[Zawgyi]

Google ဟာ Fossil ရဲ႕ Smartwatch ဖြံ႕ၿဖိဳးတိုးတက္ေရး နည္းပညာလွ်ိဳ႕ဝွက္ခ်က္အခ်ိဳ႕ကို ေဒၚလာ သန္း ၄၀ ေပးၿပီး ဝယ္ယူခဲ့တယ္လို႔ သိရပါတယ္။ ဒီအေရာင္းအဝယ္မွာ Google ဟာ နည္းပညာသာမကဘဲ Fossil ရဲ႕ သုေတသနနဲ႔ဖြံ႕ၿဖိဳးေရးအဖြဲ႕ဝင္ အခ်ိဳ႕ကိုပါ ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Fossil ဟာ Smartwatch ေလာကမွာ ေအာင္ျမင္ေနတာေၾကာင့္ သူတို႔ရဲ႕ နည္းပညာနဲ႔ လွ်ိဳ႕ဝွက္ခ်က္ေတြဟာ Google အတြက္ ပိုမိုလွ်င္ျမန္တဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈကို ျဖစ္ေစႏိုင္ပါတယ္။ သေဘာတူညီမႈမွာ ေဈးကြက္ကို မေရာက္ေသးတဲ့ ထုတ္ကုန္သစ္ရဲ႕ တီထြင္စမ္းသစ္မႈရလဒ္ေတြလည္း ပါဝင္တယ္လို႔ Fossil Group ရဲ႕ EVP လည္းျဖစ္ Chief Strategy and Digital Officer လည္းျဖစ္တဲ့ Greg McKelvey က ေျပာပါတယ္။

Fossil ရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြဟာ ေဈးကြက္ထဲမွာ ခုထိမရွိေသးတဲ့ နည္းပညာေတြ၊ Feature ေတြပါဝင္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Google ရဲ႕ ထုတ္ကုန္သစ္မွာေတာ့ Fossil ရဲ႕ နည္းပညာသစ္ေတြနဲ႔အတူ Feature သစ္ေတြလည္း ပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

WearOS ကို အခုထက္ပိုၿပီး အဆင့္ျမႇင့္တင္ခ်င္ေနတဲ့ Google ဟာ လက္ရွိအေရာင္းအဝယ္ေၾကာင့္ အခ်ိန္ကုန္သက္သာစြာနဲ႔ နည္းပညာအသစ္ကို ရရွိၿပီး ေဈးကြက္ထဲမွာ ေစာေစာစီးစီး ျဖန႔္ခ်ိေရာင္းခ်ႏိုင္တဲ့ အက်ိဳးအျမတ္ကို ေမွ်ာ္မွန္းႏိုင္ၿပီျဖစ္ပါတယ္။ Google ရဲ႕ ထုတ္ကုန္သစ္ဟာ ပုံျပင္တစ္ပုဒ္လိုျဖစ္ေနတဲ့ Google Pixel Smartwatch ျဖစ္လာမလားဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Fossil ရဲ့ Smartwatch နည်းပညာအချို့ကို ဒေါ်လာ သန်း၄၀ ပေးပြီးဝယ်ယူလိုက်တဲ့ Google

Google ဟာ Fossil ရဲ့ Smartwatch ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာလျှို့ဝှက်ချက်အချို့ကို ဒေါ်လာ သန်း ၄၀ ပေးပြီး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဒီအရောင်းအဝယ်မှာ Google ဟာ နည်းပညာသာမကဘဲ Fossil ရဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးအဖွဲ့ဝင် အချို့ကိုပါ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Fossil ဟာ Smartwatch လောကမှာ အောင်မြင်နေတာကြောင့် သူတို့ရဲ့ နည်းပညာနဲ့ လျှို့ဝှက်ချက်တွေဟာ Google အတွက် ပိုမိုလျှင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်ပါတယ်။ သဘောတူညီမှုမှာ ဈေးကွက်ကို မရောက်သေးတဲ့ ထုတ်ကုန်သစ်ရဲ့ တီထွင်စမ်းသစ်မှုရလဒ်တွေလည်း ပါဝင်တယ်လို့ Fossil Group ရဲ့ EVP လည်းဖြစ် Chief Strategy and Digital Officer လည်းဖြစ်တဲ့ Greg McKelvey က ပြောပါတယ်။

Fossil ရဲ့ လျှို့ဝှက်ချက်တွေဟာ ဈေးကွက်ထဲမှာ ခုထိမရှိသေးတဲ့ နည်းပညာတွေ၊ Feature တွေပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် Google ရဲ့ ထုတ်ကုန်သစ်မှာတော့ Fossil ရဲ့ နည်းပညာသစ်တွေနဲ့အတူ Feature သစ်တွေလည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

WearOS ကို အခုထက်ပိုပြီး အဆင့်မြှင့်တင်ချင်နေတဲ့ Google ဟာ လက်ရှိအရောင်းအဝယ်ကြောင့် အချိန်ကုန်သက်သာစွာနဲ့ နည်းပညာအသစ်ကို ရရှိပြီး ဈေးကွက်ထဲမှာ စောစောစီးစီး ဖြန့်ချိရောင်းချနိုင်တဲ့ အကျိုးအမြတ်ကို မျှော်မှန်းနိုင်ပြီဖြစ်ပါတယ်။ Google ရဲ့ ထုတ်ကုန်သစ်ဟာ ပုံပြင်တစ်ပုဒ်လိုဖြစ်နေတဲ့ Google Pixel Smartwatch ဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena