[Zawgyi]

Gionee ဆိုတဲ့ နာမည္နဲ႔ ဖုန္းေတာ္ေတာ္မ်ားမ်ား ကြ်န္ေတာ္တို႔ဆီမွာလည္း ေခတ္စားလိုက္ပါေသးတယ္။ ခုခ်ိန္ထိ မွတ္မွတ္ရရ သိၾကတဲ့သူေတြလည္း ရိွသလို တစ္ခ်ိဳ႕လည္း မသိသေလာက္ပါပဲ။ ဒီေန႔ကေတာ့ Gionee ကုမၸဏီအတြက္ သတင္းဆိုးတစ္ခုေတာ့ ထြက္လာတဲ့ ေန႔ပါ။ သတင္းဆိုးၾကီးကေတာ့ Gionee ကုမၸဏီၾကီး ေဒဝါလီခံလိုက္ရတာ တရားဝင္ျဖစ္သြားျပီဆိုတဲ့အေၾကာင္းပါပဲ။

Shenzhen တရားရံုးကေတာ့ Huaxing ဘဏ္ကတင္ထားတဲ့ ေဒဝါလီခံဖို႔ ခြင့္ျပဳလႊာကို လက္ခံလိုက္ျပီ ျဖစ္တဲ့အတြက္ Gionee အေနနဲ႔ ေဒဝါလီခံရေတာ့မွာ ျဖစ္ပါတယ္။ လာမယ့္ ၃ႏွစ္-၅ႏွစ္အတြင္းမွာ ျပန္လည္နာလန္ထူလာႏုိင္မယ္လို႔ Founder Liu Lirong က ေတြးခဲ့တဲ့အတြက္ ကုမၸဏီကို ျပန္လည္ဖြဲစည္းဖို႔ ျပီးခဲ့တဲ့တစ္ပတ္ကပဲ အၾကံေပးေတြ ငွားရမ္းခဲ့ပါေသးတယ္။

ဒါေပမယ့္ အေၾကြးွရွင္ေပါင္း ၆၄၈ ေယာက္စီ တရုတ္ယြမ္ ၂၀.၂ ဘီလီယံ (ေဒၚလာေပါင္း ၃ဘီလီယံ) အေၾကြးေပးခဲ့ရျပီး အဲ့ဒီတန္ဖိုးရဲ႕ တစ္ဝက္ေလာက္က ဘဏ္ကို အေၾကြးဆပ္လိုက္ရတာပါ။ ဒီႏွစ္အစပိုင္းကလည္း Supplier ေတြဆီေရာ ေၾကာ္ျငာေအဂ်င္စီေတြကိုပါ ေငြမေပးႏုိင္ခဲ့ပါဘူး။

တစ္ခ်ိဳ႕ စမတ္ဖုန္းကုမၸဏီေတြ စမတ္ဖုနး္ေလာကကေန ထြက္ခြာသြားရႏုိင္တယ္ဆိုတဲ့ ခန္႔မွန္းခ်က္က တီထြင္ဖန္တီးမႈေတြ နည္းပညာအသစ္အသစ္ေတြ မလုပ္ႏုိင္ေတာ့လို႔လို႔ ဆိုေပမယ့္ Gionee အတြက္ေတာ့ အဲဒီအေၾကာင္းရင္းေၾကာင့္ မဟုတ္ပါဘူး။

ဒီလို ေငြေၾကးအခက္အခဲေတြ အမ်ားၾကီး ျဖစ္ေနတာကို ပိုဆိုးသြားေစတာက Gionee ရဲ႕ တည္ေထာင္သူ ဥကၠဌ Liu က ကာစီႏုိမွာ တရုတ္ယြမ္ ၁ဘီလီယံေတာင္ ရံႈးသြားတဲ့ကိစၥေၾကာင့္ပါ။။ ေဒၚလာနဲ႔ တြက္ၾကည့္ရင္ ေဒၚလာ ၁၄၄သန္းဆိုတဲ့ ပမာဏက  ေတာ္ေတာ္ၾကီးမ်ားပါတယ္။

သူကေတာ့ ကုမၸဏီေငြေတြကို သံုးခဲ့တာမဟုတ္ဘူးလို႔ ထြက္ဆိုခဲ့တာက ကုမၸဏီေငြကို ေခ်းခဲ့တယ္လို႔ပဲ ေကြ႕ဝုိက္စဥ္းစားရမလား? ဘယ္လိုပဲေနေန ကုမၸဏီေဒဝါလီခံရတဲ့ အေၾကာင္းရင္းက ဇာတ္လမ္းတစ္ပုဒ္ေတာ့ ထြက္လာဦးမွာပါ။

Liu ကေတာ့ ကုမၸဏီအေနနဲ႔ 2013 ကေန 2015 အတြင္း တစ္လကို ေဒၚလာ ၁၄သန္းေလာက္ ရံႈးေနတာျဖစ္ျပီးေတာ့ ျပီးခဲ့တဲ့၂နွစ္အတြင္းမွာ အရံႈးေငြပမာဏက ၂ဆေတာင္ တက္လာခဲ့တယ္လို႔ ဆိုထားပါတယ္။ ဘယ္လိုအေၾကာင္းရင္းေၾကာင့္ပဲ ေဒဝါလီခံခံ Gionee ဆိုတဲ့ နာမည္ေလးကေတာ့ ထာဝရေပ်ာက္ကြယ္သြားေတာ့မွာပါပဲ။

