Zawgyi Font Version

Trajectory – Huawei Mate 20 wallpaper




Wallpaper ရယူရန်ဒီကိုနှိပ်ပါ


Live Wallpaper ရယူရန်ဒီကိုနှိပ်ပါ။
Ref: XDA

Unicode Version

Trajectory – Huawei Mate 20 wallpaper

Huawei Mate 20 နဲ့ Mate 20 Pro ကို အောက်တိုဘာ (၁၆) ရက်မှာ မိတ်ဆက်တော့မှာပါ။ XDA Developer တွေဆီ မှာ Mate 20 တွေရဲ့ Firmware ရရှိထားပြီး တစ်ချို့ Camera Feature အသစ်တွေကို Leak လုပ်ခဲ့ပါတယ်။ XDA Developer တွေဟာ အဆိုပါ Mate 20 နဲ့ Mate 20 Pro တို့ရဲ့ EMUI 9 Firmware တွေထဲက Wallpaper တွေ နဲ့ Live Wallpaper တွေကို တစ်ခြားဖုန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် ဖြည်ထုတ်ပေးခဲ့ပါတယ်။

Legend – Huawei Mate 20 wallpaper

အောက်တိုဘာ (၁၆) မှာ Mate 20 တွေကိုမိတ်ဆက်တော့မှာဖြစ်ပြီး သူ့ကိုယ်ပိုင် Wallpaper အလန်းတွေနဲ့ ပွဲထွက်လာမှာပါ။ ဒါပေမယ့်လည်း XDA Developer တွေဆီမှာ Firmware ရရှိပြီးသားမို့လို ကိုယ့်ဖုန်းက ဘာဖုန်းပဲဖြစ်ဖြစ် Mate 20 ရဲ့ Wallpaper တွေကိုဒေါင်းပြီး ကိုယ့် Home Screen, Launcher ကို အလန်းအစားဖြစ်အောင် ပြောင်းလဲနိုင်ပါပြီ။ 2160×2244 Resolution ရှိတဲ့ 2K Wallpaper ပေါင်း (၁၄) ခုပါဝင်ပါတယ်။ Wallpaper Download Link ကိုအောက်မှာပေးထားပါတယ်။

Wallpaper ရယူရန်ဒီကိုနှိပ်ပါ

ရိုးရိုး Wallpaper တွေအပြင် လှုပ်ရှားနေတဲ့ Live Wallpaper တွေကိုပါ Mate 20 ရဲ့ Firmware ထဲမှာတွေ့ရှိခဲ့ပါတယ်။ Huawei ဖုန်းတွေပေါ်မှာပဲ အလုပ်လုပ်မယ့် Apk လို့ခေါ်တဲ့ Application Package File အနေနဲ့ ထည့်သွင်းထားတာကြောင့် တစ်ခြားဖုန်းတွေမှာအလုပ်လုပ်ဖို့အတွက် XDA Developer တွေကနေပြီးတော့ အဆိုပါ Apk ကို ဘယ်ဖုန်းပေါ်မှာ မဆိုအလုပ်လုပ်နိုင်ဖို့ပြန်ပြုပြင်ခဲ့ပါတယ်။ လောလောဆယ်မှာ Android Pie အသုံးပြုထားတဲ့ OnePlus 6 နဲ့ Pixel 2XL တို့ပေါ်မှာတော့စမ်းသပ်ထားပြီး တစ်ခြားဖုန်းတွေမှာ အလုပ်မလုပ်တော့ အာမ မခံပါဘူးတဲ့။ Mate 20 ရဲ့ Live Wallpaper တွေကိုဒေါင်းလုဒ်ရယူဖို့ အောက်မှာ Link ပေးထားပါတယ်။

Live Wallpaper ရယူရန်ဒီကိုနှိပ်ပါ။

Ref: XDA