[Zawgyi]

Galaxy S10e လို႔ လူသိမ်ားတဲ့ စမတ္ဖုန္းဟာ Galaxy S10 စီးရီးေတြထဲမွာ တန္ဖိုးအနည္းဆုံး ေမာ္ဒယ္တစ္ခု ျဖစ္လာမွာပါ။ S10e မွာ e ရဲ႕ အဓိပၸါယ္က Essential ျဖစ္ေၾကာင္း Roland Quandt ရဲ႕ ေျပာၾကားခ်က္မ်ားအရ သိရၿပီး Canary Yellow ဆိုတဲ့ ခပ္ဆန္းဆန္း အဝါေရာင္ေလးနဲ႔ ပြဲထြက္လာႏိုင္ဖြယ္ ရွိပါတယ္။

ခပ္ဆန္းဆန္း အဝါေရာင္ေလးနဲ႔ ဖန္တီးထားတဲ့ Galaxy S10e ရဲ႕ Renders ဓာတ္ပုံေတြဟာ @IshanAharwal24 နဲ႔ mysmartprice တို႔ဆီက ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ထြက္ေပၚခဲ့တဲ့ ဓာတ္ပုံေတြအရ Galaxy S10e ရဲ႕ ေရွ႕ဘက္မ်က္ႏွာျပင္က ေဘာင္ေတြကို အနက္ေရာင္ ျခယ္သထားတာျဖစ္ၿပီး ခဲေရာင္ Aluminum Frame ကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ Canary Yellow လို႔ေခၚတဲ့ ခပ္ဆန္းဆန္း အဝါေရာင္ေလးကိုေတာ့ ေနာက္ေက်ာဘက္ တစ္ေနရာတည္းမွာသာ ျခယ္သထားမွာ ျဖစ္ပါတယ္။

Galaxy S10e ရဲ႕ Display ကို Galaxy S10 နဲ႔ S10 Plus တို႔လိုမ်ိဴး Curved Display အသုံးျပဳထားမွာ မဟုတ္ဘဲ သာမန္ Flat Display ကိုသာ အသုံးျပဳထားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ In-Display Fingerprint Sensor အစား Side-Mounted Fingerprint Sensor ကို အသုံးျပဳထားႏိုင္ၿပီး ဖုန္းရဲ႕ ညာဘက္ ေဘာင္ထဲမွာ Power ခလုတ္နဲ႔အတူ ေပါင္းထည့္ထားတယ္လို႔ သိရပါတယ္။

Galaxy S10, S10 Plus နဲ႔ Galaxy S10e တို႔ ေနာက္ထပ္ ကြာျခားသြားတဲ့ အခ်က္ကေတာ့ ကင္မရာ တပ္ဆင္မႈနဲ႔ Infinity-O Display ဒီဇိုင္းေတြ ျဖစ္ပါတယ္။ ကင္မရာ Sensor ေတြရဲ႕ အေသးစိတ္ အခ်က္အလက္နဲ႔ တျခားေသာ ကြာျခားခ်က္ အျပည့္အစုံကိုေတာ့ တရားဝင္ မိတ္ဆက္ၿပီးသြားတဲ့အခါက်ရင္ ဆက္လက္ တင္ျပေပးပါဦးမယ္။

Ref : Gizmochina

[Unicode]

အဝါရောင်လေးနဲ့ လှပနေတဲ့ Samsung Galaxy S10e

Galaxy S10e လို့ လူသိများတဲ့ စမတ်ဖုန်းဟာ Galaxy S10 စီးရီးတွေထဲမှာ တန်ဖိုးအနည်းဆုံး မော်ဒယ်တစ်ခု ဖြစ်လာမှာပါ။ S10e မှာ e ရဲ့ အဓိပ္ပါယ်က Essential ဖြစ်ကြောင်း Roland Quandt ရဲ့ ပြောကြားချက်များအရ သိရပြီး Canary Yellow ဆိုတဲ့ ခပ်ဆန်းဆန်း အဝါရောင်လေးနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

ခပ်ဆန်းဆန်း အဝါရောင်လေးနဲ့ ဖန်တီးထားတဲ့ Galaxy S10e ရဲ့ Renders ဓာတ်ပုံတွေဟာ @IshanAharwal24 နဲ့ mysmartprice တို့ဆီက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံတွေအရ Galaxy S10e ရဲ့ ရှေ့ဘက်မျက်နှာပြင်က ဘောင်တွေကို အနက်ရောင် ခြယ်သထားတာဖြစ်ပြီး ခဲရောင် Aluminum Frame ကို အသုံးပြုထားတာ တွေ့ရပါတယ်။ Canary Yellow လို့ခေါ်တဲ့ ခပ်ဆန်းဆန်း အဝါရောင်လေးကိုတော့ နောက်ကျောဘက် တစ်နေရာတည်းမှာသာ ခြယ်သထားမှာ ဖြစ်ပါတယ်။

Galaxy S10e ရဲ့ Display ကို Galaxy S10 နဲ့ S10 Plus တို့လိုမျိူး Curved Display အသုံးပြုထားမှာ မဟုတ်ဘဲ သာမန် Flat Display ကိုသာ အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် In-display Fingerprint Sensor အစား Side-mounted Fingerprint Sensor ကို အသုံးပြုထားနိုင်ပြီး ဖုန်းရဲ့ ညာဘက် ဘောင်ထဲမှာ Power ခလုတ်နဲ့အတူ ပေါင်းထည့်ထားတယ်လို့ သိရပါတယ်။

Galaxy S10, S10 Plus နဲ့ Galaxy S10e တို့ နောက်ထပ် ကွာခြားသွားတဲ့ အချက်ကတော့ ကင်မရာ တပ်ဆင်မှုနဲ့ Infinity-O Display ဒီဇိုင်းတွေ ဖြစ်ပါတယ်။ ကင်မရာ Sensor တွေရဲ့ အသေးစိတ် အချက်အလက်နဲ့ တခြားသော ကွာခြားချက် အပြည့်အစုံကိုတော့ တရားဝင် မိတ်ဆက်ပြီးသွားတဲ့အခါကျရင် ဆက်လက် တင်ပြပေးပါဦးမယ်။

Ref : Gizmochina