[Zawgyi]

Qualcomm ဟာ Apple ကို မူပိုင္ခြင့္နဲ႔ပတ္သက္ၿပီး ဆက္တိုက္ဆိုသလို ထိုးႏွက္တိုက္ခိုက္မႈေတြ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းက တ႐ုတ္ႏိုင္ငံတရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ထားၿပီး Apple ရဲ႕ ေရာင္းခ်ခြင့္ကို ပိတ္ပင္ခဲ့ဖူးပါတယ္။ အခုတစ္ခါက်ျပန္ေတာ့ ဂ်ာမန္တရား႐ုံးမွာ Apple ကို ပိတ္ပင္ဖို႔ ႀကိဳးစားခဲ့တာပါ။

ဒီတစ္ခါမွာလည္း Qualcomm က ေအာင္ျမင္ခဲ့ပါတယ္။ ဂ်ာမန္တရား႐ုံးကလည္း Qualcomm ရဲ႕ ေတာင္းဆိုခ်က္ဟာ မွန္ကန္ေၾကာင္း လက္ခံသုံးသပ္ခဲ့ၿပီး မူပိုင္ခြင့္နဲ႔ ၿငိစြန္းတဲ့ iPhone 7 နဲ႔ 8 models ေတြကို ေရာင္းခ်ခြင့္ ပိတ္ပင္လိုက္ပါတယ္။ Apple ကေတာ့ ဒီျပႆနာအတြက္ ေျဖရွင္းရဦးမွာပါ။

ဂ်ာမနီတရား႐ုံးက ပိတ္ပင္လိုက္တဲ့ Intel modems နဲ႔ iPhone models ေတြအတြက္ Apple က မူပိုင္ခြင့္ ကင္းလြတ္ေအာင္ လုပ္ေပးမွ ေရာင္းခ်ႏိုင္မွာ ဆိုေပမယ့္ Third-party လက္လီအေရာင္းဆိုင္ အခ်ိဳ႕ကေတာ့ ဆက္လက္ေရာင္းခ်ေနဆဲလို႔ သိရပါတယ္။ Apple ရဲ႕ ထုတ္ျပန္ေၾကညာခ်က္မွာေတာ့ iPhone XS, XS Max နဲ႔ XR တို႔ဟာ Qualcomm ရဲ႕ မူပိုင္ခြင့္နဲ႔ မၿငိစြန္းတဲ့အတြက္ ဆက္လက္ ေရာင္းခ်ေနဦးမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ တားျမစ္မႈျဖစ္တဲ့ တ႐ုတ္တရား႐ုံးမွာ ဦးတိုက္ေလွ်ာက္ထားခဲ့တာကေတာ့ မတူညီတဲ့ မူပိုင္ခြင့္နဲ႔ ျဖစ္ခဲ့ၿပီး iPhone X, 8 နဲ႔ အျခား model ေတြကို ပိတ္ပင္ႏိုင္ခဲ့ပါတယ္။ Chip ထုတ္လုပ္မႈ လုပ္ငန္းႀကီးက iPhone XS နဲ႔ XR တို႔ကို တ႐ုတ္မွာ ေရာင္းခ်ေနျခင္းကို ေႏွာင့္ယွက္ဖို႔လည္း ရည္႐ြယ္ခဲ့ပါေသးတယ္။ အခုေလာေလာဆယ္ေတာ့ ႏွစ္ႏိုင္ငံမွာ ပိတ္ပင္ႏိုင္ခဲ့ၿပီဆိုေတာ့ ေနာက္ထပ္ ဘယ္ႏိုင္ငံေတြမွာ iPhone ေရာင္းခ်ခြင့္ေတြ ပိတ္ပင္ခံရဦးမလဲဆိုတာ ေစာင့္ၾကည့္ရပါဦးမယ္။

 

Ref: GSMarena

 

[Unicode]

Qualcomm ဟာ Apple ကို မူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဆက်တိုက်ဆိုသလို ထိုးနှက်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက တရုတ်နိုင်ငံတရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး Apple ရဲ့ ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ဖူးပါတယ်။ အခုတစ်ခါကျပြန်တော့ ဂျာမန်တရားရုံးမှာ Apple ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့တာပါ။

ဒီတစ်ခါမှာလည်း Qualcomm က အောင်မြင်ခဲ့ပါတယ်။ ဂျာမန်တရားရုံးကလည်း Qualcomm ရဲ့ တောင်းဆိုချက်ဟာ မှန်ကန်ကြောင်း လက်ခံသုံးသပ်ခဲ့ပြီး မူပိုင်ခွင့်နဲ့ ငြိစွန်းတဲ့ iPhone 7 နဲ့ 8 models တွေကို ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။ Apple ကတော့ ဒီပြဿနာအတွက် ဖြေရှင်းရဦးမှာပါ။

ဂျာမနီတရားရုံးက ပိတ်ပင်လိုက်တဲ့ Intel modems နဲ့ iPhone models တွေအတွက် Apple က မူပိုင်ခွင့် ကင်းလွတ်အောင် လုပ်ပေးမှ ရောင်းချနိုင်မှာ ဆိုပေမယ့် Third-party လက်လီအရောင်းဆိုင် အချို့ကတော့ ဆက်လက်ရောင်းချနေဆဲလို့ သိရပါတယ်။ Apple ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ iPhone XS, XS Max နဲ့ XR တို့ဟာ Qualcomm ရဲ့ မူပိုင်ခွင့်နဲ့ မငြိစွန်းတဲ့အတွက် ဆက်လက် ရောင်းချနေဦးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တားမြစ်မှုဖြစ်တဲ့ တရုတ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာကတော့ မတူညီတဲ့ မူပိုင်ခွင့်နဲ့ ဖြစ်ခဲ့ပြီး iPhone X, 8 နဲ့ အခြား model တွေကို ပိတ်ပင်နိုင်ခဲ့ပါတယ်။ Chip ထုတ်လုပ်မှု လုပ်ငန်းကြီးက iPhone XS နဲ့ XR တို့ကို တရုတ်မှာ ရောင်းချနေခြင်းကို နှောင့်ယှက်ဖို့လည်း ရည်ရွယ်ခဲ့ပါသေးတယ်။ အခုလောလောဆယ်တော့ နှစ်နိုင်ငံမှာ ပိတ်ပင်နိုင်ခဲ့ပြီဆိုတော့ နောက်ထပ် ဘယ်နိုင်ငံတွေမှာ iPhone ရောင်းချခွင့်တွေ ပိတ်ပင်ခံရဦးမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

 

Ref: GSMarena