[Zawgyi]

Google ဟာ ၂၀၁၈ Flagships ဖုန္းေတြကို ေအာက္တိုဘာလ အစပိုင္းေလာက္မွာ စတင္ၿပီး ပြဲထုတ္ခဲ့တာကို ေတြ႕ျမင္ရပါတယ္။ ဒါေပမယ့္ Lite မ်ိဳးကြဲေတြကေတာ့ မၾကာခင္အခ်ိန္အတြင္းမွာ ထြက္ေပၚလာဦးမယ္လို႔ ေကာလာဟလေတြ ပ်ံ႕ႏွံ႔ေနတာလည္း ၾကာခဲ့ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလည္း OnLeaks နဲ႔ 91mobile တို႔က Pixel 3 Lite ေတြရဲ႕ ေနာက္ဆုံး ဒီဇိုင္းပုံစံလို႔ ဆိုရမယ့္ 3D CAD ပုံ Renders ေတြကို ေဖာ္ျပခဲ့ပါတယ္။ ေတြ႕ျမင္ရတဲ့ထဲမွာ အထင္ရွားဆုံး Feature ကေတာ့ 3.5mm audio jack ကို ျပန္သုံးထားတာပါပဲ။

Google Pixel 3 Lite ကေတာ့ Pixel 3 နဲ႔ အတူတူပဲျဖစ္တဲ့ 5.5-inch မ်က္ႏွာျပင္လို႔ ေဖာ္ျပထားပါတယ္။ အတိုင္းအတာအားျဖင့္ေတာ့ 151.3 x 70 x 8.2 mm ျဖစ္သြားမယ္လို႔ ဆိုပါတယ္။ ကင္မရာေဘာင္ကိုထည့္တြက္ရင္ေတာ့ 9mm ျဖစ္တယ္လို႔ ဆိုရမွာပါ။ မ်က္ႏွာျပင္ resolution ကေတာ့ HD+ ျဖစ္လိမ့္မယ္လို႔ ဆိုထားသလို အခ်ိဳးက 18.5:9 လို႔လည္း ဆိုထားပါတယ္။

အေစာပိုင္းက ထြက္ထားတဲ့ ေကာလာဟလေတြအရ Snapdragon 670 နဲ႔ 4GB RAM ျဖစ္မယ္လို႔ သိရပါတယ္။ ကင္မရာေတြကေတာ့ ေက်ာဘက္မွာ 12MP တစ္လုံးပါမွာျဖစ္ၿပီး Selfie ကင္မရာကေတာ့ 8MP လို႔ ဆိုပါတယ္။ အျခားအခ်က္အလက္ေတြကေတာ့ 32/64 GB Storage ေ႐ြးခ်ယ္မႈရွိၿပီး 2,915mAh ဘက္ထရီ လို႔ သိရပါတယ္။

Google Pixel 3 Lite XL ကေတာ့ လက္ရွိ Pixel 3 XL နဲ႔ ကြဲျပားမယ္လို႔ ဆိုထားပါတယ္။ လက္ရွိျမင္ေတြ႕ေနရတဲ့ Notch အစား အရင္တုန္းကလိုပဲ ထိပ္ပိုင္းမွာ သမား႐ိုးက် Bezel နဲ႔ပဲ ျဖစ္လာလိမ့္မယ္လို႔ သိရပါတယ္။ ဒါဆိုရင္ေတာ့ မ်က္ႏွာျပင္အ႐ြယ္အစားက 6.3-inch ကေန 6-inch ျဖစ္သြားႏိုင္ပါတယ္။ အတိုင္းအတာကေတာ့ 160 x 76.1 x 8.2 mm ျဖစ္တယ္လို႔ သိရပါတယ္။

Google Pixel 3 Lite XL ရဲ႕ အစိတ္အပိုင္းေတြနဲ႔ ပတ္သက္တဲ့ ေကာလာဟလကေတာ့ Snapdragon 710 ပဲ သုံးထားမယ္ ဆိုတာပါ။ ကင္မရာအရည္အေသြးနဲ႔ သိုေလွာင္မႈပမာဏေတြကလည္း XL နဲ႔ အတူတူပဲျဖစ္မယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ Pixel 3 Lite XL ရဲ႕ ကိုယ္ထည္ကေတာ့ Polycarbonate ပဲျဖစ္မယ္လို႔ ဆိုတာပါ။ ဒါဆိုရင္ေတာ့ ႀကိဳးမဲ့အားသြင္းစနစ္ ပါဝင္ေတာ့မွာ မဟုတ္ပါဘူး။

