Google အနေနဲ့ မကြာမီအချိန်အတောအတွင်း Gmail ရဲ့ ဒီဇိုင်းအသစ်ကို သုံးစွဲသူတွေလက်ထဲ ပို့ဆောင်ပေးသွားမည်လို့ ကတိပြုခဲ့ပါတယ်။ အဆိုပါ ဒီဇိုင်းအသစ်ကြောင့် သုံးစွဲသူတွေအနေနဲ့လည်း Gmail ကိုပိုမိုနှစ်သက်လာမှာပါလို့ လည်း ယုံကြည်နေပါတယ်။ Google အနေနဲ့ အဆိုပါ Gmail ဒီဇိုင်အသစ်ကို သူရဲ့ မိတ်ဖက်ပါတနာတွေနဲ့ စမ်းသပ်အသုံးပြုခဲ့ပြီးလည်း ဖြစ်ပါတယ်။ စမ်းသပ်မှုတိုင်းတွင်လည်း အောင်မြင်ခဲ့ပါတယ်။

Source: http://www.iphoneincanada.ca

အဆိုပါ Gmail ရဲ့ ဒီဇိုင်းအသစ်ဟာတော့ သုံးစွဲရလွယ်ကူမှာဖြစ်ပြီး အခြားအသုံးဝင်သော Features များစွာလည်း ပါဝင်လာမှာပါ။

Source: http://designbydigital.com

ဒီဇိုင်းအသစ်မှာတော့ Website ပေါ်က Gmail လိပ်စာတွေကိုလည်း လွယ်ကူစွာ စာပြန်နိုင်မှာဖြစ်ပါတယ်။ ထို့အတူ မိမိမကြိုက်နှစ်သက်တဲ့ စာတွေကိုလည်း ခဏတာ ဖျောက်ထားလို့ရမှာပါ။ မိုဘိုင်းဖုန်းနဲ့အသုံးပြုမယ့်သူတွေအတွက် အဆင်ပိုပြေလာစေမှာပါ။

Source: http://www.shomibuzz.com

Google အနေနဲ့ အဆိုပါ သစ်လွင်အသုံးဝင်တဲ့ Gmail Update အသစ်ကိုမကြာမီ ဖြန့်ချိပေးသွားမှာပါ။