မ်ဳိးမွာသာ Ceramic ကို အသုံးျပဳလာမွာ ျဖစ္တယ္လို႔ ဆုိတယ္။ စစခ်င္းမွာေတာ့ အျဖဴနဲ႔ အနက္ေရာင္ႏွစ္မ်ဳိး ထြက္ရွိလာမယ္လို႔ သိရပါတယ္။ 5G အသုံးျပဳႏုိင္မယ့္ 6.7” လက္မ Galaxy S10 ဗားရွင္းမွာလည္း Ceramic ေနာက္ေက်ာကိုသာ အသုံးျပဳလာႏုိင္တယ္။ Storage ကလည္း 512 GB အထိ တုိးျမွင့္လာမယ္လို႔ သတင္းထြက္ေနတယ္။

အေစာပိုင္းသတင္းေတြမွာေတာ့ S10 အတြက္ ပိုျပီးစုံလင္တဲ့ အေရာင္ေတြကုိ ညႊန္းဆုိခဲ့ၾကပါတယ္။ ဒါေပမယ့္ အခုပုံအတုိင္း ဆုိရင္ေတာ့ Flat Screen ေမာ္ဒယ္မွာသာ အဝါနဲ႔ အစိမ္းေရာင္တုိ႔ ပါဝင္လာမယ့္ ပုံစံျဖစ္တယ္။ ေနာက္ပုိင္းမွာေတာ့ သီးသန္႔အေရာင္ေတြနဲ႔ ေမာ္ဒယ္အသစ္ေတြ ထပ္ေပၚေပါက္လာႏုိင္ပါတယ္။

Ceramic ကိုဘာလို႔ ေျပာင္းသုံးၾကမွာလဲ ဆုိရင္ေတာ့ ေၾကြထည္အေျချပဳ ကိုယ္ထည္ဟာ Glass ထက္ ျခစ္ရာဒဏ္ကို ပိုခံႏုိင္တယ္။ ေတာက္ပမႈမွာလည္း သာလြန္ပါတယ္။ ဒါေပမယ့္ သတၳဳကိုယ္ထည္လိုမ်ဳိး လႈိင္းအားကိုလည္း မပိတ္ဆုိ႔ပါဘူး။

Ref – GSM Arena

Unicode

ဆမ်ဆောင်းဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Galaxy S6 ကစပြီး သူတို့ Flagship တွေမှာ Glass နောက်ကျောကိုသာ အသုံးပြုလာခဲ့တာပါ။ ဒါပေမယ့် နောက်နှစ်မှာ ထွက်လာမယ့် Galaxy S10 မျိုးဆက်မှာတော့ Ceramic ကိုပြောင်းလဲသုံးစွဲနိုင်ချေ ရှိနေတယ်။ အခြေခံမော်ဒယ် Galaxy S10 မှာတော့မဟုတ်ဘဲ Flat Screen ပါမယ့် ၎င်းဟန်းဆက်ကတော့ ပုံမှန်အတိုင်း Glass နောက်ကျောကိုသာ အသုံးပြုမှာပါ။

Curved Screen အသုံးပြုလာမယ့် 5.8” လက်မအရွယ် Galaxy S10 နဲ့ 6.44” လက်မအဖြစ် (တစ်ခါတရံ 6.2” အဖြစ်) သတင်းထွက်နေတဲ့ မော်ဒယ်နှစ်မျိုးမှာသာ Ceramic ကို အသုံးပြုလာမှာ ဖြစ်တယ်လို့ ဆိုတယ်။ စစချင်းမှာတော့ အဖြူနဲ့ အနက်ရောင်နှစ်မျိုး ထွက်ရှိလာမယ်လို့ သိရပါတယ်။ 5G အသုံးပြုနိုင်မယ့် 6.7” လက်မ Galaxy S10 ဗားရှင်းမှာလည်း Ceramic နောက်ကျောကိုသာ အသုံးပြုလာနိုင်တယ်။ Storage ကလည်း 512 GB အထိ တိုးမြှင့်လာမယ်လို့ သတင်းထွက်နေတယ်။

အစောပိုင်းသတင်းတွေမှာတော့ S10 အတွက် ပိုပြီးစုံလင်တဲ့ အရောင်တွေကို ညွှန်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အခုပုံအတိုင်း ဆိုရင်တော့ Flat Screen မော်ဒယ်မှာသာ အဝါနဲ့ အစိမ်းရောင်တို့ ပါဝင်လာမယ့် ပုံစံဖြစ်တယ်။ နောက်ပိုင်းမှာတော့ သီးသန့်အရောင်တွေနဲ့ မော်ဒယ်အသစ်တွေ ထပ်ပေါ်ပေါက်လာနိုင်ပါတယ်။

Ceramic ကိုဘာလို့ ပြောင်းသုံးကြမှာလဲ ဆိုရင်တော့ ကြွေထည်အခြေပြု ကိုယ်ထည်ဟာ Glass ထက် ခြစ်ရာဒဏ်ကို ပိုခံနိုင်တယ်။ တောက်ပမှုမှာလည်း သာလွန်ပါတယ်။ ဒါပေမယ့် သတ္ထုကိုယ်ထည်လိုမျိုး လှိုင်းအားကိုလည်း မပိတ်ဆို့ပါဘူး။

Ref – GSM Arena