Android ဖုန်းတစ်လုံးကို ကိုင်နေပြီဆိုတာနဲ့ Android OS ရဲ့ Setting ထဲမှာ ရှိတဲ့ Backup & Reset မှာ Google Account ထဲကို ဖုန်းရဲ့ အရေးကြီး Data တွေဖြစ်တဲ့ Wi-Fi Passwords, Application Data အချို့အပြင် Call History, Device Setting အစရှိတဲ့ ဖုန်းရဲ့ Data တွေကို Backup ရယူထားနိုင်တဲ့ Function ပါဝင်တာဖြစ်ပါတယ်။

ပုံမှန်အနေနဲ့ကြည့်ရင် အဆိုပါ Features ဟာ ဖုန်းပြောင်းသုံးနေတတ်တဲ့သူတွေအတွက် အဆင်ပြေတယ်လို့ ပြောလို့ရပေမယ့် Google Backup ဟာ တစ်ခုတော့ အားနည်းချက်ရှိနေပါတယ်။ အဲ့ဒါကတော့ Device ကို Backup လုပ်ထားပေးပေမယ့် အဆိုပါ Backup Files ဟာ အသုံးမပြုပဲထားမယ်ဆိုရင် ရက် ၆၀ ကြာတာနဲ့ အလိုအလျောက်ဖျက်ပစ်သွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အဆိုပါ Google Backup Features ကို Android 6.0 နဲ့ အထက်ဖုန်းတွေမှာ အသုံးပြုလို့ရမှာဖြစ်ပြီး အခုလိုမျိုးအားနည်းချက်ကို Tanglebrook နာမည်နဲ့ Reddit User တစ်ယောက်က သူရဲ့ Nexus 6P Battery မကောင်းတဲ့အတွက် လအတော်တော်ကြာ အသုံးမပြုနိုင်ဖြစ်ပြီး နောက်မှ ပြန်ဖွင့်ကြည့်တဲ့အချိန်မှာ ယခင်ဖုန်းက Backup တွေအကုန်လုံးက Expired ဖြစ်ပြီး ပျက်သွားတာဖြစ်ပါတယ်။

Google ကိုယ်တိုင်က ဒီအချက်ကို ပြောကြားထားပြီး တကယ်လို့ ကိုယ့်ဖုန်းကို ၂ ပတ်ကျော်ကြာတဲ့အထိအသုံးမပြုဘူးဆိုရင် အဆိုပါ Backup ရယူထားတဲ့ Data ရဲ့ အောက်မှာ ဘယ်နှရက်နေရင် Expire ဖြစ်ပြီး ပျက်သွားမလဲဆိုတာကို ဖော်ပြထားတာဖြစ်ပါတယ်။

အခုလိုမျိုး Google ရဲ့ Backup စနစ်က အနည်းငယ်တမျိုးဖြစ်နေပြီးတော့ တကယ်လို့ သင်က Google မှာ Backup လုပ်ထားတယ်ဆိုရင် ဖုန်းကို မသုံးပဲ ပစ်ထားတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါမှမဟုတ် အခြားသော Cloud Service တစ်ခုခုမှာပပဲ Wi-Fi Passwords, Application တွေလိုမျိုးကို သီးခြားထုတ်ထားပြီး Backup ပြုလုပ်ထားတာကပဲ ပိုပြီး စိတ်ချရမှာဖြစ်ပါတယ်။