[Zawgyi]

ဒီတစ္ပတ္ထဲမွာ က်င္းပတဲ့ Android Developer Summit မွာ Google ဟာ Dark mode သုံးျခင္းက ဘက္ထရီသက္တမ္းကို သက္ေရာက္မႈရွိပုံအေၾကာင္း ရွာေဖြေတြ႕ရွိခ်က္ကို ဖြင့္ဟသြားခဲ့ပါတယ္။ Developer ေတြအေနနဲ႔ အသုံးျပဳသူေတြရဲ႕ ဖုန္းေတြမွာ ဘက္ထရီသက္တမ္း ပိုၿပီးၾကာရွည္ေအာင္ လုပ္ေဆာင္လို႔ရမယ့္ အခ်က္ေတြကို Google က မွ်ေဝေဆြးေႏြးသြားတာ ျဖစ္ပါတယ္။

ေယဘုယ်အားျဖင့္ ဘက္ထရီကုန္ခန္းမႈႏႈန္းဟာ မ်က္ႏွာျပင္ အလင္းအားအနိမ့္အျမင့္ေၾကာင့္လည္း သက္ေရာက္မႈရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မ်က္ႏွာျပင္မွာ အေရာင္ေတြ အသုံးျပဳရတာ မ်ားေလေလ၊ ပါဝါကို ပိုၿပီးသုံးစြဲရေလ ျဖစ္ပါတယ္။ ပါဝါသုံးစြဲမႈကြာျခားပုံကို Google က ရွာေဖြေတြ႕ရွိထားၿပီး Google Pixel နဲ႔ iPhone 7 တို႔နဲ႔အတူ ႏႈိင္းယွဥ္ျပသြားခဲ့ပါတယ္။ AMOLED နဲ႔ IPS panel တို႔ကို ႏႈိင္းယွဥ္သလိုလည္း ျဖစ္ပါတယ္။

AMOLED မွာ မ်က္ႏွာျပင္ အလင္းအားကို အျမင့္ဆုံးထားၿပီး သာမန္အတိုင္းသုံးတဲ့အခါ Pixel Current (mA) မွာ 250 ျဖစ္ၿပီး Night Mode မွာေတာ့ 92 ျဖစ္ပါတယ္။ ဒါဟာ 63% အထိ သုံးစြဲမႈေလ်ာ့က်သြားတာ ျဖစ္ပါတယ္။ LCD မ်က္ႏွွာျပင္ကေတာ့ Night Mode သုံးစြဲမႈက ဘက္ထရီသက္တမ္းအေပၚ သက္ေရာက္မႈမရွိတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ အေရာင္ေတြရဲ႕ ပါဝါသုံးစြဲမႈကလည္း တစ္ေရာင္နဲ႔တစ္ေရာင္ ကြာျခားမႈရွိေၾကာင္းကိုလည္း Google က ရွင္းျပခဲ့ပါေသးတယ္။

Google က သူတို႔ရဲ႕ ဒီဇိုင္းေတြမွာ အျဖဴေရာင္ေနာက္ခံေတြကို Default အျဖစ္ထားရွိျခင္းဟာ ဖုန္းေတြကို အေကာင္းဆုံး အက်ိဳးသက္ေရာက္မႈ မျဖစ္ေစေၾကာင္း ေျပာသြားခဲ့ပါတယ္။ Night Mode ကေတာ့ ဘက္ထရီပါဝါသုံးစြဲမႈကို ေလ်ာ့က်ေစဖို႔ ပိုၿပီးအလားအလာရွိတယ္လို႔လည္း ဆိုပါတယ္။ ဒါေၾကာင့္ Google အေနနဲ႔ ေနာက္ပိုင္းမွာ အနက္ေရာင္ေနာက္ခံေတြကိုပဲ ဦးစားေပးသြားဖြယ္လည္း ရွိေနပါတယ္။

Google က သူ႔ရဲ႕ ေတြ႕ရွိမႈကို အေျချပဳၿပီး Developers ေတြအေနနဲ႔ Android app ေတြျပဳလုပ္ရာမွာ ေနာက္ခံအနက္ကို ဦးစားေပးဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။ အကယ္၍ ဖုန္းအသုံးျပဳသူကလည္း OLED display ျဖစ္ၿပီး ဘက္ထရီသက္တမ္းကို ဂ႐ုစိုက္သူဆိုရင္ေတာ့ Night Mode ကို ဦးစားေပးသင့္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။ LCD မ်က္ႏွာျပင္ေတြကေတာ့ Night Mode သုံးလည္း ဘက္ထရီသက္တမ္းအတြက္ သက္ေရာက္မႈ မရွိတဲ့အတြက္ စိတ္ပ်က္စရာ ျဖစ္မွာပါ။

Ref: gsmarena

 

[Unicode]

ဒီတစ်ပတ်ထဲမှာ ကျင်းပတဲ့ Android Developer Summit မှာ Google ဟာ Dark mode သုံးခြင်းက ဘက်ထရီသက်တမ်းကို သက်ရောက်မှုရှိပုံအကြောင်း ရှာဖွေတွေ့ရှိချက်ကို ဖွင့်ဟသွားခဲ့ပါတယ်။ Developer တွေအနေနဲ့ အသုံးပြုသူတွေရဲ့ ဖုန်းတွေမှာ ဘက်ထရီသက်တမ်း ပိုပြီးကြာရှည်အောင် လုပ်ဆောင်လို့ရမယ့် အချက်တွေကို Google က မျှဝေဆွေးနွေးသွားတာ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ဘက်ထရီကုန်ခန်းမှုနှုန်းဟာ မျက်နှာပြင် အလင်းအားအနိမ့်အမြင့်ကြောင့်လည်း သက်ရောက်မှုရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာပြင်မှာ အရောင်တွေ အသုံးပြုရတာ များလေလေ၊ ပါဝါကို ပိုပြီးသုံးစွဲရလေ ဖြစ်ပါတယ်။ ပါဝါသုံးစွဲမှုကွာခြားပုံကို Google က ရှာဖွေတွေ့ရှိထားပြီး Google Pixel နဲ့ iPhone 7 တို့နဲ့အတူ နှိုင်းယှဉ်ပြသွားခဲ့ပါတယ်။ AMOLED နဲ့ IPS panel တို့ကို နှိုင်းယှဉ်သလိုလည်း ဖြစ်ပါတယ်။

AMOLED မှာ မျက်နှာပြင် အလင်းအားကို အမြင့်ဆုံးထားပြီး သာမန်အတိုင်းသုံးတဲ့အခါ Pixel Current (mA) မှာ 250 ဖြစ်ပြီး Night Mode မှာတော့ 92 ဖြစ်ပါတယ်။ ဒါဟာ 63% အထိ သုံးစွဲမှုလျော့ကျသွားတာ ဖြစ်ပါတယ်။ LCD မျက်နှှာပြင်ကတော့ Night Mode သုံးစွဲမှုက ဘက်ထရီသက်တမ်းအပေါ် သက်ရောက်မှုမရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အရောင်တွေရဲ့ ပါဝါသုံးစွဲမှုကလည်း တစ်ရောင်နဲ့တစ်ရောင် ကွာခြားမှုရှိကြောင်းကိုလည်း Google က ရှင်းပြခဲ့ပါသေးတယ်။

Google က သူတို့ရဲ့ ဒီဇိုင်းတွေမှာ အဖြူရောင်နောက်ခံတွေကို Default အဖြစ်ထားရှိခြင်းဟာ ဖုန်းတွေကို အကောင်းဆုံး အကျိုးသက်ရောက်မှု မဖြစ်စေကြောင်း ပြောသွားခဲ့ပါတယ်။ Night Mode ကတော့ ဘက်ထရီပါဝါသုံးစွဲမှုကို လျော့ကျစေဖို့ ပိုပြီးအလားအလာရှိတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် Google အနေနဲ့ နောက်ပိုင်းမှာ အနက်ရောင်နောက်ခံတွေကိုပဲ ဦးစားပေးသွားဖွယ်လည်း ရှိနေပါတယ်။

Google က သူ့ရဲ့ တွေ့ရှိမှုကို အခြေပြုပြီး Developers တွေအနေနဲ့ Android app တွေပြုလုပ်ရာမှာ နောက်ခံအနက်ကို ဦးစားပေးဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ အကယ်၍ ဖုန်းအသုံးပြုသူကလည်း OLED display ဖြစ်ပြီး ဘက်ထရီသက်တမ်းကို ဂရုစိုက်သူဆိုရင်တော့ Night Mode ကို ဦးစားပေးသင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ LCD မျက်နှာပြင်တွေကတော့ Night Mode သုံးလည်း ဘက်ထရီသက်တမ်းအတွက် သက်ရောက်မှု မရှိတဲ့အတွက် စိတ်ပျက်စရာ ဖြစ်မှာပါ။

Ref: gsmarena