Zawgyi

Google ရဲ႕ Pixel ဖုန္းေတြအတြက္ ထုတ္ထားတဲ့ Camera App ဟာ Android ဖုန္းေတြထဲမွာ အေကာင္းဆံုး Camera App တစ္ခုလို႔ ဆိုႏိုင္ျပီး HDR+ နည္းပညာဟာ အံအားသင့္စရာ ဓာတ္ပံုေတြကို ရိုက္ကူးေပးႏိုင္တဲ့ နည္းပညာတစ္ခုအျဖစ္ နာမည္ေက်ာ္ၾကားခဲ့ပါတယ္။

Pixel မဟုတ္တဲ့ တစ္ျခား Android ဖုန္းေတြအတြက္လည္း Google Camera ကို Android Developer ေတြကေနျပီး ျပဳျပင္ ေရးဆြဲျပီး အသံုးျပဳလို႔ရေစခဲ့ပါတယ္။ ေနာက္ဆံုးထြက္ Pixel 3 ရဲ႕ Google Camera ကို OnePlus 6T/6 နဲ႔ Mi 8 တို႔လို Flagship ဖုန္းေတြမွာ အသံုးျပဳလို႔ ရေနျပီျဖစ္ျပီး NightSight လို႔ေခၚတဲ့ ညဘက္ ဓာတ္ပံုေတြကို ပိုမိုေကာင္းမြန္ေစတဲ့ နည္းပညာဟာဆိုရင္ OnePlus ရဲ႕ ကိုယ္ပိုင္ NightScape ထက္ အမ်ားၾကီးသာလြန္ေနတာ ေတြ႔ရပါတယ္။ အခုဆိုရင္ေတာ့ Huawei ရဲ႕ Honor Play နဲ႔ Mate 10/ Mate 10 Pro တို႔အတြက္ပါ NightSight ပါဝင္တဲ့ Google Camera ထြက္ရွိလို႔လာပါျပီ။

အဆိုပါ Google Camera ကို XDA Developer ေတြကေန ေရးဆြဲေပးထားတာျဖစ္ျပီး Honor Play နဲ႔ Mate 10/ Mate 10 Pro တို႔မွာ ေကာင္းေကာင္း အလုပ္လုပ္တယ္လို႔ သိရပါတယ္။ အရမ္းနာမည္ၾကီးေနတဲ့ NightSight ပါရရွိမွာျဖစ္တဲ့ အျပင္ HDR+ နဲ႔ HDR+ Enhanced လို တစ္ျခားနာမည္ၾကီး Google Camera Feature ေတြပါရရွိမွာပါ။

NightSight ဆိုတာကေတာ့ Pixel ဖုန္းေတြအတြက္ ထုတ္ေပးထားတဲ့ Google ရဲ႕ ကင္မရာပိုင္းဆိုင္ရာ နည္းပညာတစ္ခုျဖစ္ျပီး သာမာန္ Long Exposure ရိုက္ကူးတာထက္ ပိုပါတယ္။ NightSight နည္းပညာဟာ AI ကေနျပီး အလင္းအေမွာင္ကို အလိုအေလ်ာက္ တြက္ခ်က္ေပးတာေၾကာင့္ ညဘက္ ရိုက္ကူးတဲ့ ပံုေတြကို လင္းထိန္ေနေစမွာပါ။ Honor Play, Mate 10 နဲ႔ Mate 10 Pro ပိုင္ရွင္ေတြရွိရင္ ေအာက္က Link ကေနျပီး Google Camera APK ကိုေဒါင္းလုတ္ရယူျပီး အသံုးျပဳႏိုင္ပါျပီ။ သတိထားစရာ အခ်က္တစ္ခ်က္ကေတာ့ အဆိုပါ Google Camera ဟာ Android Oreo မွာပဲ အလုပ္ေကာင္းေကာင္းလုပ္တာျဖစ္ျပီး Android Pie အေျခခံ EMUI 9.0 တင္ထားရင္ေတာ့ အျပည့္အဝ အလုပ္လုပ္မယ္လို႔ အာမ မခံပါဘူး။

