Zawgyi

Android 9 Pie မွာ Material Theme အသစ္ပါဝင္လာျပီး အဆိုပါ အသြင္အျပင္ အသစ္ေတြကို Material Design 2 ရဲ႕ စံႏွုန္းေတြနဲ႔ေရးဆြဲထားတာပါ။ အဆိုပါ ဒီဇိုင္းအသစ္နဲ႔ Theme ေတြဟာ အျဖဴေရာင္ကို အဓိကထားသံုးစြဲထားျပီး အရင္လို အေရာင္ေတြစံုလင္မေနေတာ့ပဲ မ်က္စိထဲမွာရွင္းလင္းေနေအာင္ ေသခ်ာဖြဲ႔စည္းထားပါတယ္။ အျဖဴေရာင္ကိုပဲ အဓိကထားျပီး သံုးစြဲထားတဲ့ အဆိုပါ App Design အသစ္ဟာ အသြင္အျပင္အရ အေတာ္ေလးလွပျပီး iOS နဲ႔ေတာင္ ခပ္ဆင္ဆင္တူလာပါတယ္။ ဒါေပမယ့္လည္း အျဖဴေရာင္ မၾကိဳက္ပဲ အနက္ကိုႏွစ္သက္တဲ့ သူေတြရွိသလို အျဖဴေရာင္ သံုးစြဲတာက အနက္ေရာင္သံုးတာထက္ OLED Display အသံုးျပဳထားတဲ့ ဖုန္းေတြကို ဘက္ထရီ အကုန္ျမန္ေစပါတယ္။

အဲ့အခ်က္ေတြေၾကာင့္ပဲ Google က သူ႔ကိုယ္ပိုင္ App တစ္ခ်ိဳ႔မွာ Dark Theme (ေခၚ) Dark Mode ေတြထည့္သြင္းလာပါတယ္။ အသိသာဆံုး ေျပာင္းလဲမွုကေတာ့ သူ႔ရဲ႕ Video Streaming App ျဖစ္တဲ့ Youtube ျဖစ္ျပီး ပံုမွန္ အျဖဴေရာင္ အသြင္အျပင္ကေန အနက္ေရာင္ အသြင္အျပင္နဲ႔ ေျပာင္းလဲအသံုးျပဳႏိုင္တဲ့အတြက္ အျဖဴေရာင္နဲ႔ပဲ အသံုးျပဳရတာ ျငီးေငြ႔ေနတဲ့ သူေတြအတြက္ အေတာ္ေလးကို အျမင္ဆန္းသြားေစပါတယ္။ ဒါ့အျပင္ ညဘက္ အိပ္ယာထဲမွာလို ေမွာင္မဲေနတဲ့ အခ်ိန္မ်ိဳးေတြမွာ အသံုးျပဳရတာ အရမ္းကို သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။ အဲ့တာေၾကာင့္ပဲ Youtube Dark Mode အေပၚ အလြန္ေကာင္းမြန္တဲ့ တံု႔ျပန္ခ်က္ေတြရခဲ့ပါတယ္။ အခုလည္း Google ကေန သူ႔ရဲ႕ ေနာက္ထပ္ ကိုယ္ပိုင္ App တစ္ခုကို Dark Theme နဲ႔ Update ထုတ္ေပးလိုက္ပါျပီ။ အဲ့တာကေတာ့ Google Contacts 3.2.4 ပဲျဖစ္ပါတယ္။ Android 5.0 နဲ႔အထက္ ဘယ္ဖုန္းမွာ မဆို အသံုးျပဳႏိုင္ျပီး MIUI အသံုးျပဳ Xiaomi ဖုန္းေတြမွာလဲ မူရင္း Contacts App အစားအသံုးျပဳႏိုင္ပါတယ္။ Dark Theme ကို အဆိုပါ Google Contacts App ထဲကေန တစ္ဆင့္ ေျပာင္းလဲႏိုင္ျပီး အေပၚမွာေျပာသြားသလိုပဲ OLED Display အသံုးျပဳ ဖုန္းေတြမွာပဲ ဘက္ထရီစား သက္သာေစမွာပါ။ Google Contacts ကိုစမ္းသပ္ အသံုးျပဳခ်င္ရင္ေတာ့ ေအာက္က Link ကေနေဒါင္းႏိုင္ပါတယ္။ >>>Google Contacts ရယူရန္<<<

