Zawgyi Font Version

Virtual Assistant ေတြဆိုတာ သံုးတက္ရင္ အရမ္းအသံုးဝင္တဲ့ နည္းပညာပါ။ နာမည္ေျပာလိုက္တာနဲ႔ ဖုန္းေတြေခၚဆိုေပးႏိုင္တယ္။ App ေတြဖြင့္ႏိုင္တယ္။ Note ေတြကိုပါးစပ္ကေန ေျပာျပီးမွတ္ထားႏိုင္တယ္။ ဖုန္းရဲ႕ Setting ေတာ္ေတာ္မ်ားမ်ားကို ပါးစပ္ကေနပဲ အသံနဲ႔ခိုင္းျပီး ပိတ္ႏိုင္ဖြင့္ႏိုင္တယ္။ ဥပမာ- Brightness ကိုအဆံုးထိတင္ခိုင္းလို႔ရတာမ်ိဳး။ Ringtone သံကို အက်ယ္ဆံုးထားခိုင္းတာမ်ိဳးပါ။ Message ေတြကိုလည္း ပါးစပ္ကေနျပီး အသံထြက္ေျပာျပီး ေရးခိုင္းလို႔ရပါေသးတယ္။

ဒါေပမယ့္ ဒါေတြအားလံုးကို English နဲ႔ပဲ နားလည္တာမို႔လို႔ အသံထြက္ တိတိက်က်ေျပာဖို႔လိုပါတယ္။ Voice Assistant AI ေပါင္းမ်ိဳးစံုရွိျပီး နာမည္အၾကီးဆံုးကေတာ့ Google Assistant, Siri နဲ႔ Amazon ရဲ႕ Alexa တို႔ပဲျဖစ္ပါတယ္။ Voice Assistant AI သံုးဖူးတဲ့သူေတြဆိုရင္ေတာ့ အဲ့ဒီသံုးခုထဲမွာ Google Assistant က အတိက်ဆံုးနဲ႔ ေျပာတဲ့စကားမွန္သမွ်ကို နားလည္တဲ့ေနရာမွာ အေကာင္းဆံုး Voice Assistant ျဖစ္တာကိုသိၾကမွာပါ။

Voice Assistant AI ေတြထဲမွာ Native မဟုတ္တဲ့ English Speaker ေတြရဲ႕ အသံေတြကို နားလည္ႏိုင္ဆံုး Voice Assistant AI က ဘယ္ဟာျဖစ္မလဲဆိုတာကို မၾကာေသးခင္က စမ္းသပ္ခဲ့ၾကပါတယ္။ အဆိုပါ စမ္းသပ္မွုကို Vocalize.ai ဆိုတဲ့ သုေတသီအဖြဲ႔ကစမ္းသပ္ခဲ့တာျဖစ္ျပီး စမ္းသပ္တဲ့အထဲမွာ Google ရဲ႕ Google Assistant ရယ္ Apple ရဲ႕ Siri နဲ႔ Amazon ရဲ႕ Alexa တို႔ပါဝင္ပါတယ္။

စမ္းသပ္ခဲ့တဲ့ စကားလံုးမွန္သမွ်ကို အဂၤလိပ္​လိုပဲေျပာခဲ့ၿပီးအေမရိကန္ေလယူေလသိမ္​း၊ အိႏိၵယေလယူေလသိမ္းနဲ႔ တရုတ္ေလယူေလသိမ္းတို႔နဲ႔ စမ္းသပ္ခဲ့တာျဖစ္ျပီး ေလယူေလသိမ္း အသံထြက္မွန္သမွ်ကို Google Assistant က Alexa နဲ႔ Siri တို႔ထက္ပိုျပီး ေကာင္းေကာင္းမြန္မြန္ နားလည္ႏိုင္တာေတြ႔ခဲ့ရပါတယ္။ ဆူညံတဲ့ ေနရာေတြမွာစမ္းသပ္ၾကည့္တဲ့အခါမွာလည္း အသံေတြကို နားလည္ႏိုင္ဆံုး Voice Assistant AI က Google Assistant ပါပဲ။

Google ဟာ Android ကိုပိုင္တဲ့ နည္းပညာ ကုမၸဏီၾကီးျဖစ္ျပီး ျပည္တြင္းမွာေတာ့ Gtalk လို႔ေခၚတဲ့ Chatting Service တစ္ခုအေနနဲ႔စတင္နာမည္ၾကီးလာျပီး ေနာက္ပိုင္းမွာ Search Engine တစ္ခုအျဖစ္ နာမည္ၾကီးလာပါတယ္။ Android OS ဟာ Google အပိုင္ဆိုတာေတာ့ လူတိုင္းမသိၾကေသးပါဘူး။ Google ဟာ Software နည္းပညာပိုင္းမွာ အရမ္းေကာင္းမြန္ျပီး Single Lens နဲ႔ Portrait ရိုက္လို႔ရတာကို သူ႔ရဲ႕ Pixel ဖုန္းေတြမွာျပသခဲ့ပါတယ္။

