Marvel ရုပ္ရွင္ကားေတြရဲ႕ ပရိသတ္ေတြေရာ၊ စူပါဟီးရုိးဖန္ေတြ အတြက္ပါ လက္ရွိမွာ အရမ္းေဆာ့လို႔ ေကာင္းေနတဲ့ ဂိမ္းေလးတစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ အဲ့ဒါကေတာ့ Marvel နဲ႔ FoxNext စတူဒီယိုတုိ႔ ပူးေပါင္းျပီး ထုတ္ထားတဲ့ Marvel Strike Force ပါပဲ။ Android / iOS ႏွစ္မ်ဳိးလုံးမွာ အခမဲ့ရရွိႏုိင္တဲ့ ဂိမ္းတစ္ခု ျဖစ္ပါတယ္။

Plot

S.H.I.E.L.D.S အဖြဲ႕ၾကီးဟာ အေမရိကန္အစုိးရရဲ႕ လက္ေအာက္ကေန တစ္ကမာၻလုံးမွာ ရွိတဲ့ စူပါစြမ္းအားရွင္ေတြရဲ႕ အေရးကို တိတ္တဆိတ္ေျဖရွင္းဖို႔ တည္ေထာင္ထားတာ ျဖစ္ပါတယ္။ S.T.R.I.K.E ဆုိတဲ့ အဖြဲ႕ကေတာ့ SHIELDS ရဲ႕လက္ေအာက္ကေန အျခားဒုိင္ေမးရွင္းေတြ၊ စၾကာဝဠာေတြက ဝင္ေရာက္လာတဲ့ အႏၱရာယ္ေတြကို တားဆီးဖို႔ ၾကိဳတင္ဖြဲ႕စည္းထားတာပါ။

တစ္ေန႔မွာ Kree ျဂိဳဟ္သားေတြဟာ စြမ္းအားၾကီးမားတဲ့ ေခါင္းေဆာင္ၾကီး Ultimus ရဲ႕အစြမ္းနဲ႔ မတူညီတဲ့ စၾကာဝဠာေတြက ဟီးရုိးေတြကို အသိဥာဏ္မဲ့ ေက်းကၽြန္ေတြ ျဖစ္ေအာင္ လုပ္ျပီး စၾကာဝဠာတစ္ခုျပီးတစ္ခု သိမ္းလာလုိက္တာ လက္ရွိကမာၻကို ေရာက္လာတဲ့ထိပါပဲ။

ဒီအခါမွာ ကမာၻေပၚက Avengers, X-Men, Defenders တုိ႔လို ဟီးရုိးေတြသာ မကဘဲ Crossbone, Bulleye, Deadpool တုိ႔လုိ Anti-Hero ေတြ၊ ဗီလိန္ေတြကပါ တစ္ကမာၻလုံးအေနနဲ႔ ပူးေပါင္းျပီး Kree ေတြကို ျပန္ခ်ရင္း တျခားကမာၻက ဟီးရုိးေတြကိုပါ ကယ္တင္ရေတာ့မွာပါ။

Gameplay

ဒီဂိမ္းရဲ႕ အမ်ဳိးအစားကေတာ့ မာလ္တီပေလယာ Strategy RPG ျဖစ္ပါတယ္။ ျမင္ေနရၾက မုိဘုိင္း RPG Strategy ဂိမ္းကို Marvel ဇာတ္ေကာင္ေတြ ထည့္ထားတာပါပဲ။ ကစားသူက ဟီးရိုးေတြကို စုရမယ္၊ Upgrade တင္ရမယ္၊ Level တင္ရမယ္။ အၾကိဳက္ဆုံးငါးေယာက္ကို အသင္းတစ္သင္းဖြဲ႕ျပီး Campaign, Arena နဲ႔ Event ေတြကို အႏုိင္ေဆာ့ရမယ္။

