သင်ဟာ Android User ဆိုရင် Google Play Store ကို Application တွေအကုန်အသုံးပြုနိုင်တဲ့ United States လိုမျိုး နိုင်ငံတွေမဟုတ်ပဲ Myanmar နိုင်ငံက Play Store အနေနဲ့ပဲ အသုံးပြုလို့ရတာကို သိကြမှာပါ။ အဲ့ဒီအတွက် အချို့သော Application တွေဆိုရင်လည်း Country Limit ဖြစ်နေတာပါ။

ဒါပေမယ့် Google ကနေ လက်ရှိအချိန်မှာ Google Play Store ကို အခြားသော VPN တွေအခြားသော Application တွေအသုံးပြုစရာမလိုအပ်ပဲနဲ့ Play Store ရဲ့ Country ကို ပြောင်းလဲနိုင်မယ့် Feature ကို စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။

အခု Feature ဟာ လက်ရှိအချိန်မှာ အချို့သော Android User တွေပဲ အသုံးပြုနိုင်သေးတာဖြစ်ပြီးတော့ အသုံးပြုလို့ရမရကိုတော့ Play Store ရဲ့ Account Section ထဲမှာရှိတဲ့ Countries and Profiles ကနေ ပြောင်းလဲလို့ရတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Google ကသာ အခု Feature ကို တရားဝင်ထုတ်ပေးတာဆိုရင် အခြားသော Country Limit ရှိတဲ့ Application တွေကို Download ဆွဲဖို့ အလွန်လွယ်ကူသွားတော့မှာပါ။