[Zawgyi]
Ref – GSM Arena
[Unicode]
ပြီးခဲ့တဲ့နွေရာသီမှာ Google Maps ဟာ ကိုယ့်ရဲ့အနီးအနားက နေရာတွေကို Rating စနစ်နဲ့ ညွှန်းပေးတဲ့ Explore Tab အား Sandwich Menu ထဲကနေ Home Screen ပေါ်ကို သီးသန့် Tab အနေနဲ့ ခေါ်ဆောင်လာခဲ့တယ်။ အခုတော့ Maps ပလက်ဖောင်းဟာ တစ်ယောက်စီအတွက် Personalized ပိုလုပ်ဖို့ “For You” လို့ခေါ်တဲ့ Tab အသစ်စက်စက်ကို မိတ်ဆက်လာခဲ့ပါပြီ။ ၎င်းကို Explore နဲ့ Commute ဘေးမှာ တွေ့နိုင်ပါတယ်။
For You Tab ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ပိုင်အကြိုက်နဲ့ စိတ်ဝင်စားမှုအပေါ် အခြေခံထားတယ်လို့ Google Blog မှာ ရေးသားထားပါတယ်။ ပုံမှန် Update တစ်ခုနဲ့အတူ ရောက်လာမယ့် Feature အသစ်ဟာ သင်ရွေးချယ်လိုက်တဲ့နေရာက သင်နှစ်သက်တဲ့ ဆိုင်ပုံစံမျိုးတွေကို ပြသပေးမှာ ဖြစ်တယ်။
အချို့နေရာတွေကို Bookmark လုပ်မှတ်သားထားနိုင်ပြီး “Want to go” စာရင်းထဲ အလိုအလျောက် ဝင်သွားမှာပါ။ အဆိုပါ စာရင်းနဲ့ ကိုက်ညီတဲ့ ညွှန်းဆိုမှုတွေကိုလည်း ပုံမှန်ရနေမှာ ဖြစ်တယ်။ ဒီ Feature ကို iOS အတွက်ရော Android မှာပါ ထုတ်လွှင့်ပေးလိုက်ပြီ ဖြစ်လို့ Google Trips App အခွဲတစ်ခုလို အသုံးပြုနိုင်ပါပြီ။
Ref – GSM Arena