ပြီးခဲ့တဲ့ Google I/O 2018 Conference မှာ Google က Online Storage အတွက် Google One ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ Google One ဟာဆိုရင် လက်ရှိ Online Drive Storage တွေ နေရာမှာ အစားထိုး ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

 

Source: extremetech.com

Google One မှာ Storage တွေဝယ်မယ်ဆိုရင် Plan တွေကတော့ $1.99/Month for 100GB, $2.99/Month for 200GB နဲ့ အရင် လို 1TB Plan မရှိတော့ပဲ 2TB Plan သာ ရှိတော့မှာ ဖြစ်ပါတယ်။ 2TB ထက် ကြီးတဲ့ Plan တွေရဲ့ ဈေးနှုန်းတွေကတော့ အရင်အတိုင်း ရှိနေဦးမှာပါ။ ဒါ့အပြင် Plan တွေအားလုံးဟာ မိသားစုဝင်တွေနဲ့ လည်း Share လို့ ရသွားပါပြီ။ Google One ရဲ့ Plan တွေကို မိသားစုဝင် ၅ ဦး အထိ Share  ပြီး သုံးလို့ရပါတယ်။

Sourc : ShareTechNews

ဒါပေမယ့် Google one ဟာ နောက်ထပ် လ အနည်းငယ်ကြာမှ စပြီးသုံးလို့ရကြမှာပါ။ ဒါ့အပြင် Google Drive သုံးနေတဲ့ လူတွေ အတွက်လည်း သိပ်မကြာခင်မှာ Google One ကို Update လုပ်လို့ရပါလိမ့်မယ်။  ဒီလိုပြောင်းလဲတာဟာ G Suite Business Customers တွေအတွက်တော့ ဘာမှထိခိုက်မှာမဟုတ်ပါဘူး။