Zawgyi

OnePlus ဟာ တစ္ႏွစ္နဲ႔ တစ္ႏွစ္ လူၾကိဳက္မ်ားသည္ထက္ မ်ားလာတဲ့ စမတ္ဖုန္း ကုမၸဏီ တစ္ခုပါ။ OnPlus နဲ႔ပက္သက္ျပီး စိတ္ဝင္စားဖို႔ အေကာင္းဆံုးအခ်က္ကေတာ့ တစ္ျခား ဖုန္းေတြလို Mid-range ေတြ Budget ဖုန္းေတြထုတ္ေလ့မရွိပဲ တစ္ႏွစ္လံုးေနမွ Flagship အဆင့္ ဖုန္းႏွစ္လံုးထုတ္လုပ္တာပါ။ ခြ်င္းခ်က္အေနနဲ႔ေတာ့ OnePlus X ဆိုတဲ့ ဖုန္းတစ္လံုးထုတ္လုပ္ခဲ့ျပီး ထင္သေလာက္ ေအာင္ျမင္မွုမရခဲ့တာေၾကာင့္ OnePlus ရဲ႕ ကိုယ္ပိုင္ အစဥ္အလာအတိုင္း တစ္ႏွစ္ကို Flagship ႏွစ္လံုးစီ ဆက္ထုတ္ခဲ့ပါတယ္။ ဒီႏွစ္ထဲမွာပဲ OnePlus 6 နဲ႔ OnePlus 6 ရဲ႕ အဆင့္ျမင့္ ဗားရွင္းျဖစ္တဲ့ OnePlus 6T တို႔ကို မိတ္ဆက္ထားပါတယ္။ သင္သာ OnePlus Fan တစ္ေယာက္ဆိုရင္ OnePlus ဟာ Limited Edition ဖုန္းေတြထုတ္တဲ့ေနရာမွာ နာမည္ၾကီးတယ္ဆိုတာကို သိထားမွာပါ။ OnePlus 6 တုန္းက Marvel နဲ႔ေပါင္းျပီး Avengers Edition ထုတ္ထားပါေသးတယ္။ အခု OnePlus 6T မွာေတာ့ နာမည္ၾကီး ျပိဳင္ကား ကုမၸဏီ McLaren နဲ႔ေပါင္းျပီး OnePlus 6T McLaren Edition ကို ထပ္ထုတ္လိုက္ပါျပီ။ အဆိုပါ McLaren Edition မွာ သူ႔အတြက္ သီးသန္႔ Wallpaper ေတြနဲ႔ Boot Animation ေတြပါဝင္လာပါတယ္။ သီးသန္႔ Wallpaperေတြျဖစ္ေပမယ့္ XDA Developer ေတြရဲ႕ အကူအညီနဲ႔ OnePlus 6 နဲ႔ 6T မွာပါ အဆိုပါ Wallpaper ေတြအသံုးျပဳလို႔ရမွာပါ။

အဆိုပါ OnePlus 6T McLaren Edition ရဲ႕ Wallpaper ေတြနဲ႔ Boot Animation ေတြကို Magisk Module အေနနဲ႔ Magisk Manager ကေန တစ္ဆင့္ ထည့္သြင္းရမွာပါ။ Magisk Module ဆိုတာကေတာ့ OnePlus အသံုးျပဳသူေတြအေနနဲ႔ ရင္းႏွီးေနက် အရာတစ္ခုျဖစ္မွာပါ။ Magisk Module လို႔ေျပာထားတဲ့အတြက္ ဖုန္းကို Bootloader Unlock လုပ္ျပီး Magisk နဲ႔ Root လုပ္ထားရမွာပါ။ Root မလုပ္ထားရင္လည္း Wallpapers ေတြနဲ႔ Ringtone ေတြအသံုးျပဳလို႔ရျပီး Boot Animation ေတြအတြက္ကေတာ့ Magisk လိုမွာပါ။ McLaren Edition ရဲ႕ Magisk Module ကို ေအာက္က Link ကေနျပီး ေဒါင္းလုတ္ လုပ္ႏိုင္ပါတယ္။