Unicode Version

Virtual Assistant တွေဆိုတာ သုံးတက်ရင် အရမ်းအသုံးဝင်တဲ့ နည်းပညာပါ။ နာမည်ပြောလိုက်တာနဲ့ ဖုန်းတွေခေါ်ဆိုပေးနိုင်တယ်။ App တွေဖွင့်နိုင်တယ်။ Note တွေကိုပါးစပ်ကနေ ပြောပြီးမှတ်ထားနိုင်တယ်။ ဖုန်းရဲ့ Setting တော်တော်များများကို ပါးစပ်ကနေပဲ အသံနဲ့ခိုင်းပြီး ပိတ်နိုင်ဖွင့်နိုင်တယ်။ ဥပမာ- Brightness ကိုအဆုံးထိတင်ခိုင်းလို့ရတာမျိုး။ Ringtone သံကို အကျယ်ဆုံးထားခိုင်းတာမျိုးပါ။ Message တွေကိုလည်း ပါးစပ်ကနေပြီး အသံထွက်ပြောပြီး ရေးခိုင်းလို့ရပါသေးတယ်။

ဒါပေမယ့် ဒါတွေအားလုံးကို English နဲ့ပဲ နားလည်တာမို့လို့ အသံထွက် တိတိကျကျပြောဖို့လိုပါတယ်။ Voice Assistant AI ပေါင်းမျိုးစုံရှိပြီး နာမည်အကြီးဆုံးကတော့ Google Assistant, Siri နဲ့ Amazon ရဲ့ Alexa တို့ပဲဖြစ်ပါတယ်။ Voice Assistant AI သုံးဖူးတဲ့သူတွေဆိုရင်တော့ အဲ့ဒီသုံးခုထဲမှာ Google Assistant က အတိကျဆုံးနဲ့ ပြောတဲ့စကားမှန်သမျှကို နားလည်တဲ့နေရာမှာ အကောင်းဆုံး Voice Assistant ဖြစ်တာကိုသိကြမှာပါ။

Voice Assistant AI တွေထဲမှာ Native မဟုတ်တဲ့ English Speaker တွေရဲ့ အသံတွေကို နားလည်နိုင်ဆုံး Voice Assistant AI က ဘယ်ဟာဖြစ်မလဲဆိုတာကို မကြာသေးခင်က စမ်းသပ်ခဲ့ကြပါတယ်။ အဆိုပါ စမ်းသပ်မှုကို Vocalize.ai ဆိုတဲ့ သုတေသီအဖွဲ့ကစမ်းသပ်ခဲ့တာဖြစ်ပြီး စမ်းသပ်တဲ့အထဲမှာ Google ရဲ့ Google Assistant ရယ် Apple ရဲ့ Siri နဲ့ Amazon ရဲ့ Alexa တို့ပါဝင်ပါတယ်။

စမ်းသပ်ခဲ့တဲ့ စကားလုံးမှန်သမျှကို အင်္ဂလိပ်လိုပဲပြောခဲ့ပြီးအမေရိကန်လေယူလေသိမ်း၊ အိန္ဒိယလေယူလေသိမ်းနဲ့ တရုတ်လေယူလေသိမ်းတို့နဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး လေယူလေသိမ်း အသံထွက်မှန်သမျှကို Google Assistant က Alexa နဲ့ Siri တို့ထက်ပိုပြီး ကောင်းကောင်းမွန်မွန် နားလည်နိုင်တာတွေ့ခဲ့ရပါတယ်။ ဆူညံတဲ့ နေရာတွေမှာစမ်းသပ်ကြည့်တဲ့အခါမှာလည်း အသံတွေကို နားလည်နိုင်ဆုံး Voice Assistant AI က Google Assistant ပါပဲ။

Google ဟာ Android ကိုပိုင်တဲ့ နည်းပညာ ကုမ္ပဏီကြီးဖြစ်ပြီး ပြည်တွင်းမှာတော့ Gtalk လို့ခေါ်တဲ့ Chatting Service တစ်ခုအနေနဲ့စတင်နာမည်ကြီးလာပြီး နောက်ပိုင်းမှာ Search Engine တစ်ခုအဖြစ် နာမည်ကြီးလာပါတယ်။ Android OS ဟာ Google အပိုင်ဆိုတာတော့ လူတိုင်းမသိကြသေးပါဘူး။ Google ဟာ Software နည်းပညာပိုင်းမှာ အရမ်းကောင်းမွန်ပြီး Single Lens နဲ့ Portrait ရိုက်လို့ရတာကို သူ့ရဲ့ Pixel ဖုန်းတွေမှာပြသခဲ့ပါတယ်။

Ref: XDA News