Zawgyi

Xiaomi ကေန လြန္ခဲ့တဲ့ လအနည္းငယ္အၾကာက Android Pie Beta အေျခခံ MIUI 10 Update ကို Xiaomi Mi 8 အတြက္ ထုတ္ေပးခဲ့ပါတယ္။ အဆိုပါ Update ဟာ Global Beta ျဖစ္ျပီး တရုတ္ျပည္တြင္းဖုန္းေတြအတြက္ Android Pie Beta ထုတ္ေပးျပီး ရက္အနည္းငယ္အၾကာမွာပဲ ထုတ္ေပးခဲ့တာပါ။ Xiaomi လို စမတ္ဖုန္းေတြ အမ်ားၾကီးထုတ္လုပ္ေနတဲ့ ကုမၸဏီ တစ္ခုအတြက္ သူထုတ္ထားတဲ့ ဖုန္းေတြအကုန္လံုးကို Software Update ေပးဖို႔ဆိုတာ ေတာ္ေတာ္ေတာ့ မလြယ္ကူတဲ့ ကိစၥပါ။ ဒါေပမယ့္ အခုေတာ့ Mi 8 အတြက္ Android Pie Update ရရွိပါျပီ။

အဆိုပါ Android Pie Update ဟာ MIUI 10.1.1 အေနနဲ႔ ထြက္ရွိလာတာျဖစ္ျပီး Global Stable ဗားရွင္းျဖစ္လို႔ တရုတ္ App ေတြမပါ ပါဘူး။ အဆိုပါ MIUI 10.1.1 မွာ Android Pie ရဲ႕ နာမည္ၾကီး Feature ေတြေတာ္ေတာ္မ်ားမ်ားပါဝင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ MIUI ထံုးစံအတိုင္း ကိုယ္ပိုင္ Recent App UI အသံုးျပဳထားေၾကာင့္ Android Pie ရဲ႕ Recent App UI ကိုေတာ့ ေတြ႔ျမင္ရမွာမဟုတ္ပါဘူး။ Mi 8 တရုတ္အလံုးေတြ ဝယ္ယူထားတဲ့ သူေတြဆိုရင္လည္း Bootloader Unlock လုပ္ျပီး Global Version သြင္းႏိုင္ပါတယ္။ ဒါေပမယ့္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ MIUI China Version က ပိုမိုေကာင္းမြန္ေလ့ရွိပါတယ္။ Mi 8 Global အလံုးေတြ အသံုးျပေနတဲ့သူေတြဆိုရင္ေတာ့ MIUI Updater ထဲဝင္ျပီး OTA ရယူႏိုင္ပါတယ္။ OTA မရေသးဘူးဆိုရင္လည္း ေအာက္က Link ကေန Full ROM ေဒါင္းျပီး MIUI Updater ထဲကေန Local Update ကိုေရြးကာ Update လုပ္လို႕ရပါတယ္။

>>>Download MIUI 10.1.1<<<

Ref: XDA

Unicode

Xiaomi ကနေ လွန်ခဲ့တဲ့ လအနည်းငယ်အကြာက Android Pie Beta အခြေခံ MIUI 10 Update ကို Xiaomi Mi 8 အတွက် ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ Update ဟာ Global Beta ဖြစ်ပြီး တရုတ်ပြည်တွင်းဖုန်းတွေအတွက် Android Pie Beta ထုတ်ပေးပြီး ရက်အနည်းငယ်အကြာမှာပဲ ထုတ်ပေးခဲ့တာပါ။ Xiaomi လို စမတ်ဖုန်းတွေ အများကြီးထုတ်လုပ်နေတဲ့ ကုမ္ပဏီ တစ်ခုအတွက် သူထုတ်ထားတဲ့ ဖုန်းတွေအကုန်လုံးကို Software Update ပေးဖို့ဆိုတာ တော်တော်တော့ မလွယ်ကူတဲ့ ကိစ္စပါ။ ဒါပေမယ့် အခုတော့ Mi 8 အတွက် Android Pie Update ရရှိပါပြီ။

အဆိုပါ Android Pie Update ဟာ MIUI 10.1.1 အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး Global Stable ဗားရှင်းဖြစ်လို့ တရုတ် App တွေမပါ ပါဘူး။ အဆိုပါ MIUI 10.1.1 မှာ Android Pie ရဲ့ နာမည်ကြီး Feature တွေတော်တော်များများပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် MIUI ထုံးစံအတိုင်း ကိုယ်ပိုင် Recent App UI အသုံးပြုထားကြောင့် Android Pie ရဲ့ Recent App UI ကိုတော့ တွေ့မြင်ရမှာမဟုတ်ပါဘူး။ Mi 8 တရုတ်အလုံးတွေ ဝယ်ယူထားတဲ့ သူတွေဆိုရင်လည်း Bootloader Unlock လုပ်ပြီး Global Version သွင်းနိုင်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ MIUI China Version က ပိုမိုကောင်းမွန်လေ့ရှိပါတယ်။ Mi 8 Global အလုံးတွေ အသုံးပြနေတဲ့သူတွေဆိုရင်တော့ MIUI Updater ထဲဝင်ပြီး OTA ရယူနိုင်ပါတယ်။ OTA မရသေးဘူးဆိုရင်လည်း အောက်က Link ကနေ Full ROM ဒေါင်းပြီး MIUI Updater ထဲကနေ Local Update ကိုရွေးကာ Update လုပ်လို့ရပါတယ်။

>>>Download MIUI 10.1.1<<<

Ref: XDA