Zawgyi Font Version
Ref: XDA
Unicode Version
Google Photos ဟာ Google ကထုတ်တဲ့ Android App တွေထဲမှာမှ အကောင်းဆုံးနဲ့ အလန်းဆုံး Gallery App တစ်ခုပါ။ Stock Android အသုံးပြုထားတဲ့ရင်တော့ Google Photos App က Built-In ပါမှာဖြစ်ပြီး အဓိက Gallery App အနေနဲ့ သုံးရမှာပါ။ Samsung, Xiaomi, OnePlus အစရှိတဲ့ ဖုန်းတွေမှာလဲ Secondary Gallery App တစ်ခုအနေနဲ့ ပါလာပါတယ်။ Google Photos ရဲ့ အားသားချက်က သာမာန် Gallery App တွေထက် Powerful ဖြစ်ပြီး ကိုယ့် Gallery ထဲကပုံတွေကို Google Photo ရဲ့ Server ထဲထည့်ပြီး Upload လုပ်ထားနိုင်လို့ ဘယ် Device ပေါ်မှာပဲဖြစ်ဖြစ် ကိုယ့် Google Account နဲ့ Log In ဝင်လိုက်တာနဲ့ ကိုယ့် ပုံတွေအကုန် ပြန်မြင်ရမှာပါ။
Android အပြင် iOS အတွက်ပါ အသုံးပြုနိုင်လို့ Google Photos ရဲ့ Powerful ဖြစ်တဲ့ အချက်ကို သိတဲ့ iOS User တွေတောင် Google Photos ကိုအသုံးပြုကြပါတယ်။  လွန်ခဲ့တဲ့ မေလမှာကျင်းပခဲ့တဲ့ Google I/O 2018 မှာ Google Photo အတွက် Color Pop လို့ခေါ်တဲ့ AI-Powered Feature တွေထည့်သွင်းပေးတော့မယ်လို့ ကြေညာခဲ့ပါတယ်။
AndroidPolice ဆိုတဲ့ နည်းပညာ Website ရဲ့ပြောစကားအရ Google ဟာ အဆိုပါ Feature အသစ်တွေထည့်သွင်းပေးထားတဲ့ Google Photos အတွက် Update အသစ်ကို မကြာခင် ဖြန့်ချီပေးတော့မယ်လို့သိရပါတယ်။ အဆိုပါ Update အသစ်မှာ Color Pop Feature အပြင် Manual Bokeh Effect လို့ခေါ်တဲ့ Feature အသစ်ပါ ပါလာမယ်လို့သိရပါတယ်။ Manual Bokeh Effect အသုံးပြုပြီး အရာဝတ္ထုနဲ့လူပုံတွေရဲ့ နောက်ခံ Background ကို ကိုယ့်စိတ်ကြိုက် ဝါးအောင်ပြုပြင်နိုင်ပြီး Background ဝါးတဲ့ပမာဏကို ကိုယ့်စိတ်ကြိုက်ထားရှိနိုင်ပါတယ်။ အသုံးပြုရအရမ်းလွယ်ကူတဲ့အတွက် Photography နဲ့ ရင်းနှီးမှုမရှိတဲ့လူတွေတောင် အလွယ်တကူ အသုံးပြုနိုင်မယ်လို့သိရပါတယ်။
အဆိုပါ Update Feature တွေကို Google Photos အသုံးပြုသူတစ်ချို့ ရရှိနေပြီလို့ Androidpolice ရဲ့ ပြောစကားအရသိရပါတယ်။ မကြာခင်အချိန်မှာပဲ User တွေအကုန်လုံးအတွက် Update ရရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။ အခုရရှိမယ့် Google Photos Update ဟာ Server-side Update ဖြစ်တာကြောင့် Feature အသစ်တွေရရှိဖို့အတွက် Google Photos App ကို Update လုပ်စရာမလိုပဲ Google က ကိုယ့် Device အတွက် Update ထုတ်ပေးလိုက်တဲ့အခါ လက်ရှိသုံးစွဲနေတဲ့ Google Photos App ထဲမှာပဲ Feature အသစ်တွေကို မြင်ရမှာပါ။ ကိုယ့် Google Photos App ထဲမှာ အဆိုပါ Feature အသစ်တွေရပြီလားဆိုတာ သိချင်ရင်တော့ Google Photos ထဲဝင်ပြီး ပုံတစ်ပုံရွေးကာ Edit Icon ကိုနှိပ်လိုက်ပါ။ ကံကောင်းရင်တော့ Color Pop နဲ့ Manual Bokeh Feature တွေတွေ့နိုင်ပါတယ်။ Google Photo မသုံးဖူးတဲ့သူတွေဆိုရည်လည်း သုံးကြည့်ပါ။ တော်တော်ကောင်းပါတယ်။ Wifi Connection ရတာနဲ့ Gallery ထဲရှိသမျှပုံတွေကို Upload တင်ပေးတာကြောင့် အရမ်းကိုအဆင်ပြေပါတယ်။
Ref: XDA