Zawgyi Font Version

(၂၀၂၁) ခုႏွစ္ကစျပီး သန္းနဲ႔ခ်ီတဲ့ ကားအသစ္ေတြမွာ Google ရဲ႕ Android OS သံုးထားတဲ့ Smart Display ေတြပါဝင္လာေတာ့ပါမွာ။Google ဟာ တစ္ျခား ကားထုတ္လုပ္သူေတြထဲမွာ အၾကီးဆံုးျဖစ္တဲ့ Renault-Nissan-Mitsubishi ဆိုတဲ့ ကားကုမၸဏီအုပ္စုၾကီးနဲ႔ ပူးေပါင္းျပီး ေဖ်ာ္ေျဖေရးနဲ႔ GPS လမ္းျပစနစ္ေတြကိုေထာက္ပ့ံေပးဖို႔အတြက္ Android Operating System အခြဲတစ္ခုကို ေရးဆြဲေနပါျပီ။ အဆိုပါ Operating System အသစ္အတြက္ Play Store ကေနတစ္ဆင့္ App ေတြရရွိႏိုင္ျပီး Google Map ကတစ္ဆင့္ GPS လမ္းျပစနစ္အသံုးျပဳႏိုင္ကာ Google Assistant မွတစ္ဆင့္ အသံနဲ႔ အမိန္႔ေပးခိုင္းေစမွုေတြျပဳလုပ္ႏိုင္မွာပါ။

“အနာဂတ္မွာ Google ရဲ႕ AI နည္းပညာနဲ႔အတူ ပိုမိုအဆင့္ျမင့္လာတဲ့ Google Assistant ဟာ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္သူေတြကို Display ကို လက္နဲ႔ထိေတြ႔စရာမလိုပဲ ကိစၥေတာ္ေတာ္မ်ားမ်ားကို အသံနဲ႔ပဲ ခိုင္းေစျပဳလုပ္ႏိုင္မယ္” လို႔ Renault-Nissan-Mitsubishi က Connected Vehicles ရဲ႕ Global VP ျဖစ္တဲ့ Kal Mos ကေျပာၾကားခဲ့ပါတယ္။ အရင္ႏွစ္က Renault-Nissan-Mitsubishi အုပ္စုဟာ ကမၻာတစ္ဝွမ္းမွာ ကားေပါင္း (၁၀.၆) သန္း ေရာင္းခ်ခဲ့ရျပီး အခုႏွစ္အတြက္ေတာ့ ဂြ်န္လပိုင္းအထိ စုစုေပါင္း (၅.၅၄) သန္းေရာင္းခ်ထားရတယ္လို႔သိရပါတယ္။ ေနာက္ထပ္သံုးႏွစ္အထိ အဆိုပါ ကားေတြမွာ Android OS ကိုေတြ႔ရမွာမဟုတ္ေသးပဲ 2022 မွာေတာ့ Android OS ထည့္သြင္းထားတဲ့ကားေပါင္း (၁၄) သန္းေရာင္းခ်ရမယ္လို႔ Google နဲ႔ အဆိုပါ ကားကုမၸဏီအုပ္စုၾကီးကခန္႔မွန္းထားပါတယ္။

Wall Street ဂ်ာနယ္ရဲ႕ေကာက္ႏုတ္ခ်က္အရ Google ဟာ ကားေလာကထဲကိုဝင္ေရာက္ဖို႔ႏွစ္ေပါင္းမ်ားစြာ ၾကိဳးစားေနတာျဖစ္ပါတယ္။ ကားကုမၸဏီၾကီးေတြဟာ Google နဲ႔ တစ္ျခား နည္းပညာကုမၸဏီၾကီးေတြကို သူတို႔ရဲ႕ ကားနဲ႔ပတ္သက္တဲ့နည္းပညာေတြကို ခိုးယူသံုးစြဲမွာ စိုးရိမ္ခဲ့တဲ့ အတြက္ လက္မတြဲခဲ့ၾကတာျဖစ္ပါတယ္။ ကားထုတ္လုပ္တဲ့ ကုမၸဏီ အၾကီးၾကီးေတြျဖစ္တဲ့ Mercedes-Benz နဲ႔ BMW တို႔ဟာ Google ရဲ႕ လမ္းျပစနစ္ေတြကိုမသံုးစြဲပဲ သူတို႔ရဲ႕ကိုယ္ပိုင္ GPS လမ္းျပစနစ္ေတြကိုတီထြင္အသံုးျပဳခဲ့ေပမယ့္ နည္းပညာလိုအပ္ခ်က္ေၾကာင့္ ထင္သေလာက္ခရီးမေပါက္ခဲ့ပါဘူး။