Ref: XDA

Unicode

Android 9 Pie မှာ Material Theme အသစ်ပါဝင်လာပြီး အဆိုပါ အသွင်အပြင် အသစ်တွေကို Material Design 2 ရဲ့ စံနှုန်းတွေနဲ့ရေးဆွဲထားတာပါ။ အဆိုပါ ဒီဇိုင်းအသစ်နဲ့ Theme တွေဟာ အဖြူရောင်ကို အဓိကထားသုံးစွဲထားပြီး အရင်လို အရောင်တွေစုံလင်မနေတော့ပဲ မျက်စိထဲမှာရှင်းလင်းနေအောင် သေချာဖွဲ့စည်းထားပါတယ်။ အဖြူရောင်ကိုပဲ အဓိကထားပြီး သုံးစွဲထားတဲ့ အဆိုပါ App Design အသစ်ဟာ အသွင်အပြင်အရ အတော်လေးလှပပြီး iOS နဲ့တောင် ခပ်ဆင်ဆင်တူလာပါတယ်။ ဒါပေမယ့်လည်း အဖြူရောင် မကြိုက်ပဲ အနက်ကိုနှစ်သက်တဲ့ သူတွေရှိသလို အဖြူရောင် သုံးစွဲတာက အနက်ရောင်သုံးတာထက် OLED Display အသုံးပြုထားတဲ့ ဖုန်းတွေကို ဘက်ထရီ အကုန်မြန်စေပါတယ်။

အဲ့အချက်တွေကြောင့်ပဲ Google က သူ့ကိုယ်ပိုင် App တစ်ချို့မှာ Dark Theme (ခေါ်) Dark Mode တွေထည့်သွင်းလာပါတယ်။ အသိသာဆုံး ပြောင်းလဲမှုကတော့ သူ့ရဲ့ Video Streaming App ဖြစ်တဲ့ Youtube ဖြစ်ပြီး ပုံမှန် အဖြူရောင် အသွင်အပြင်ကနေ အနက်ရောင် အသွင်အပြင်နဲ့ ပြောင်းလဲအသုံးပြုနိုင်တဲ့အတွက် အဖြူရောင်နဲ့ပဲ အသုံးပြုရတာ ငြီးငွေ့နေတဲ့ သူတွေအတွက် အတော်လေးကို အမြင်ဆန်းသွားစေပါတယ်။ ဒါ့အပြင် ညဘက် အိပ်ယာထဲမှာလို မှောင်မဲနေတဲ့ အချိန်မျိုးတွေမှာ အသုံးပြုရတာ အရမ်းကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ အဲ့တာကြောင့်ပဲ Youtube Dark Mode အပေါ် အလွန်ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေရခဲ့ပါတယ်။ အခုလည်း Google ကနေ သူ့ရဲ့ နောက်ထပ် ကိုယ်ပိုင် App တစ်ခုကို Dark Theme နဲ့ Update ထုတ်ပေးလိုက်ပါပြီ။ အဲ့တာကတော့ Google Contacts 3.2.4 ပဲဖြစ်ပါတယ်။ Android 5.0 နဲ့အထက် ဘယ်ဖုန်းမှာ မဆို အသုံးပြုနိုင်ပြီး MIUI အသုံးပြု Xiaomi ဖုန်းတွေမှာလဲ မူရင်း Contacts App အစားအသုံးပြုနိုင်ပါတယ်။ Dark Theme ကို အဆိုပါ Google Contacts App ထဲကနေ တစ်ဆင့် ပြောင်းလဲနိုင်ပြီး အပေါ်မှာပြောသွားသလိုပဲ OLED Display အသုံးပြု ဖုန်းတွေမှာပဲ ဘက်ထရီစား သက်သာစေမှာပါ။ Google Contacts ကိုစမ်းသပ် အသုံးပြုချင်ရင်တော့ အောက်က Link ကနေဒေါင်းနိုင်ပါတယ်။

>>>Google Contacts ရယူရန္<<<

Ref: XDA