Zawgyi
Ref: XDA
Unicode
Pixel ဖုန်းတွေဟာ ကင်မရာ အရည်အသွေးကောင်းမွန်တယ်ဆိုတဲ့ အချက်နဲ့ နာမည်ကြီးလာတာဖြစ်ပြီး မကြာခင်က မိတ်ဆက်ခဲ့တဲ့ Pixel 3 Series ဖုန်းတွေဟာလည်း ကင်မရာu အရည်အသွေးအတော်လေးကောင်းမွန်ပါတယ်။ ကင်မရာ လုပ်ောင်ချက်အသစ်တွေအများကြီးပါဝင်လာပြီး Night Sight ဆိုတဲ့ အလင်းအားနည်းတဲ့နေရာမှာ အရည်အသွေးကောင်းတဲ့ ပုံတွေရိုက်ကူးစေနိုင်တဲ့ Feature ဟာ လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ အဆိုပါ Night Sight Feature ဟာ Pixel 1 နဲ့ 2 အတွက်လည်း ရရှိနေပြီ ဖြစ်ပါတယ်။ Pixel မဟုတ်တဲ့ တစ်ခြားဖုန်းတွေအတွက်လည်း Android Developer တွေအကူအညီနဲ့ Ported လုပ်ပြီး အသုံးပြုနိုင်ပါပြီ။ Ported Google Camera တွေသွင်းပြီး Poco F1, Mi 8 နဲ့ OnePlus 6/6T တို့လို တစ်ခြား Flagship ဖုန်းတွေမှာလည်း Night Sight Feature ကိုအသုံးပြုနိုင်ပါပြီ။ နောက်ဆုံး တွေ့ရှိချက်အရ အဆိုပါ Night Sight Feature ဟာ နေ့ခင်းဘက်ရိုက်တဲ့ ပုံတွေကိုလည်း အရည်အသွေးကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ Night Sight လို့နာမည်ပေးထားပေမယ့် နေ့ခင်းဘက်ပုံကောင်းတွေထွက်တဲ့အတွက် နာမည်နဲ့ မလိုက်ပဲ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပါတယ်။
အပေါ်ကပုံဟာ Pixel 3 နဲ့ ရိုက်ကူးထားတာဖြစ်ပြီး အပေါ်မှာပြောသွားသလိုပဲ Night Sight Feature ဖွင့်ပြီး ရိုက်ထားတာပါ။ မြင်ရတဲ့ အတိုင်းပဲ အရောင်တွေ အရမ်းတိကျပြီး ပြတ်သားကြည်လင်နေတာ တွေ့နိုင်ပါတယ်။ Night Sight Feature ဟာ Super Res Zoom လို့ခေါ်တဲ့ Google ရဲ့နောက်ထပ် ကင်မရာ လုပ်ဆောင်ချက်နဲ့ သဘောသဘာဝ အတူတူပဲဖြစ်ပါတယ်။ သာမာန် Digital Zoom က ဝေဝါးတဲ့ ပုံရိပ်တွေထွက်ပေါ်စေနိုင်ပေမယ့် Super Res Zoom ကတော့ ပုံရိပ်တွေကို အများကြီးပေါင်းပြီး အရည်အသွေး လျော့ကျခြင်းမရှိပဲ Zoom ဆွဲလို့ရစေပါတယ်။ Night Sight မှာလည်း အဆိုပါ Feature ကိုပဲ အသုံးပြုထားတာဖြစ်ပြီး အလင်းရောင် ရရှိတဲ့ပေါ်မူတည်ပြီး Exposure ပမာဏကိုပါ ချိန်ညှိပြီး ရိုက်ကူးပေးတာပါ။
အပေါ်မှာမြင်ရတဲ့ ပုံအတိုင်းပဲ နေ့ခင်းဘက် ပုံတွေရိုက်တဲ့အခါမှာလည်း Night Sight Feature ကိုအသုံးပြုနိုင်ပါတယ်။ Pixel ဖုန်းအဟောင်းတွေမှာတော့ Super Res Zoom နည်းပညာ အသုံးပြုလို့ မရပါဘူး။ Super Res Zoom ဟာ Snapdragon 845 SoC အပေါ်အဓိက မှီခိုရတာဖြစ်တဲ့အတွက် Snapdragon SoC အဟောင်းတွေ သုံးထားတဲ့ Pixel ဖုန်းအဟောင်းတွေမှာ အထောက်အပံ့မပေးပါဘူး။ Night Sight Feature အတွက်တော့ Pixel ဖုန်း အဟောင်းတွေမှာ HDR+ Merging လို့ခေါ်တဲ့ နည်းပညာကိုပဲ အသုံးပြုထားပါတယ်။ တစ်ခြား Snapdragon 845 SoC အသုံးပြုဖုန်းတွေမှာလည်း အဆိုပါ ရလဒ်မျိုးရနိုင်ပြီး Ported Google Camera တွေသွင်းပြီး နေ့ခင်းဘက်ပုံတွေကို Night Sight နဲ့ရိုက်ပြီး စမ်းကြည့်နိုင်ပါတယ်။
Ref: XDA