[Zawgyi]

Google ဟာ သူ႔ရဲ႕ Search engine အသုံးျပဳသူေတြအတြက္ Search by Voice ဝန္ေဆာင္မႈကို စမတ္ဖုန္းေတြမွာပါ အသုံးျပဳႏိုင္ေအာင္ ေထာက္ပံ့ေပးလိုက္ၿပီျဖစ္ပါတယ္။ Web မွာေတာ့ ဒီဝန္ေဆာင္မႈက ရရွိေနခဲ့တာ အေတာ္ၾကာၿပီျဖစ္ေပမယ့္ မိုလ္ဘိုင္းစနစ္ကိုေတာ့ အခုမွစၿပီး ေထာက္ပံ့ႏိုင္ခဲ့တာပါ။

အခုေနာက္ပိုင္းႏွစ္ေတြမွာ Google ဟာ Voice ကို အေတာ္ေလး အာ႐ုံစိုက္လာတာေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ တစ္ပါတ္ကလည္း Voice service တစ္ခုျဖစ္တဲ့ VoIP (voice-over-IP) calling ဝန္ေဆာင္မႈကို စတင္ထုတ္လႊတ္ခဲ့ပါတယ္။ အခုလည္း Search by Voice ကို Android ဖုန္းေတြမွာ အသုံးျပဳႏိုင္ေအာင္ ဝန္ေဆာင္လိုက္ၿပီ ျဖစ္ပါတယ္။

ပုံမွန္အတိုင္းဆိုရင္ေတာ့ Google Discover ရဲ႕ Homepage မွာ Microphone ပုံေလးနဲ႔ Voice service ကို ေတြ႕ျမင္ႏိုင္ၾကမွာပါ။ Android မွာေတာ့ Chrome ဆိုရင္ အျပာေရာင္အပါအဝင္ Google ရဲ႕ ေရာင္စုံ Icon ေလးအစား ခဲေရာင္ Icon အျဖစ္ ေျပာင္းလဲေနတာကို ေတြ႕ရပါတယ္။

အသုံးျပဳတဲ့ပုံစံကေတာ့ အဆိုပါ Microphone icon ေလးကို ဖိလိုက္ၿပီး အသံနဲ႔ ေျပာဆိုရွာေဖြရတာပဲလို႔ သိရပါတယ္။ စစခ်င္းမွာ “Speak now” ေပၚလာၿပီး အဲဒီေနာက္မွာေတာ့ “Listening” ေပၚလာပါလိမ့္မယ္။ အသံကိုလက္ခံၿပီးတဲ့ေနာက္ ရွာေဖြမႈကို စတင္တာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီဝန္ေဆာင္မႈက တစ္ကမာၻလုံးက Android ဖုန္းေတြမွာ အသုံးျပဳလို႔ရဦးမွာ မဟုတ္ေသးေပမယ့္ Google ရဲ႕ လာမယ့္ Update ေတြမွာေတာ့ ပါဝင္လာဖြယ္ရွိပါတယ္။

Ref: 9To5Google

[Unicode]

Search by Voice ဝန်ဆောင်မှုကို Android မှာပါ ထောက်ပံ့ပေးလိုက်တဲ့ Google

Google ဟာ သူ့ရဲ့ Search engine အသုံးပြုသူတွေအတွက် Search by Voice ဝန်ဆောင်မှုကို စမတ်ဖုန်းတွေမှာပါ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးလိုက်ပြီဖြစ်ပါတယ်။ Web မှာတော့ ဒီဝန်ဆောင်မှုက ရရှိနေခဲ့တာ အတော်ကြာပြီဖြစ်ပေမယ့် မိုလ်ဘိုင်းစနစ်ကိုတော့ အခုမှစပြီး ထောက်ပံ့နိုင်ခဲ့တာပါ။

အခုနောက်ပိုင်းနှစ်တွေမှာ Google ဟာ Voice ကို အတော်လေး အာရုံစိုက်လာတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ပါတ်ကလည်း Voice service တစ်ခုဖြစ်တဲ့ VoIP (voice-over-IP) calling ဝန်ဆောင်မှုကို စတင်ထုတ်လွှတ်ခဲ့ပါတယ်။ အခုလည်း Search by Voice ကို Android ဖုန်းတွေမှာ အသုံးပြုနိုင်အောင် ဝန်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

ပုံမှန်အတိုင်းဆိုရင်တော့ Google Discover ရဲ့ Homepage မှာ Microphone ပုံလေးနဲ့ Voice service ကို တွေ့မြင်နိုင်ကြမှာပါ။ Android မှာတော့ Chrome ဆိုရင် အပြာရောင်အပါအဝင် Google ရဲ့ ရောင်စုံ Icon လေးအစား ခဲရောင် Icon အဖြစ် ပြောင်းလဲနေတာကို တွေ့ရပါတယ်။

အသုံးပြုတဲ့ပုံစံကတော့ အဆိုပါ Microphone icon လေးကို ဖိလိုက်ပြီး အသံနဲ့ ပြောဆိုရှာဖွေရတာပဲလို့ သိရပါတယ်။ စစချင်းမှာ “Speak now” ပေါ်လာပြီး အဲဒီနောက်မှာတော့ “Listening” ပေါ်လာပါလိမ့်မယ်။ အသံကိုလက်ခံပြီးတဲ့နောက် ရှာဖွေမှုကို စတင်တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဝန်ဆောင်မှုက တစ်ကမ္ဘာလုံးက Android ဖုန်းတွေမှာ အသုံးပြုလို့ရဦးမှာ မဟုတ်သေးပေမယ့် Google ရဲ့ လာမယ့် Update တွေမှာတော့ ပါဝင်လာဖွယ်ရှိပါတယ်။

Ref: 9To5Google