[Zawgyi]

ၿပီးခဲ့တဲ့ရက္တုန္းက Google ဟာ Pixel နဲ႔ Nexus တို႔အတြက္ ဒီဇင္ဘာ Update ကို ေၾကညာခဲ့ပါတယ္။ ဒီဖုန္းေတြအတြက္ Factory Images ေတြက အေစာပိုင္းကတည္းက အဆင္သင့္ျဖစ္ေနတာေၾကာင့္ Update ျပဳလုပ္ခ်င္ရင္ OTA Zip Files ေတြကို Download ဆြဲၿပီး ျပဳလုပ္ႏိုင္ၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

အခုေလာေလာဆယ္ Update ျပဳလုပ္ႏိုင္ဖို႔ လႊင့္တင္ေနတယ္ဆိုေပမယ့္ Pixel အားလုံးအတြက္ကေတာ့ ရက္အနည္းငယ္ၾကာဦးမယ္လို႔ သိရပါတယ္။ Google ကေတာ့ သူတို႔ရဲ႕ Update မွာ RAM ပိုင္းဆိုင္ရာ ျပႆနာကို ေျဖရွင္းေပးထားတယ္လို႔ဆိုပါတယ္။ Google ကေတာ့ Pixel 3 ရဲ႕ RAM ျပႆနာလို႔ပဲ ေျပာထားေပမယ့္ Pixel 2, Pixel 2 XL, Pixel 3 နဲ႔ Pixel 3 XL တို႔မွာ ျဖစ္ေနတဲ့ RAM ျပႆနာကို ေျဖရွင္းႏိုင္ၿပီလို႔ ယူဆရပါတယ္။

RAM ျပႆနာအျပင္ Update မွာ ထပ္ၿပီးပါလာတာက eSIM Support လို႔ သိရပါတယ္။ US ရဲ႕ Sprint, UK ရဲ႕ EE, ဂ်ာမနီရဲ႕ Telekom နဲ႔ Vodafone, အိႏၵိယမွာ Airtel နဲ႔ Reliance Jio, စတာေတြအျပင္ Truphone နဲ႔ Gigsky အစရွိတဲ့ Carriers ေတြနဲ႔ ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္မယ္လို႔ ကုမၸဏီက ေၾကညာခဲ့ပါတယ္။

အထက္မွာေဖာ္ျပခဲ့တဲ့ eSIM Support ေတြကို အေႏွးနဲ႔ အျမန္ဆိုသလို ရရွိေတာ့မွာျဖစ္တဲ့အတြက္ Pixel User ေတြအေနနဲ႔ Update ကို မျဖစ္မေန ျပဳလုပ္ဖို႔ လိုအပ္ေၾကာင္းလည္း သိရပါတယ္။ ဒါ့အျပင္ ဒီ Update မွာ Software ပိုင္းဆိုင္ရာ ျပဳျပင္တိုးတက္မႈေတြလည္း ရွိေနပါေသးတယ္။ Pixel 3 နဲ႔ 3XL တို႔မွာ ကင္မရာ Shutter စြမ္းေဆာင္ရည္ကို ပိုေကာင္းလာေစၿပီး အလိုအေလ်ာက္ ဆုံခ်က္ဖမ္းေပးတဲ့ အေလ့အထကိုလည္း ပိုမိုတိုးတက္လာေစတယ္လို႔ သိရပါတယ္။ HDR color ေတြကို ထိန္းခ်ဳပ္ရာမွာလည္း ပိုၿပီးေတာ့ ေကာင္းမြန္လာတယ္လို႔ သိရပါတယ္။

Ref: GSMarena

 

[Unicode]

ပြီးခဲ့တဲ့ရက်တုန်းက Google ဟာ Pixel နဲ့ Nexus တို့အတွက် ဒီဇင်ဘာ Update ကို ကြေညာခဲ့ပါတယ်။ ဒီဖုန်းတွေအတွက် Factory images တွေက အစောပိုင်းကတည်းက အဆင်သင့်ဖြစ်နေတာကြောင့် Update ပြုလုပ်ချင်ရင် OTA Zip files တွေကို Download ဆွဲပြီး ပြုလုပ်နိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလောလောဆယ် Update ပြုလုပ်နိုင်ဖို့ လွှင့်တင်နေတယ်ဆိုပေမယ့် Pixel အားလုံးအတွက်ကတော့ ရက်အနည်းငယ်ကြာဦးမယ်လို့ သိရပါတယ်။ Google ကတော့ သူတို့ရဲ့ Update မှာ RAM ပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းပေးထားတယ်လို့ဆိုပါတယ်။ Google ကတော့ Pixel 3 ရဲ့ RAM ပြဿနာလို့ပဲ ပြောထားပေမယ့် Pixel 2, Pixel 2 XL, Pixel 3 နဲ့ Pixel 3 XL တို့မှာ ဖြစ်နေတဲ့ RAM ပြဿနာကို ဖြေရှင်းနိုင်ပြီလို့ ယူဆရပါတယ်။

RAM ပြဿနာအပြင် Update မှာ ထပ်ပြီးပါလာတာက eSIM Support လို့ သိရပါတယ်။ US ရဲ့ Sprint, UK ရဲ့ EE, ဂျာမနီရဲ့ Telekom နဲ့ Vodafone, အိန္ဒိယမှာ Airtel နဲ့ Reliance Jio, စတာတွေအပြင် Truphone နဲ့ Gigsky အစရှိတဲ့ Carriers တွေနဲ့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ eSIM support တွေကို အနှေးနဲ့ အမြန်ဆိုသလို ရရှိတော့မှာဖြစ်တဲ့အတွက် Pixel User တွေအနေနဲ့ Update ကို မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ဒီ Update မှာ Software ပိုင်းဆိုင်ရာ ပြုပြင်တိုးတက်မှုတွေလည်း ရှိနေပါသေးတယ်။ Pixel 3 နဲ့ 3XL တို့မှာ ကင်မရာ Shutter စွမ်းဆောင်ရည်ကို ပိုကောင်းလာစေပြီး အလိုအလျောက် ဆုံချက်ဖမ်းပေးတဲ့ အလေ့အထကိုလည်း ပိုမိုတိုးတက်လာစေတယ်လို့ သိရပါတယ်။ HDR color တွေကို ထိန်းချုပ်ရာမှာလည်း ပိုပြီးတော့ ကောင်းမွန်လာတယ်လို့ သိရပါတယ်။

Ref: GSMarena