 

Ref: GSMarena

 

[Unicode]

Google ဟာ ၂၀၁၈ Flagships ဖုန်းတွေကို အောက်တိုဘာလ အစပိုင်းလောက်မှာ စတင်ပြီး ပွဲထုတ်ခဲ့တာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် Lite မျိုးကွဲတွေကတော့ မကြာခင်အချိန်အတွင်းမှာ ထွက်ပေါ်လာဦးမယ်လို့ ကောလာဟလတွေ ပျံ့နှံ့နေတာလည်း ကြာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း OnLeaks နဲ့ 91mobile တို့က Pixel 3 Lite တွေရဲ့ နောက်ဆုံး ဒီဇိုင်းပုံစံလို့ ဆိုရမယ့် 3D CAD ပုံ Renders တွေကို ဖော်ပြခဲ့ပါတယ်။ တွေ့မြင်ရတဲ့ထဲမှာ အထင်ရှားဆုံး Feature ကတော့ 3.5mm audio jack ကို ပြန်သုံးထားတာပါပဲ။

Google Pixel 3 Lite ကတော့ Pixel 3 နဲ့ အတူတူပဲဖြစ်တဲ့ 5.5-inch မျက်နှာပြင်လို့ ဖော်ပြထားပါတယ်။ အတိုင်းအတာအားဖြင့်တော့ 151.3 x 70 x 8.2 mm ဖြစ်သွားမယ်လို့ ဆိုပါတယ်။ ကင်မရာဘောင်ကိုထည့်တွက်ရင်တော့ 9mm ဖြစ်တယ်လို့ ဆိုရမှာပါ။ မျက်နှာပြင် resolution ကတော့ HD+ ဖြစ်လိမ့်မယ်လို့ ဆိုထားသလို အချိုးက 18.5:9 လို့လည်း ဆိုထားပါတယ်။

အစောပိုင်းက ထွက်ထားတဲ့ ကောလာဟလတွေအရ Snapdragon 670 နဲ့ 4GB RAM ဖြစ်မယ်လို့ သိရပါတယ်။ ကင်မရာတွေကတော့ ကျောဘက်မှာ 12MP တစ်လုံးပါမှာဖြစ်ပြီး Selfie ကင်မရာကတော့ 8MP လို့ ဆိုပါတယ်။ အခြားအချက်အလက်တွေကတော့ 32/64 GB Storage ရွေးချယ်မှုရှိပြီး 2,915mAh ဘက်ထရီ လို့ သိရပါတယ်။

Google Pixel 3 Lite XL ကတော့ လက်ရှိ Pixel 3 XL နဲ့ ကွဲပြားမယ်လို့ ဆိုထားပါတယ်။ လက်ရှိမြင်တွေ့နေရတဲ့ Notch အစား အရင်တုန်းကလိုပဲ ထိပ်ပိုင်းမှာ သမားရိုးကျ Bezel နဲ့ပဲ ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။ ဒါဆိုရင်တော့ မျက်နှာပြင်အရွယ်အစားက 6.3-inch ကနေ 6-inch ဖြစ်သွားနိုင်ပါတယ်။ အတိုင်းအတာကတော့ 160 x 76.1 x 8.2 mm ဖြစ်တယ်လို့ သိရပါတယ်။

Google Pixel 3 Lite XL ရဲ့ အစိတ်အပိုင်းတွေနဲ့ ပတ်သက်တဲ့ ကောလာဟလကတော့ Snapdragon 710 ပဲ သုံးထားမယ် ဆိုတာပါ။ ကင်မရာအရည်အသွေးနဲ့ သိုလှောင်မှုပမာဏတွေကလည်း XL နဲ့ အတူတူပဲဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Pixel 3 Lite XL ရဲ့ ကိုယ်ထည်ကတော့ Polycarbonate ပဲဖြစ်မယ်လို့ ဆိုတာပါ။ ဒါဆိုရင်တော့ ကြိုးမဲ့အားသွင်းစနစ် ပါဝင်တော့မှာ မဟုတ်ပါဘူး။

 

Ref: GSMarena