ေဆာ့ဖူးသမွ်ထဲမွာ ဒီလုိအမ်ဳိးအစားထဲက DC ဟီးရုိးေတြနဲ႔ ပုံစံတူဂိမ္း DC Legends, Star Wars ကာရုိက္တာေတြနဲ႔ Galaxy of Heroes, Disney ကာတြန္းကာရုိက္တာေတြနဲ႔ Disney Heroes Battle Mode ဆုိျပီး ရွိၾကပါတယ္။ ဒါေပမယ့္ ဂိမ္းရဲ႕တည္ျငိမ္မႈ၊ ဂရပ္ဖစ္ရုပ္ထြက္၊ ရွင္းလင္းမႈ၊ ကစားရတာ သြက္လက္မႈမွာ Marvel Strike Force ကို တစ္ခုမွ မမီဘူး။

ပေလယာေတြဟာ Campaign ေတြ၊ Mission ေတြေဆာ့ရင္းနဲ႔ Level တက္လာမယ္။ ကစားသူရဲ႕ Level နဲ႔အညီ ကိုယ့္ဟီးရုိးေတြကို Level တင္လို႔ရမယ္။ အျမင့္ဆုံး Level cap ကေတာ့ ေလာေလာဆယ္ 65 ပါ။ ေနာက္ျပီး တျခားပေလယာေတြနဲ႔လည္း Arena မွာ တုိက္ရုိက္ယွဥ္ျပိဳင္ႏုိင္မွာျဖစ္သလို Alliance (Guild / Clan) ေတြထဲ ဝင္ႏုိင္ရင္လည္း ေန႔စဥ္ Raid ေတြ ဝင္ေရာက္ကစားရင္း Bonus ေတြရမွာျဖစ္တယ္။

ဒီဂိမ္းရဲ႕ ထူးျခားခ်က္က ေန႔စဥ္ Bonus ေတြ အမ်ားၾကီးေပးတာပါပဲ။ ကစားသူတစ္ေယာက္ဟာ စိတ္ရွည္ရွည္နဲ႔ Active ျဖစ္ျဖစ္ ကစားမွသာ ၾကမ္းမွာ ျဖစ္ပါတယ္။ ဝယ္ေဆာ့ဖို႔ သူ႕ရဲ႕ In-app Purchase ကို သြားၾကည့္ရင္ ေစ်းေတြက လုံးဝမတန္ပါဘူး။ ေနာက္ျပီး လစဥ္ ကာရုိက္တာအသစ္ေတြ ထည့္ေပးတာ၊ Event ေတြ တလွည့္စီ က်င္းပေပးတာကလည္း ျငီးေငြ႕စရာမေကာင္းေအာင္ ဆြဲေဆာင္ေပးႏုိင္တယ္။

Graphic Quality

ဂရပ္ဖစ္ပုိင္းက မုိဘုိင္းေပၚမွာ ျခဳံၾကည့္ရင္ ေကာင္းတယ္။ အရမ္း အနီးကပ္ၾကည့္စရာ မလိုေတာ့ သိပ္ျပီး ဂ်ီးမ်ားဖို႔ မရွိဘူး။ ဒါ့အျပင္ DC Legends နဲ႔ Star Wars ထက္ေတာ့ ပိုေခ်ာေမြ႕တယ္။ Marvel ဇာတ္ေကာင္ေတြရဲ႕ အန္နီေမးရွင္းနဲ႔ ေကာမစ္ထဲက ပုံသ႑ာန္ကိုသာ ဦးစားေပး တည္ေဆာက္ထားတယ္။ တခါတေလ Update ေတြ ထြက္ခါစ အခ်ိန္ေလာက္မွာပဲ Glitch ေတြကို ေတြ႕ရတတ္ပါတယ္။ User Interface ကေတာ့ အားလုံးထဲမွာ အရွင္းလင္းဆုံးပဲ။

စူပါဟီးရုိးဖန္ေတြအေနနဲ႔ အေပ်ာ္တမ္းပဲ ေဆာ့ေဆာ့၊ Hardcore ပဲေဆာ့ေဆာ့ အဆင္ေျပတာကေတာ့ Marvel Strike Force ပါပဲ။ အျပင္မွာ ထြက္လာတဲ့ ရုပ္ရွင္ကားေတြနဲ႔ပါ လုိက္ျပီး ကာရုိက္တာ အသစ္ေတြ ညွိထုတ္ေပးေနတာေၾကာင့္ အျမဲလိုလို Up to Date လည္း ျဖစ္ေနတတ္တယ္။ RPG စတုိင္ ေဆာ့ရတာ ၾကိဳက္ရင္ စမ္းေဆာ့ၾကည့္သင့္ပါတယ္။