ကားေမာင္းသူေတာ္ေတာ္မ်ားမ်ားကလည္း ေမာ္ေတာ္ကားေတြမွာ တစ္ခါတည္းပါတဲ့ GPS လမ္းျပစနစ္ေတြကို အသံုးမျပဳၾကပဲ သူတို႔ Smartphone ေတြကိုပဲ ကား Dash ဘုတ္မွာကပ္ျပီး Google Map နဲ႔ Waze တုိ႔လို လမ္းျပစနစ္ေတြအသံုးျပဳၾကပါတယ္။ Google ဟာ Android Auto ဆိုတဲ့ ဝန္ေဆာင္မွုကို ကားေမာင္းတဲ့သူေတြအတြက္ Free သံုးခြင့္ေပးထားပါေသးတယ္။ Google ရဲ႕ ဒီႏွစ္အေစာပိုင္းမွာက်င္းပခဲ့တဲ့ Google I/O Developer Conference မွာ Google နဲ႔ Volvo တို႔ပူးေပါင္းဖန္တီးထားတဲ့ 2020 model year XC40 ကိုျပသခဲ့ပါတယ္။ အဆိုပါကားအသစ္မွာ Google ရဲ႕ Android Auto ဝန္ေဆာင္မွုတစ္ခါတည္းပါမွာျဖစ္ျပီး Android Pie ကို Volvo ရဲ႕ Sensus Skin နဲ႔ျပဳျပင္ခ်ယ္သထားပါတယ္။

ဒါေပမယ့္လည္း အဆိုပါ Google ရဲ႕ ဝန္ေဆာင္မွုေတြကို ကားတိုင္းမွာေတြ႔ရမွာမဟုတ္ပါဘူး။ Google ရဲ႕ အဆိုပါ Automobile ဆိုင္ရာ ဝန္ေဆာင္မွုေတြအျပင္ Apple ရဲ႕ CarPlay ဆိုတာရွိေသးတဲ့အတြက္ ကားထုတ္လုပ္သူေတြအတြက္ေတာ့ ေရြးခ်ယ္စရာရွိေနေသးျပီး ဘယ္သူ႔ Service ကိုယူသံုးမလဲဆိုတာေတာ့ စဥ္းစားေနၾကဆဲပါ။

Ref: The Verge

Unicode Version

(၂၀၂၁) ခုနှစ်ကစပြီး သန်းနဲ့ချီတဲ့ ကားအသစ်တွေမှာ Google ရဲ့ Android OS သုံးထားတဲ့ Smart Display တွေပါဝင်လာတော့ပါမှာ။Google ဟာ တစ်ခြား ကားထုတ်လုပ်သူတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Renault-Nissan-Mitsubishi ဆိုတဲ့ ကားကုမ္ပဏီအုပ်စုကြီးနဲ့ ပူးပေါင်းပြီး ဖျော်ဖြေရေးနဲ့ GPS လမ်းပြစနစ်တွေကိုထောက်ပံ့ပေးဖို့အတွက် Android Operating System အခွဲတစ်ခုကို ရေးဆွဲနေပါပြီ။ အဆိုပါ Operating System အသစ်အတွက် Play Store ကနေတစ်ဆင့် App တွေရရှိနိုင်ပြီး Google Map ကတစ်ဆင့် GPS လမ်းပြစနစ်အသုံးပြုနိုင်ကာ Google Assistant မှတစ်ဆင့် အသံနဲ့ အမိန့်ပေးခိုင်းစေမှုတွေပြုလုပ်နိုင်မှာပါ။

“အနာဂတ်မှာ Google ရဲ့ AI နည်းပညာနဲ့အတူ ပိုမိုအဆင့်မြင့်လာတဲ့ Google Assistant ဟာ မော်တော်ယာဉ်မောင်းနှင်သူတွေကို Display ကို လက်နဲ့ထိတွေ့စရာမလိုပဲ ကိစ္စတော်တော်များများကို အသံနဲ့ပဲ ခိုင်းစေပြုလုပ်နိုင်မယ်” လို့ Renault-Nissan-Mitsubishi က Connected Vehicles ရဲ့ Global VP ဖြစ်တဲ့ Kal Mos ကပြောကြားခဲ့ပါတယ်။ အရင်နှစ်က Renault-Nissan-Mitsubishi အုပ်စုဟာ ကမ္ဘာတစ်ဝှမ်းမှာ ကားပေါင်း (၁၀.၆) သန်း ရောင်းချခဲ့ရပြီး အခုနှစ်အတွက်တော့ ဂျွန်လပိုင်းအထိ စုစုပေါင်း (၅.၅၄) သန်းရောင်းချထားရတယ်လို့သိရပါတယ်။ နောက်ထပ်သုံးနှစ်အထိ အဆိုပါ ကားတွေမှာ Android OS ကိုတွေ့ရမှာမဟုတ်သေးပဲ 2022 မှာတော့ Android OS ထည့်သွင်းထားတဲ့ကားပေါင်း (၁၄) သန်းရောင်းချရမယ်လို့ Google နဲ့ အဆိုပါ ကားကုမ္ပဏီအုပ်စုကြီးကခန့်မှန်းထားပါတယ်။

Wall Street ဂျာနယ်ရဲ့ကောက်နုတ်ချက်အရ Google ဟာ ကားလောကထဲကိုဝင်ရောက်ဖို့နှစ်ပေါင်းများစွာ ကြိုးစားနေတာဖြစ်ပါတယ်။ ကားကုမ္ပဏီကြီးတွေဟာ Google နဲ့ တစ်ခြား နည်းပညာကုမ္ပဏီကြီးတွေကို သူတို့ရဲ့ ကားနဲ့ပတ်သက်တဲ့နည်းပညာတွေကို ခိုးယူသုံးစွဲမှာစိုးရိမ်ခဲ့တဲ့ အတွက် လက်မတွဲခဲ့ကြတာဖြစ်ပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီ အကြီးကြီးတွေဖြစ်တဲ့ Mercedes-Benz နဲ့ BMW တို့ဟာ Google ရဲ့ လမ်းပြစနစ်တွေကိုမသုံးစွဲပဲ သူတို့ရဲ့ကိုယ်ပိုင် GPS လမ်းပြစနစ်တွေကိုတီထွင်အသုံးပြုခဲ့ပေမယ့် နည်းပညာလိုအပ်ချက်ကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။

ကားမောင်းသူတော်တော်များများကလည်း မော်တော်ကားတွေမှာ တစ်ခါတည်းပါတဲ့ GPS လမ်းပြစနစ်တွေကို အသုံးမပြုကြပဲ သူတို့ Smartphone တွေကိုပဲ ကား Dash ဘုတ်မှာကပ်ပြီး Google Map နဲ့ Waze တို့လို လမ်းပြစနစ်တွေအသုံးပြုကြပါတယ်။ Google ဟာ Android Auto ဆိုတဲ့ ဝန်ဆောင်မှုကို ကားမောင်းတဲ့သူတွေအတွက် Free သုံးခွင့်ပေးထားပါသေးတယ်။ Google ရဲ့ ဒီနှစ်အစောပိုင်းမှာကျင်းပခဲ့တဲ့ Google I/O Developer Conference မှာ Google နဲ့ Volvo တို့ပူးပေါင်းဖန်တီးထားတဲ့ 2020 model year XC40 ကိုပြသခဲ့ပါတယ်။ အဆိုပါကားအသစ်မှာ Google ရဲ့ Android Auto ဝန်ဆောင်မှုတစ်ခါတည်းပါမှာဖြစ်ပြီး Android Pie ကို Volvo ရဲ့ Sensus Skin နဲ့ပြုပြင်ချယ်သထားပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Google ရဲ့ ဝန်ဆောင်မှုတွေကို ကားတိုင်းမှာတွေ့ရမှာမဟုတ်ပါဘူး။ Google ရဲ့ အဆိုပါ Automobile ဆိုင်ရာ ဝန်ဆောင်မှုတွေအပြင် Apple ရဲ့ CarPlay ဆိုတာရှိသေးတဲ့အတွက် ကားထုတ်လုပ်သူတွေအတွက်တော့ ရွေးချယ်စရာရှိနေသေးပြီး ဘယ်သူ့ Service ကိုယူသုံးမလဲဆိုတာတော့ စဉ်းစားနေကြဆဲပါ။

Ref: The Verge