Google ကနေ Android ဖုန်းတွေအတွက် ပထမဆုံးအနေနဲ့ Files Go အမည်ရှိတဲ့ File Manager Application တစ်ခုကို Google Play မှာ Download ရယူနိုင်အောင် ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

အဆိုပါ Google Files Go Application ဟာဆိုရင် လက်ရှိ File Manager ထဲမှာ အကောင်းဆုံးတစ်ခုဖြစ်လာပြီး သဘောကျဖို့ကောင်းတာက Google ကနေ ကိုယ်တိုင်ထုတ်တာဖြစ်တဲ့အတွက် ကြော်ငြာတွေလည်း မပါဝင်တာပဲဖြစ်ပါတယ်။

Google Files Go App က ဘာတွေလုပ်ပေးနိုင်မလဲဆိုရင် Storage ထဲက Junk File တွေကိုရှင်းပေးနိုင်မယ်၊ File တွေကို ပုံမှန်ထက်ပိုပြီး မြန်မြန်ဆန်ဆန်ရှာဖွေနိုင်မယ်၊ Cloud Storage ပေါ်ကို Files တွေ Backup လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Google Files Go App ရဲ့ အားသာချက်တစ်ခုကတော့ Files Go Application အသုံးပြုထားတဲ့သူအချင်းချင်း Files တွေ Share ပေးနိုင်တာပဲဖြစ်ပါတယ်။ Speed ကလည်း 125 Mbps အထိ ရောက်ရှိတဲ့အတွက် Zapya တောင် မလိုတော့ပါဘူး။

Google Files Go Application ကို အခု Link ကနေ Download ရယူနိုင်မှာပဲဖြစ်ပါတယ်။