Ref: GsmArena

[Unicode]

Gionee ဆိုတဲ့ နာမည်နဲ့ ဖုန်းတော်တော်များများ ကျွန်တော်တို့ဆီမှာလည်း ခေတ်စားလိုက်ပါသေးတယ်။ ခုချိန်ထိ မှတ်မှတ်ရရ သိကြတဲ့သူတွေလည်း ရှိသလို တစ်ချို့လည်း မသိသလောက်ပါပဲ။ ဒီနေ့ကတော့ Gionee ကုမ္ပဏီအတွက် သတင်းဆိုးတစ်ခုတော့ ထွက်လာတဲ့ နေ့ပါ။ သတင်းဆိုးကြီးကတော့ Gionee ကုမ္ပဏီကြီး ဒေဝါလီခံလိုက်ရတာ တရားဝင်ဖြစ်သွားပြီဆိုတဲ့အကြောင်းပါပဲ။

Shenzhen တရားရုံးကတော့ Huaxing ဘဏ်ကတင်ထားတဲ့ ဒေဝါလီခံဖို့ ခွင့်ပြုလွှာကို လက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် Gionee အနေနဲ့ ဒေဝါလီခံရတော့မှာ ဖြစ်ပါတယ်။ လာမယ့် ၃နှစ်-၅နှစ်အတွင်းမှာ ပြန်လည်နာလန်ထူလာနိုင်မယ်လို့ Founder Liu Lirong က တွေးခဲ့တဲ့အတွက် ကုမ္ပဏီကို ပြန်လည်ဖွဲစည်းဖို့ ပြီးခဲ့တဲ့တစ်ပတ်ကပဲ အကြံပေးတွေ ငှားရမ်းခဲ့ပါသေးတယ်။

ဒါပေမယ့် အကြွေးှရှင်ပေါင်း ၆၄၈ ယောက်စီ တရုတ်ယွမ် ၂၀.၂ ဘီလီယံ (ဒေါ်လာပေါင်း ၃ဘီလီယံ) အကြွေးပေးခဲ့ရပြီး အဲ့ဒီတန်ဖိုးရဲ့ တစ်ဝက်လောက်က ဘဏ်ကို အကြွေးဆပ်လိုက်ရတာပါ။ ဒီနှစ်အစပိုင်းကလည်း Supplier တွေဆီရော ကြော်ငြာအေဂျင်စီတွေကိုပါ ငွေမပေးနိုင်ခဲ့ပါဘူး။

တစ်ချို့ စမတ်ဖုန်းကုမ္ပဏီတွေ စမတ်ဖုန်းလောကကနေ ထွက်ခွာသွားရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်က တီထွင်ဖန်တီးမှုတွေ နည်းပညာအသစ်အသစ်တွေ မလုပ်နိုင်တော့လို့လို့ ဆိုပေမယ့် Gionee အတွက်တော့ အဲဒီအကြောင်းရင်းကြောင့် မဟုတ်ပါဘူး။

ဒီလို ငွေကြေးအခက်အခဲတွေ အများကြီး ဖြစ်နေတာကို ပိုဆိုးသွားစေတာက Gionee ရဲ့ တည်ထောင်သူ ဥက္ကဌ Liu က ကာစီနိုမှာ တရုတ်ယွမ် ၁ဘီလီယံတောင် ရှုံးသွားတဲ့ကိစ္စကြောင့်ပါ။။ ဒေါ်လာနဲ့ တွက်ကြည့်ရင် ဒေါ်လာ ၁၄၄သန်းဆိုတဲ့ ပမာဏက  တော်တော်ကြီးများပါတယ်။

သူကတော့ ကုမ္ပဏီငွေတွေကို သုံးခဲ့တာမဟုတ်ဘူးလို့ ထွက်ဆိုခဲ့တာက ကုမ္ပဏီငွေကို ချေးခဲ့တယ်လို့ပဲ ကွေ့ဝိုက်စဉ်းစားရမလား? ဘယ်လိုပဲနေနေ ကုမ္ပဏီဒေဝါလီခံရတဲ့ အကြောင်းရင်းက ဇာတ်လမ်းတစ်ပုဒ်တော့ ထွက်လာဦးမှာပါ။

Liu ကတော့ ကုမ္ပဏီအနေနဲ့ 2013 ကနေ 2015 အတွင်း တစ်လကို ဒေါ်လာ ၁၄သန်းလောက် ရှုံးနေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့၂နှစ်အတွင်းမှာ အရှုံးငွေပမာဏက ၂ဆတောင် တက်လာခဲ့တယ်လို့ ဆိုထားပါတယ်။ ဘယ်လိုအကြောင်းရင်းကြောင့်ပဲ ဒေဝါလီခံခံ Gionee ဆိုတဲ့ နာမည်လေးကတော့ ထာဝရပျောက်ကွယ်သွားတော့မှာပါပဲ။

Ref: GsmArena