အိမ်မှာပဲ Laptop နဲ့ ဂိမ်းဆော့တတ်တဲ့ Gamer များအတွက် သွားရည်ကျစေမယ့် Gaming Laptop လေးပါ။ Razer Blade Pro 2016 Edition ဖြစ်ပါတယ်။ နာမည်ကြားတာနဲ့ Pro Gamer တွေကတော့ စိတ်ဝင်စားမှာ အမှန်ပါပဲ။

ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာကတော့ သူ့ရဲ့ Function လေးတွေပါ။

ပါးလွှာတယ်။ 4K Touch Display လေးက သိပ်လှတယ်။ Low-Profile Mechanical Keyboard လေးကလည်း စိတ်တိုင်းကျစေမှာပါ။ Laptop ရဲ့ Lighting ကို ကိုယ်ကြိုက်တဲ့အရောင် ပြောင်းလဲနိုင်ပါတယ်။

17-inch Gaming Laptop ထဲမှာ Razer Blade Pro ကတော့ အလှဆုံးလို့တောင် ဆိုရမှာပါ။

Amazon မှာ ဝယ်မယ်ဆိုရင်တော့ $3,699.99 ကျသင့်မှာပါ။

ကြည့်လိုက်တာနဲ့ Luxurious ဖြစ်မှန်း သိသာပါတယ်။ သုံးကြည့်ရင် ပိုတောင် သိသာပါမယ်။

0.88×16.8×10.9 လက်မ ထုထည်ရှိပြီး 7.72 ပေါင် အလေးချိန်ရှိပါတယ်။ 3,840×2,160 Resolution(4K)နဲ့ 17.3 inch Screenဖြစ်ပြီး IGZO (Indium Gallium Zinc Oxide) ကြောင့် အရောင်အသွေးတောက်ပမှုနဲ့ ရုပ်ထွက်က ပြောစရာမလိုပါဘူး။ Ultra Low Profile Mechanical Keyboard ကြောင့် ကီးတစ်ချက်နှိပ်တိုင်း Click သံ ကြားရမယ့်အပြင် ခလုပ်နှိပ်လိုက်ရတဲ့ Feeling ကလည်း အံ့သြစရာပါ။ တခြား Blade Systems တွေလိုပဲ Key တစ်ခုချင်းစီမှာ Backlit, Effect နဲ့ Color တွေပါပါတယ်။ အဲ့ဒါတွေကိုလည်း စိတ်ကြိုက် Customize ပြန်လုပ်နိုင်ပါသေးတယ်။

Dual-Firing Speakers ကတော့ ကျယ်လောင်စူးရှ ကြည်လင်ပြတ်သားတဲ့ အသံကို ထုတ်ပေးပြီး Volume Level ကို ထိန်းညှိပေးထားတဲ့ အတွက် အကြားအာရုံကို မထိခိုက် ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက် မဖြစ်စေဘဲ ဂိမ်းထဲမှာ ပါဝင်မျောလွင့်နိုင်မှာဖြစ်ပါတယ်။ Storage အတွက် 512GB ပါပြီးသားပါ။ Storage ထပ်တိုးချင်တယ်ဆိုရင် Order မှာကတည်းက ပြောထားလို့ရပါတယ်။ ဒါပေမယ့် ဈေးပိုကျသင့်ပါမယ်။ 1TB အတွက် $3,999.99 နဲ့ 2TB အတွက် $4,499.99 ပေးရမှာဖြစ်ပါတယ်။ 512GB ကလည်း မနည်းလှဘူးဆိုပေမယ့် Game တွေအများကြီး သွင်းတဲ့အခါ မပြောပလောက်တော့ပါဘူး။

Windows 10 နဲ့ 1 Year Warranty လည်း ပါရှိပါတယ်။

တခြားဘာတွေပါဦးမလဲဆိုရင် 2.6GHz Intel Core i7-6700HQ Processor, 8GB Nvidia GeForce GTX 1080 Graphics Card, 32GB Memory တို့ပါပါတယ်။

သူ့ရဲ့အားနည်းချက်လေးတွေကတော့ 512 GB ပဲရပါတယ်။ ထပ်တိုးရင်တော့ ပိုပေးရမှာပါ။ heat တက်တာ မြန်ပါတယ်။ Fan ဖွင့်ဖို့လိုအပ်ပါတယ်။ အားနည်းချက်ထက်စာရင် အားသာချက်က ပိုများတယ်လို့ ပြောရမှာပါပဲ။ ဝယ်ပြီးလို့ နောင်တမရမယ့် Gaming Laptop လို့လည်း ပြောလို့ရပါတယ်။ အသစ်ထွက်လာမယ့် Gaming Laptop တွေကို စောင့်ကြည့်ရင်း နှိုင်းယှဉ်ကြည့်ဖို့ အကောင်းဆုံး Laptop ဖြစ်ပါတယ်။