>>>Google Camera APK<<<

Ref: XDA

Unicode

Google ရဲ့ Pixel ဖုန်းတွေအတွက် ထုတ်ထားတဲ့ Camera App ဟာ Android ဖုန်းတွေထဲမှာ အကောင်းဆုံး Camera App တစ်ခုလို့ ဆိုနိုင်ပြီး HDR+ နည်းပညာဟာ အံအားသင့်စရာ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်တဲ့ နည်းပညာတစ်ခုအဖြစ် နာမည်ကျော်ကြားခဲ့ပါတယ်။ Pixel မဟုတ်တဲ့ တစ်ခြား Android ဖုန်းတွေအတွက်လည်း Google Camera ကို Android Developer တွေကနေပြီး ပြုပြင် ရေးဆွဲပြီး အသုံးပြုလို့ရစေခဲ့ပါတယ်။ နောက်ဆုံးထွက် Pixel 3 ရဲ့ Google Camera ကို OnePlus 6T/6 နဲ့ Mi 8 တို့လို Flagship ဖုန်းတွေမှာ အသုံးပြုလို့ ရနေပြီဖြစ်ပြီး NightSight လို့ခေါ်တဲ့ ညဘက် ဓာတ်ပုံတွေကို ပိုမိုကောင်းမွန်စေတဲ့ နည်းပညာဟာဆိုရင် OnePlus ရဲ့ ကိုယ်ပိုင် NightScape ထက် အများကြီးသာလွန်နေတာ တွေ့ရပါတယ်။ အခုဆိုရင်တော့ Huawei ရဲ့ Honor Play နဲ့ Mate 10/ Mate 10 Pro တို့အတွက်ပါ NightSight ပါဝင်တဲ့ Google Camera ထွက်ရှိလို့လာပါပြီ။

အဆိုပါ Google Camera ကို XDA Developer တွေကနေ ရေးဆွဲပေးထားတာဖြစ်ပြီး Honor Play နဲ့ Mate 10/ Mate 10 Pro တို့မှာ ကောင်းကောင်း အလုပ်လုပ်တယ်လို့ သိရပါတယ်။ အရမ်းနာမည်ကြီးနေတဲ့ NightSight ပါရရှိမှာဖြစ်တဲ့ အပြင် HDR+ နဲ့ HDR+ Enhanced လို တစ်ခြားနာမည်ကြီး Google Camera Feature တွေပါရရှိမှာပါ။

NightSight ဆိုတာကတော့ Pixel ဖုန်းတွေအတွက် ထုတ်ပေးထားတဲ့ Google ရဲ့ ကင်မရာပိုင်းဆိုင်ရာ နည်းပညာတစ်ခုဖြစ်ပြီး သာမာန် Long Exposure ရိုက်ကူးတာထက် ပိုပါတယ်။ NightSight နည်းပညာဟာ AI ကနေပြီး အလင်းအမှောင်ကို အလိုအလျောက် တွက်ချက်ပေးတာကြောင့် ညဘက် ရိုက်ကူးတဲ့ ပုံတွေကို လင်းထိန်နေစေမှာပါ။ Honor Play, Mate 10 နဲ့ Mate 10 Pro ပိုင်ရှင်တွေရှိရင် အောက်က Link ကနေပြီး Google Camera APK ကိုဒေါင်းလုတ်ရယူပြီး အသုံးပြုနိုင်ပါပြီ။ သတိထားစရာ အချက်တစ်ချက်ကတော့ အဆိုပါ Google Camera ဟာ Android Oreo မှာပဲ အလုပ်ကောင်းကောင်းလုပ်တာဖြစ်ပြီး Android Pie အခြေခံ EMUI 9.0 တင်ထားရင်တော့ အပြည့်အဝ အလုပ်လုပ်မယ်လို့ အာမ မခံပါဘူး။

>>>Google Camera APK<<<

Ref: XDA