Zawgyi Font Version
Old Design
New Design
Ref: XDA News
Unicode Version
Google ရဲ့ Material Design ကိုစတင်မိတ်ဆက်ကတည်းက Google ရဲ့ Stock App တွေဖြစ်တဲ့ ဖုန်းတို့ Playstore တို့ Clock တို့ကို Material Design အရ ရိုးရိုးရှင်းရှင်းလေးနဲ့လှပအောင် ပြန်လည် Design ဆွဲခဲ့ပါတယ်။ Android ဟာ အရင်စထွက်ခါစကလို ပုံတုံးကြီးမဟုတ်တော့ပဲ Color စုံလင်စွာနဲ့ ဆန်းသစ်လှပလာခဲ့တယ်။ ဒါပေမယ့်လည်း App တစ်ခုနဲ့တစ်ခုက လိုက်ဖက်မှုမရှိသေးပဲ အရောင်တွေက အရမ်းကြီး စုံလင်နေတဲ့ အတွက် ကြောင်တောင်တောင်ဖြစ်နေပါသေးတယ်။
Old Design
Material Design 2 ကိုစတင်မိတ်ဆက်ပြီးတဲ့အခါမှာတော့ Android App တွေမှာအသုံးပြုထားတဲ့ အရောင်တွေက ပိုမိုလိုက်ဖက်လာပါတယ်။ တစ်ခြား Third Party App တွေကတော့သူတို့ကိုယ်ပိုုင် Material Design တွေကိုသုံးကြပေမယ့် Google ကသူ့ရဲ့ Stock App တွေဖြစ်တဲ့ Google Photos, Google Phone, Google Contacts, Google Chrome နဲ့ Android Message စတာတွေကို အသွင်သစ်နဲ့ ပြန်လည်မွန်းမံခဲ့ပါတယ်။
New Design
အခုအခါမှာတော့ Google Calculator App ကို Design အသစ်နဲ့ထပ်ထုတ်လိုက်ပါပြီ။ Update အသစ်ကိုကြည့်လိုက်တာနဲ့ App အသစ်မှာ Sans Font အသစ်ကိုသုံးထားပြီး App တစ်ခုလုံးကတော့ အဖြူရောင်ပါပဲ။ အဲ့ Design အပြောင်းအလဲလေးကလွဲလို့တော့ ကြီးကြီးမားမားပြောင်းလဲမှုမတွေ့ရပါဘူး။ 1.7 MB ပဲရှိတဲ့ အဆိုပါ Calculator App Update ကို Android သုံးသူတိုင်း Playstore ကနေရှာဖွေဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။
Ref: XDA News