Unicode

Marvel ရုပ်ရှင်ကားတွေရဲ့ ပရိသတ်တွေရော၊ စူပါဟီးရိုးဖန်တွေ အတွက်ပါ လက်ရှိမှာ အရမ်းဆော့လို့ ကောင်းနေတဲ့ ဂိမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ Marvel နဲ့ FoxNext စတူဒီယိုတို့ ပူးပေါင်းပြီး ထုတ်ထားတဲ့ Marvel Strike Force ပါပဲ။ Android / iOS နှစ်မျိုးလုံးမှာ အခမဲ့ရရှိနိုင်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

Plot

S.H.I.E.L.D.S အဖွဲ့ကြီးဟာ အမေရိကန်အစိုးရရဲ့ လက်အောက်ကနေ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ စူပါစွမ်းအားရှင်တွေရဲ့ အရေးကို တိတ်တဆိတ်ဖြေရှင်းဖို့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ S.T.R.I.K.E ဆိုတဲ့ အဖွဲ့ကတော့ SHIELDS ရဲ့လက်အောက်ကနေ အခြားဒိုင်မေးရှင်းတွေ၊ စကြာဝဠာတွေက ဝင်ရောက်လာတဲ့ အန္တရာယ်တွေကို တားဆီးဖို့ ကြိုတင်ဖွဲ့စည်းထားတာပါ။

တစ်နေ့မှာ Kree ဂြိုဟ်သားတွေဟာ စွမ်းအားကြီးမားတဲ့ ခေါင်းဆောင်ကြီး Ultimus ရဲ့အစွမ်းနဲ့ မတူညီတဲ့ စကြာဝဠာတွေက ဟီးရိုးတွေကို အသိဉာဏ်မဲ့ ကျေးကျွန်တွေ ဖြစ်အောင် လုပ်ပြီး စကြာဝဠာတစ်ခုပြီးတစ်ခု သိမ်းလာလိုက်တာ လက်ရှိကမ္ဘာကို ရောက်လာတဲ့ထိပါပဲ။

ဒီအခါမှာ ကမ္ဘာပေါ်က Avengers, X-Men, Defenders တို့လို ဟီးရိုးတွေသာ မကဘဲ Crossbone, Bulleye, Deadpool တို့လို Anti-Hero တွေ၊ ဗီလိန်တွေကပါ တစ်ကမ္ဘာလုံးအနေနဲ့ ပူးပေါင်းပြီး Kree တွေကို ပြန်ချရင်း တခြားကမ္ဘာက ဟီးရိုးတွေကိုပါ ကယ်တင်ရတော့မှာပါ။

Gameplay

ဒီဂိမ်းရဲ့ အမျိုးအစားကတော့ မာလ်တီပလေယာ Strategy RPG ဖြစ်ပါတယ်။ မြင်နေရကြ မိုဘိုင်း RPG Strategy ဂိမ်းကို Marvel ဇာတ်ကောင်တွေ ထည့်ထားတာပါပဲ။ ကစားသူက ဟီးရိုးတွေကို စုရမယ်၊ Upgrade တင်ရမယ်၊ Level တင်ရမယ်။ အကြိုက်ဆုံးငါးယောက်ကို အသင်းတစ်သင်းဖွဲ့ပြီး Campaign, Arena နဲ့ Event တွေကို အနိုင်ဆော့ရမယ်။

