[Zawgyi]
Ref: GSMarena
[Unicode]
Google ဟာ Android 4.0 Ice Cream Sandwich အတွက် Play Service ထောက်ပံ့ခြင်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ရှေ့ဆက်ပေးမယ့် Play Services API release တွေမှာ မပါတော့ဘူးလို့ ဆိုလိုတာပါပဲ။
Android 4.0 အသုံးပြုသူ များဟာ ယခင်က လစဉ်ပုံမှန်အသုံးပြုသူစာရင်းမှာ ရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ပျောက်ဆုံးကုန်တဲ့အတွက် အခုလို ထောက်ပံ့မှုကို အဆုံးသတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Google ဟာ Android 4.1 Jelly Bean အတွက်တော့ ထောက်ပံ့မှုတွေ ပေးနေဦးမယ်လို့ သိရပါတယ်။
Google ရဲ့ ထုတ်ပြန်မှုအရ လစဉ်ပုံမှန်အသုံးပြုနေတဲ့ Android user ၂ ဘီလီယံနဲ့အထက်မှာ အများစုက Android 7.0 Nougat ဖြစ်ပြီး Android 6.0 Marshmallow နဲ့ Android 8.0 Oreo တွေလည်း အဓိကအားဖြင့် ပါဝင်ကြောင်း တွေ့ရပါတယ်။ ဒါကြောင့် OS အဟောင်းတွေအနေနဲ့တော့ Google ရဲ့ Play Service ထောက်ပံ့မှုကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အထက်မှာဖော်ပြခဲ့တဲ့အတိုင်း Google က သူ့ရဲ့ လေ့လာဆန်းစစ်မှုအရ ထောက်ပံ့မှု မရတဲ့ Version တွေဟာ များသောအားဖြင့် Active မဖြစ်တော့တာကြောင့် ထိခိုက်မှုဟာ ထင်သလောက် များပြားမှာ မဟုတ်ကြောင်းသိရပါတယ်။ အကယ်၍ Android 4.0 အသုံးပြုသူတွေအနေနဲ့ Update မရတော့ဘူးဆိုရင် Android 4.1 Jelly Bean ကို အဆင့်မြှင့်တင်လိုက်ရင်တော့ Update ပြန်ရဦးမှာပဲ ဖြစ်ပါတယ်။
Ref: GSMarena