>>>McLaren Wallpapers<<<

>>>McLaren Sound Pack<<<

>>>McLaren Magisk Module<<<

Ref: XDA

Unicode

OnePlus ဟာ တစ်နှစ်နဲ့ တစ်နှစ် လူကြိုက်များသည်ထက် များလာတဲ့ စမတ်ဖုန်း ကုမ္ပဏီ တစ်ခုပါ။ OnPlus နဲ့ပက်သက်ပြီး စိတ်ဝင်စားဖို့ အကောင်းဆုံးအချက်ကတော့ တစ်ခြား ဖုန်းတွေလို Mid-range တွေ Budget ဖုန်းတွေထုတ်လေ့မရှိပဲ တစ်နှစ်လုံးနေမှ Flagship အဆင့် ဖုန်းနှစ်လုံးထုတ်လုပ်တာပါ။ ချွင်းချက်အနေနဲ့တော့ OnePlus X ဆိုတဲ့ ဖုန်းတစ်လုံးထုတ်လုပ်ခဲ့ပြီး ထင်သလောက် အောင်မြင်မှုမရခဲ့တာကြောင့် OnePlus ရဲ့ ကိုယ်ပိုင် အစဉ်အလာအတိုင်း တစ်နှစ်ကို Flagship နှစ်လုံးစီ ဆက်ထုတ်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ OnePlus 6 နဲ့ OnePlus 6 ရဲ့ အဆင့်မြင့် ဗားရှင်းဖြစ်တဲ့ OnePlus 6T တို့ကို မိတ်ဆက်ထားပါတယ်။ သင်သာ OnePlus Fan တစ်ယောက်ဆိုရင် OnePlus ဟာ Limited Edition ဖုန်းတွေထုတ်တဲ့နေရာမှာ နာမည်ကြီးတယ်ဆိုတာကို သိထားမှာပါ။ OnePlus 6 တုန်းက Marvel နဲ့ပေါင်းပြီး Avengers Edition ထုတ်ထားပါသေးတယ်။ အခု OnePlus 6T မှာတော့ နာမည်ကြီး ပြိုင်ကား ကုမ္ပဏီ McLaren နဲ့ပေါင်းပြီး OnePlus 6T McLaren Edition ကို ထပ်ထုတ်လိုက်ပါပြီ။ အဆိုပါ McLaren Edition မှာ သူ့အတွက် သီးသန့် Wallpaper တွေနဲ့ Boot Animation တွေပါဝင်လာပါတယ်။ သီးသန့် Wallpaperတွေဖြစ်ပေမယ့် XDA Developer တွေရဲ့ အကူအညီနဲ့ OnePlus 6 နဲ့ 6T မှာပါ အဆိုပါ Wallpaper တွေအသုံးပြုလို့ရမှာပါ။

အဆိုပါ OnePlus 6T McLaren Edition ရဲ့ Wallpaper တွေနဲ့ Boot Animation တွေကို Magisk Module အနေနဲ့ Magisk Manager ကနေ တစ်ဆင့် ထည့်သွင်းရမှာပါ။ Magisk Module ဆိုတာကတော့ OnePlus အသုံးပြုသူတွေအနေနဲ့ ရင်းနှီးနေကျ အရာတစ်ခုဖြစ်မှာပါ။ Magisk Module လို့ပြောထားတဲ့အတွက် ဖုန်းကို Bootloader Unlock လုပ်ပြီး Magisk နဲ့ Root လုပ်ထားရမှာပါ။ Root မလုပ်ထားရင်လည်း Wallpapers တွေနဲ့ Ringtone တွေအသုံးပြုလို့ရပြီး Boot Animation တွေအတွက်ကတော့ Magisk လိုမှာပါ။ McLaren Edition ရဲ့ Magisk Module ကို အောက်က Link ကနေပြီး ဒေါင်းလုတ် လုပ်နိုင်ပါတယ်။

>>>McLaren Wallpapers<<<

>>>McLaren Sound Pack<<<

>>>McLaren Magisk Module<<<

Ref: XDA