ဆော့ဖူးသမျှထဲမှာ ဒီလိုအမျိုးအစားထဲက DC ဟီးရိုးတွေနဲ့ ပုံစံတူဂိမ်း DC Legends, Star Wars ကာရိုက်တာတွေနဲ့ Galaxy of Heroes, Disney ကာတွန်းကာရိုက်တာတွေနဲ့ Disney Heroes Battle Mode ဆိုပြီး ရှိကြပါတယ်။ ဒါပေမယ့် ဂိမ်းရဲ့တည်ငြိမ်မှု၊ ဂရပ်ဖစ်ရုပ်ထွက်၊ ရှင်းလင်းမှု၊ ကစားရတာ သွက်လက်မှုမှာ Marvel Strike Force ကို တစ်ခုမှ မမီဘူး။

ပလေယာတွေဟာ Campaign တွေ၊ Mission တွေဆော့ရင်းနဲ့ Level တက်လာမယ်။ ကစားသူရဲ့ Level နဲ့အညီ ကိုယ့်ဟီးရိုးတွေကို Level တင်လို့ရမယ်။ အမြင့်ဆုံး Level cap ကတော့ လောလောဆယ် 65 ပါ။ နောက်ပြီး တခြားပလေယာတွေနဲ့လည်း Arena မှာ တိုက်ရိုက်ယှဉ်ပြိုင်နိုင်မှာဖြစ်သလို Alliance (Guild / Clan) တွေထဲ ဝင်နိုင်ရင်လည်း နေ့စဉ် Raid တွေ ဝင်ရောက်ကစားရင်း Bonus တွေရမှာဖြစ်တယ်။

ဒီဂိမ်းရဲ့ ထူးခြားချက်က နေ့စဉ် Bonus တွေ အများကြီးပေးတာပါပဲ။ ကစားသူတစ်ယောက်ဟာ စိတ်ရှည်ရှည်နဲ့ Active ဖြစ်ဖြစ် ကစားမှသာ ကြမ်းမှာ ဖြစ်ပါတယ်။ ဝယ်ဆော့ဖို့ သူ့ရဲ့ In-app Purchase ကို သွားကြည့်ရင် ဈေးတွေက လုံးဝမတန်ပါဘူး။ နောက်ပြီး လစဉ် ကာရိုက်တာအသစ်တွေ ထည့်ပေးတာ၊ Event တွေ တလှည့်စီ ကျင်းပပေးတာကလည်း ငြီးငွေ့စရာမကောင်းအောင် ဆွဲဆောင်ပေးနိုင်တယ်။

Graphic Quality

ဂရပ်ဖစ်ပိုင်းက မိုဘိုင်းပေါ်မှာ ခြုံကြည့်ရင် ကောင်းတယ်။ အရမ်း အနီးကပ်ကြည့်စရာ မလိုတော့ သိပ်ပြီး ဂျီးများဖို့ မရှိဘူး။ ဒါ့အပြင် DC Legends နဲ့ Star Wars ထက်တော့ ပိုချောမွေ့တယ်။ Marvel ဇာတ်ကောင်တွေရဲ့ အန်နီမေးရှင်းနဲ့ ကောမစ်ထဲက ပုံသဏ္ဍာန်ကိုသာ ဦးစားပေး တည်ဆောက်ထားတယ်။ တခါတလေ Update တွေ ထွက်ခါစ အချိန်လောက်မှာပဲ Glitch တွေကို တွေ့ရတတ်ပါတယ်။ User Interface ကတော့ အားလုံးထဲမှာ အရှင်းလင်းဆုံးပဲ။

စူပါဟီးရိုးဖန်တွေအနေနဲ့ အပျော်တမ်းပဲ ဆော့ဆော့၊ Hardcore ပဲဆော့ဆော့ အဆင်ပြေတာကတော့ Marvel Strike Force ပါပဲ။ အပြင်မှာ ထွက်လာတဲ့ ရုပ်ရှင်ကားတွေနဲ့ပါ လိုက်ပြီး ကာရိုက်တာ အသစ်တွေ ညှိထုတ်ပေးနေတာကြောင့် အမြဲလိုလို Up to Date လည်း ဖြစ်နေတတ်တယ်။ RPG စတိုင် ဆော့ရတာ ကြိုက်ရင် စမ်းဆော့ကြည့်သင့်ပါတယ်။