Zawgyi

Apple ကေန iPhone X ကို မိတ္ဆက္ျပီးတဲ့ေနာက္မွာ Notch ပါဝင္တဲ့ Display နဲ႔ Android ဖုန္းေတြထြက္ေပၚလာျပီး Notch ဆိုတဲ့ အရာဟာ ၂၀၁၈ ခုႏွစ္ရဲ႕ စမတ္ဖုန္းေလာ
ကမွာ လူေျပာအမ်ားဆံုး စကားလံုးတစ္ခုျဖစ္ခဲ့ပါတယ္။ Notch ကို ၾကိဳက္တဲ့သူေရာ မၾကိဳက္တဲ့သူေတြေရာ ရွိခဲ့ျပီး Flagship တိုင္းလိုလိုမွာ Notch က ေနရာယူခဲ့ပါတယ္။ iPhone X ကစျပီး Notch ေခတ္စားလာခဲ့ေပမယ့္ Android ဖုန္းေတြမွာ Notch ထည့္လာတဲ့အခါ Chin လို႔ေခၚတဲ့ ေအာက္ေျခေဘာင္ဟာ iPhone X လို ေသးေကြးမေနပဲအေတာ္ေလးၾကီးမားခဲ့ပါတယ္။ ထိပ္ဘက္မွာလည္း Notch ပါျပီး အာက္ဘက္မွာလည္း Chin ကၾကီးေနတဲ့အခါ အေတာ္ေလးၾကည့္ရဆိုးလာပါတယ္။ Chin ကိုေဖ်ာက္ဖို႔အတြက္ Display ကိုသြားတဲ့ ဝိုင္ယာၾကိဳးေတြကို ဖုန္း Frame နဲ႔ အတူေကြးရမွာျဖစ္ျပီး နည္းပညာပိုင္း လိုအပ္ခ်က္ရွိတဲ့ အျပင္ ေစ်းၾကီးတဲ့အတြက္ iPhone X က လြဲလို႔က်န္တဲ့ စမတ္ဖုန္းေတြရဲ႕ Chin ဟာ အေတာ္ေလးၾကီးမားေနခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၉ ရဲ႕ Flagship စမတ္ဖုန္း တစ္လံုးျဖစ္လာမယ့္ Galaxy S10 Series ရဲ႕ Chin ကေတာ့ iPhone X ရဲ႕ Chin ေလာက္ပဲ ရွိမယ္လို႔ သတင္းထြက္ေပၚလာပါျပီ။

အဆိုပါ Galaxy S10 ရဲ႕ Chin သတင္းဟာ Galaxy S10+ မွာ အသံုးျပဳမယ့္ Display ရဲ႕ ပံုရိပ္ေတြနဲ႔ အတူထြက္ေပၚလာခဲ့တာပါ။ ပံုမွာ ျမင္ရတဲ့ အတိုင္းပဲ Galaxy S10+ ရဲ႕ မွန္နဲ႔ iPhone X ရဲ႕ မွန္ကို ယွဥ္ျပထားျပီး ဖုန္းေအာက္ေျခေဘာင္ Chin ေတြဟာ အရြယ္အစားတူေနတာကိုေတြ႔ရပါတယ္။

တစ္ကယ္လို႔သာ Galaxy S10 Series ဟာ ပံုထဲက အတုိင္း အေတာ္ေလး ေသးတဲ့ Chin နဲ႔ ထြက္ေပၚလာခဲ့ရင္ ေလာေလာဆယ္ Chin အေသးဆံုး Android ဖုန္းျဖစ္တဲ့ HUAWEI Mate 20 ကို ေက်ာ္ျပီး Android ဖုန္းေတြထဲမွာ Chin အေသးဆံုး ဖုန္းတစ္လံုးျဖစ္လာမွာပါ။ Galaxy S10 ကို S10 Lite, S10 နဲ႔ S10+ ဆိုျပီး သံုးမ်ိဳး ထုတ္မွာျဖစ္ျပီး iPhone X Chin ေလာက္ ေသးေကြးတဲ့ Chin ကို အဆိုပါ ေမာ္ဒယ္သံုးမ်ိဳးစလံုးမွာ ေတြ႔ႏိုင္မလားဆိုတာကေတာ့ ေမးခြန္းထုတ္စရာပါ။ အေပၚမွာေျပာသြားသလိုပဲ Chin ကို လံုးဝ ေသးသြားေအာင္ လုပ္ႏိုင္ဖို႔ဆိုရင္ OLED Panel နဲ႔ ဝိုင္ယာၾကိဳးေတြကို ဖုန္းရဲ႕ Frame နဲ႔ တစ္သားတည္းက်ေအာင္ ေကြးရမွာျဖစ္ျပီး ေစ်းအရမ္းၾကီးတာမို႔ Galaxy S10 ဟာ Samsung ရဲ႕ ေစ်းအၾကီးဆံုး ဖုန္းတစ္လံုးျဖစ္လာႏိုင္ပါတယ္။

Ref: GSM Arena

Unicode

Apple ကနေ iPhone X ကို မိတ်ဆက်ပြီးတဲ့နောက်မှာ Notch ပါဝင်တဲ့ Display နဲ့ Android ဖုန်းတွေထွက်ပေါ်လာပြီး Notch ဆိုတဲ့ အရာဟာ ၂၀၁၈ ခုနှစ်ရဲ့ စမတ်ဖုန်းလောကမှာ လူပြောအများဆုံး စကားလုံးတစ်ခုဖြစ်ခဲ့ပါတယ်။ Notch ကို ကြိုက်တဲ့သူရော မကြိုက်တဲ့သူတွေရော ရှိခဲ့ပြီး Flagship တိုင်းလိုလိုမှာ Notch က နေရာယူခဲ့ပါတယ်။ iPhone X ကစပြီး Notch ခေတ်စားလာခဲ့ပေမယ့် Android ဖုန်းတွေမှာ Notch ထည့်လာတဲ့အခါ Chin လို့ခေါ်တဲ့ အောက်ခြေဘောင်ဟာ iPhone X လို သေးကွေးမနေပဲအတော်လေးကြီးမားခဲ့ပါတယ်။ ထိပ်ဘက်မှာလည်း Notch ပါပြီး အာက်ဘက်မှာလည်း Chin ကကြီးနေတဲ့အခါ အတော်လေးကြည့်ရဆိုးလာပါတယ်။ Chin ကိုဖျောက်ဖို့အတွက် Display ကိုသွားတဲ့ ဝိုင်ယာကြိုးတွေကို ဖုန်း Frame နဲ့ အတူကွေးရမှာဖြစ်ပြီး နည်းပညာပိုင်း လိုအပ်ချက်ရှိတဲ့ အပြင် ဈေးကြီးတဲ့အတွက် iPhone X က လွဲလို့ကျန်တဲ့ စမတ်ဖုန်းတွေရဲ့ Chin ဟာ အတော်လေးကြီးမားနေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၉ ရဲ့ Flagship စမတ်ဖုန်း တစ်လုံးဖြစ်လာမယ့် Galaxy S10 Series ရဲ့ Chin ကတော့ iPhone X ရဲ့ Chin လောက်ပဲ ရှိမယ်လို့ သတင်းထွက်ပေါ်လာပါပြီ။


အဆိုပါ Galaxy S10 ရဲ့ Chin သတင်းဟာ Galaxy S10+ မှာ အသုံးပြုမယ့် Display ရဲ့ ပုံရိပ်တွေနဲ့ အတူထွက်ပေါ်လာခဲ့တာပါ။ ပုံမှာ မြင်ရတဲ့ အတိုင်းပဲ Galaxy S10+ ရဲ့ မှန်နဲ့ iPhone X ရဲ့ မှန်ကို ယှဉ်ပြထားပြီး ဖုန်းအောက်ခြေဘောင် Chin တွေဟာ အရွယ်အစားတူနေတာကိုတွေ့ရပါတယ်။

တစ်ကယ်လို့သာ Galaxy S10 Series ဟာ ပုံထဲက အတိုင်း အတော်လေး သေးတဲ့ Chin နဲ့ ထွက်ပေါ်လာခဲ့ရင် လောလောဆယ် Chin အသေးဆုံး Android ဖုန်းဖြစ်တဲ့ HUAWEI Mate 20 ကို ကျော်ပြီး Android ဖုန်းတွေထဲမှာ Chin အသေးဆုံး ဖုန်းတစ်လုံးဖြစ်လာမှာပါ။ Galaxy S10 ကို S10 Lite, S10 နဲ့ S10+ ဆိုပြီး သုံးမျိုး ထုတ်မှာဖြစ်ပြီး iPhone X Chin လောက် သေးကွေးတဲ့ Chin ကို အဆိုပါ မော်ဒယ်သုံးမျိုးစလုံးမှာ တွေ့နိုင်မလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ အပေါ်မှာပြောသွားသလိုပဲ Chin ကို လုံးဝ သေးသွားအောင် လုပ်နိုင်ဖို့ဆိုရင် OLED Panel နဲ့ ဝိုင်ယာကြိုးတွေကို ဖုန်းရဲ့ Frame နဲ့ တစ်သားတည်းကျအောင် ကွေးရမှာဖြစ်ပြီး ဈေးအရမ်းကြီးတာမို့ Galaxy S10 ဟာ Samsung ရဲ့ ဈေးအကြီးဆုံး ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref: GSM Arena