Google Chrome Browser ဟာ လက်ရှိ Android မှာရော ကွန်ပျူတာမှာပါ လူသုံးအများဆုံးဖြစ်နေတဲ့ Web Browser တစ်ခုပဲဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ Google ဟာ သူရဲ့ Chrome Browser ကို အသုံးဝင်တဲ့ Feature တစ်ခုကို ထည့်သွင်းပေးတော့မှာပဲဖြစ်ပါတယ်။

အဆိုပါ Feature ကတော့ Google Chrome Browser မှာ အင်တာနက်သုံးနေတုန်း အခြားကြော်ငြာ Link တွေကိုမှားနှိပ်မိပြီး Tab တွေပွင့်လာတာ၊ Website က အခြား ကြော်ငြာ Website တွေတက်လာတာကို တားဆီးပေးနိုင်တဲ့ Redirect Feature ပဲဖြစ်ပါတယ်။

နောက်ထပ် Google ကပြောကြားခဲ့တာကတော့ အခု Website တွေ Redirect ဖြစ်တာကို ကာကွယ်နိုင်တဲ့ Feature က အဓိကအနေနဲ့ ကြော်ငြာတွေအတွက်ပဲ အလုပ်လုပ်မှာဖြစ်ပြီး အခြားသော ပုံမှန် Website တွေကို ပြန်ပြီး Redirect လုပ်တာဆိုရင် တားဆီးသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက်ကိုလည်း အမြဲတမ်း Website တွေကို Scan ပြုလုပ်နေမှာဖြစ်ပါတယ်။

အခုဒီလို အရမ်းအသုံးဝင်တဲ့ Feature ကို Google က Chrome Version 64 နဲ့ 65 မှာ စတင်ထည့်သွင်းပေးသွားမှာဖြစ်ပြီး အခုအချိန်မှာ Beta Test တွေပြုလုပ်နေပြီပဲဖြစ်ပါတယ်။ Stable Version ကိုတော့ လာမယ့် 2018 ခုနှစ် ဇန်နဝါရီလမှာ ရရှိသွားမယ်လို့ သိရပါတယ်။