[Zawgyi]

Samsung Galaxy S9 ရဲ႕ ေနာက္ဆုံးထြက္ ဗားရွင္းျဖစ္တဲ့ Android 9 Pie OneUI Update မွာ ဘက္ထရီအကုန္ျမန္တဲ့ ျပႆနာ ျဖစ္ေပၚေနတယ္လို႔ သိရပါတယ္။ Galaxy S9 ရဲ႕ ဘက္ထရီသက္တမ္းက Android 9 Pie ထက္ Anroid 8 Oreo က ပိုခံေၾကာင္း၊ Galaxy S9 Plus (Android 9 Pie) မွာ စကၠန္႔ပိုင္းအတြင္း ဘက္ထရီအား ၁၀% ကေန ၅% ေလ်ာ့နည္းသြားေၾကာင္းေတြကို Sammobile မွ တာဝန္ရွိသူတစ္ဦးက သူရဲ႕ အေတြ႕အႀကဳံေတြကို ျပန္လည္မွ်ေဝေပးထားပါတယ္။

ေနာက္ကြယ္မွာ အလုပ္လုပ္ေနတဲ့ Applications ေတြ အမ်ားအျပားရွိတယ္ဆိုရင္ေတာင္ ဘက္ထရီအားက စကၠန္႔ပိုင္းအတြင္းမွာ ၅% အထိ ကုန္စရာ အေၾကာင္းမရွိပါဘူး။ ဒါဟာ စိတ္အေႏွာက္အယွက္ျဖစ္စရာ Software ျပႆနာတစ္ခုျဖစ္ၿပီး၊ ပထမဦးဆုံး Android OS Update ထုတ္ေပးတဲ့အခါမ်ိဴးေတြမွာ ျဖစ္ေလ့ ျဖစ္ထရွိတဲ့ ျပႆနာပါ။ လက္ရွိမွာေတာ့ Sammobile က တာဝန္ရွိသူတစ္ဦးက အဆိုပါ ျပႆနာကို သူတစ္ေယာက္ထဲဘဲ ႀကဳံေတြ႕ေနရတာလား ဒါမွမဟုတ္ တျခားသူေတြေရာ ႀကဳံေတြ႕ေနရတာလား ဆိုတာ တိတိက်က် မသိရေသးပါဘူး။ ဒါေပမယ့္ Galaxy S9 ကို Android 9 Pie Update တင္ၿပီးတဲ့အခါမွာ ဘက္ထရီအကုန္ျမန္တဲ့ ျပႆနာ ႀကဳံေတြ႕ေနရတဲ့ ေနာက္တစ္ေယာက္ရွိေသးတယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္လည္း Samsung ဘက္က Galaxy S9 ရဲ႕ Android 9 Pie Update ကို ကမာၻအႏွံ႔အျပားမွာ ထုတ္မေပးေသးဘဲ ႏိုင္ငံတစ္ခ်ိဴ႕မွာသာ စမ္းသပ္ ထုတ္ေပးေနတာ ျဖစ္ႏိုင္ပါတယ္။

 

Samsung Galaxy S9 နဲ႔ Galaxy S9 Plus တို႔ရဲ႕ Android 9 Pie OneUI Update ေတြကို လာမယ့္ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလထဲမွာ ကမာၻအႏွံ႔အျပားကို တရားဝင္ျဖန္႔ခ်ီသြားမွာျဖစ္ၿပီး Galaxy Note 9 ကေတာ့ ေဖေဖာ္ဝါရီထဲက်မွ ရရွိမယ္လို႔ သိရပါတယ္။ ဘာဘဲျဖစ္ျဖစ္ ကမာၻအႏွံ႔အျပားကို ျဖန္႔ခ်ီေပးတဲ့အခါမွာေတာ့ ေျခာက္ျပစ္ကင္း သဲလဲစင္ Android 9 Pie OneUI Update အျဖစ္ ထြက္ရွိလာဖို႔ ေမွ်ာ္လင့္မိပါတယ္။

Ref : Sammobile

[Unicode]

Galaxy S9 (Android 9 Pie OneUI Update) မှာ ဘက်ထရီအကုန်မြန်တဲ့ ပြဿနာဖြစ်ပေါ်

Samsung Galaxy S9 ရဲ့ နောက်ဆုံးထွက် ဗားရှင်းဖြစ်တဲ့ Android 9 Pie OneUI Update မှာ ဘက်ထရီအကုန်မြန်တဲ့ ပြဿနာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ Galaxy S9 ရဲ့ ဘက်ထရီသက်တမ်းက Android 9 Pie ထက် Anroid 8 Oreo က ပိုခံကြောင်း၊ Galaxy S9 Plus (Android 9 Pie) မှာ စက္ကန့်ပိုင်းအတွင်း ဘက်ထရီအား ၁၀% ကနေ ၅% လျော့နည်းသွားကြောင်းတွေကို Sammobile မှ တာဝန်ရှိသူတစ်ဦးက သူရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးထားပါတယ်။

နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ Applicatoins တွေ အများအပြားရှိတယ်ဆိုရင်တောင် ဘက်ထရီအားက စက္ကန့်ပိုင်းအတွင်းမှာ ၅% အထိ ကုန်စရာ အကြောင်းမရှိပါဘူး။ ဒါဟာ စိတ်အနှောက်အယှက်ဖြစ်စရာ Software ပြဿနာတစ်ခုဖြစ်ပြီး၊ ပထမဦးဆုံး Android OS Update ထုတ်ပေးတဲ့အခါမျိူးတွေမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ပြဿနာပါ။ လက်ရှိမှာတော့ Sammobile က တာဝန်ရှိသူတစ်ဦးက အဆိုပါ ပြဿနာကို သူတစ်ယောက်ထဲဘဲ ကြုံတွေ့နေရတာလား ဒါမှမဟုတ် တခြားသူတွေရော ကြုံတွေ့နေရတာလား ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် Galaxy S9 ကို Android 9 Pie Update တင်ပြီးတဲ့အခါမှာ ဘက်ထရီအကုန်မြန်တဲ့ ပြဿနာ ကြုံတွေ့နေရတဲ့ နောက်တစ်ယောက်ရှိသေးတယ်လို့ သိရပါတယ်။ ဒါ့ကြောင့်လည်း Samsung ဘက်က Galaxy S9 ရဲ့ Android 9 Pie Update ကို ကမ္ဘာအနှံ့အပြားမှာ ထုတ်မပေးသေးဘဲ နိုင်ငံတစ်ချိူ့မှာသာ စမ်းသပ် ထုတ်ပေးနေတာ ဖြစ်နိုင်ပါတယ်။

Samsung Galaxy S9 နဲ့ Galaxy S9 Plus တို့ရဲ့ Android 9 Pie OneUI Update တွေကို လာမယ့် ၂၀၁၉ခုနှစ် ဇန်နဝါရီလထဲမှာ ကမ္ဘာအနှံ့အပြားကို တရားဝင်ဖြန့်ချီသွားမှာဖြစ်ပြီး Galaxy Note 9 ကတော့ ဖေဖော်ဝါရီထဲကျမှ ရရှိမယ်လို့ သိရပါတယ်။ ဘာဘဲဖြစ်ဖြစ် ကမ္ဘာအနှံ့အပြားကို ဖြန့်ချီပေးတဲ့အခါမှာတော့ ခြောက်ပြစ်ကင်း သဲလဲစင် Android 9 Pie OneUI Update အဖြစ် ထွက်ရှိလာဖို့ မျှော်လင့်မိပါတယ်။

Ref : Sammobile