[Zawgyi]

ထြက္ေပၚလာတဲ့သတင္းကေတာ့ ဖုန္းမွာ Screen protector တပ္ေလ့ရွိသူေတြအတြက္ စိတ္ရႈပ္စရာ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။ Samsung Galaxy S10 ရဲ႕ UD Fingerprint Reader ဟာ Screen Protector သုံးထားရင္ အလုပ္မလုပ္ဘူးဆိုတဲ့ သတင္းျဖစ္ပါတယ္။ အတည္မျပဳရေသးလို႔ ေကာလာဟလ အျဖစ္သတ္မွတ္ထားရေပမယ့္ Samsung Fan ေတြၾကားမွာ အေတာ္ေလးကို လႈပ္လႈပ္ရွားရွားျဖစ္သြားေစတာေတာ့ အမွန္ပါပဲ။

Vanilla Galaxy S10 နဲ႔ Galaxy S10 Plus ေတြဟာ In-display fingerprint နည္းပညာသစ္နဲ႔ ျပဳလုပ္ထားတဲ့ ဖုန္းေတြျဖစ္ပါတယ္။ ဒီဖုန္းေတြဟာ လက္ရွိအသုံးျပဳေနၾကတဲ့ Optical Fingerprint နည္းပညာ ထက္ ပိုမိုျမန္ဆန္၊ ပိုမိုတိက်ၿပီး ပိုမိုယုံၾကည္စိတ္ခ်ရတဲ့ Ultrasonic fingerprint နည္းပညာကို မိတ္ဆက္ေပးလိမ့္မယ္လို႔ ယုံၾကည္ရပါတယ္။

Twitter မွာမွ်ေဝထားတဲ့ Armadilotek ကေတာ့ Galaxy S10 ဖုန္းအစစ္အမွန္ေတြနဲ႔ စမ္းသပ္ၿပီးျဖစ္တာေၾကာင့္ ဒီ In-screen fingerprint ေတြဟာ Screen protector ေတြကို မေထာက္ပံ့ေပးႏိုင္ဘူးဆိုတာ ေသခ်ာေၾကာင္း အခိုင္အမာကိုေျပာဆိုေရးသားထားတာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီဖုန္းေတြမွာ Built-in Screen protector ပါလာမွာ မဟုတ္ဘူးလို႔လည္း ဆိုထားပါေသးတယ္။

Samsung အေနနဲ႔ သူတို႔ရဲ႕ UD Fingerprint Reader ကို ရႏိုင္သမွ်နည္းမ်ိဳးစုံနဲ႔ စမ္းသပ္မႈျပဳလုပ္ထားမယ္လို႔ ယူဆရပါတယ္။ Screen protector နဲ႔ပတ္သက္ၿပီး ျပႆနာျဖစ္ႏိုင္ေၾကာင္းလည္း သိထားၿပီး ေျဖရွင္းဖို႔လည္း နည္းလမ္းရွိထားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီအတြက္ေၾကာင့္ ထပ္ၿပီးေတြးထားရမယ့္ အခ်က္ေနာက္တစ္ခ်က္က Samsung အေနနဲ႔ ဒီဖုန္းေတြကို In-house screen protector နဲ႔ ထုတ္လာဖြယ္လည္း ရွိႏိုင္ပါတယ္။ Galaxy S10 ေတြအေနနဲ႔ ေဈးကြက္ထဲကိုေရာက္ရွိလာႏိုင္ခ်ိန္က မတ္လဆန္းေလာက္မွျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။

Ref: GSMArena

[Unicode]

Galaxy S10 ရဲ့ UD Fingerprint Reader ဟာ Screen Protector သုံးထားရင် အလုပ်လုပ်ဖွယ်မရှိဘူးလို့ သတင်းထွက်လာ

ထွက်ပေါ်လာတဲ့သတင်းကတော့ ဖုန်းမှာ Screen protector တပ်လေ့ရှိသူတွေအတွက် စိတ်ရှုပ်စရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ Samsung Galaxy S10 ရဲ့ UD Fingerprint Reader ဟာ Screen Protector သုံးထားရင် အလုပ်မလုပ်ဘူးဆိုတဲ့ သတင်းဖြစ်ပါတယ်။ အတည်မပြုရသေးလို့ ကောလာဟလ အဖြစ်သတ်မှတ်ထားရပေမယ့် Samsung Fan တွေကြားမှာ အတော်လေးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေတာတော့ အမှန်ပါပဲ။

Vanilla Galaxy S10 နဲ့ Galaxy S10 Plus တွေဟာ In-display fingerprint နည်းပညာသစ်နဲ့ ပြုလုပ်ထားတဲ့ ဖုန်းတွေဖြစ်ပါတယ်။ ဒီဖုန်းတွေဟာ လက်ရှိအသုံးပြုနေကြတဲ့ Optical Fingerprint နည်းပညာ ထက် ပိုမိုမြန်ဆန်၊ ပိုမိုတိကျပြီး ပိုမိုယုံကြည်စိတ်ချရတဲ့ Ultrasonic fingerprint နည်းပညာကို မိတ်ဆက်ပေးလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Twitter မှာမျှဝေထားတဲ့ Armadilotek ကတော့ Galaxy S10 ဖုန်းအစစ်အမှန်တွေနဲ့ စမ်းသပ်ပြီးဖြစ်တာကြောင့် ဒီ In-screen fingerprint တွေဟာ Screen protector တွေကို မထောက်ပံ့ပေးနိုင်ဘူးဆိုတာ သေချာကြောင်း အခိုင်အမာကိုပြောဆိုရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဖုန်းတွေမှာ Built-in Screen protector ပါလာမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါသေးတယ်။

Samsung အနေနဲ့ သူတို့ရဲ့ UD Fingerprint Reader ကို ရနိုင်သမျှနည်းမျိုးစုံနဲ့ စမ်းသပ်မှုပြုလုပ်ထားမယ်လို့ ယူဆရပါတယ်။ Screen protector နဲ့ပတ်သက်ပြီး ပြဿနာဖြစ်နိုင်ကြောင်းလည်း သိထားပြီး ဖြေရှင်းဖို့လည်း နည်းလမ်းရှးထားမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအတွက်ကြောင့် ထပ်ပြီးတွေးထားရမယ့် အချက်နောက်တစ်ချက်က Samsung အနေနဲ့ ဒီဖုန်းတွေကို In-house screen protector နဲ့ ထုတ်လာဖွယ်လည်း ရှိနိုင်ပါတယ်။ Galaxy S10 တွေအနေနဲ့ ဈေးကွက်ထဲကိုရောက်ရှိလာနိုင်ချိန်က မတ်လဆန်းလောက်မှဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSMArena