[Zawgyi]

Google ဟာ ဟိုအရင္တစ္ခ်ိန္တုန္းက High end ေတြေပၚမွာပဲ အာ႐ုံစိုက္ၿပီး ထုတ္လုပ္သြားမယ္လို႔ ေျပာခဲ့ဖူးေပမယ့္ အခုအခါမွာေတာ့ Mid-range ေတြကိုလည္း လ်စ္လ်ဴရႈထားလို႔ မရေတာ့ဘူးဆိုတာကို လက္ခံလိုက္ပုံရပါတယ္။ ဒါေၾကာင့္ သူတို႔ဟာ Mid-range အမ်ိဳးအစားျဖစ္တဲ့ Pixel 3 Lite ကို လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သတင္းေပါက္ၾကားမႈေတြအရ သိရတာကေတာ့ Google Pixel 3 Lite ရဲ႕ Code name ဟာ Sargo လို႔ သိရပါတယ္။ ဒီရက္ပိုင္းတြင္းမွာေတာ့ Pixel 3 Lite ရဲ႕ ပုံက ထပ္ၿပီးေပါက္ၾကားလာျပန္ပါတယ္။ ဒီတစ္ခါေတာ့ Pixel 3 နဲ႔ ေဘးခ်င္းယွဥ္ၿပီး ျပသထားတာပါ။

႐ုတ္တရက္ၾကည့္လိုက္ရင္ေတာ့ ဘယ္ဖုန္းက Pixel 3 Lite လဲလို႔ သိဖို႔မလြယ္ပါဘူး။ ေသခ်ာၾကည့္မွပဲ ခြဲျခားလို႔ရမွာပါ။ Lite က ဘယ္ဘက္မွာရွိေနၿပီး Pixel 3 ကေတာ့ ညာဘက္မွာပါ။ Lite ရဲ႕ မ်က္ႏွာျပင္က Pixel 3 ထက္ နည္းနည္း ပိုရွည္ပါတယ္။ Lite က 5.56-inch ျဖစ္ပါတယ္။ Pixel 3 က 5.5-inch ပါ။ မ်က္ႏွာျပင္အခ်ိဳးကေတာ့ 18.5:9 ျဖစ္သြားပါတယ္။

Pixel 3 Lite ဟာ Qualcomm Snapdragon 670 SoC ကို သုံးထားၿပီး 4GB RAM, 32GB Storage နဲ႔ ထြက္လာမယ္လို႔ ဆိုပါတယ္။ ဒီပမာဏေတြက အေျခခံေတြျဖစ္ၿပီး 64GB version လည္း ဝယ္လို႔ ရမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ ဘက္ထရီကလည္း ပထမတုန္းက သတင္းေပါက္ၾကားထားတဲ့အတိုင္း 2,915 mAh လို႔ပဲ သိထားပါတယ္။

အေရွ႕ကင္မရာကလည္း 8MP Single ျဖစ္သလို အေနာက္ကင္မရာကလည္း 12MP Single လို႔ပဲ သိထားရပါေသးတယ္။ အေျပာင္းအလဲ မရွိေသးပါဘူး။ ဘာပဲျဖစ္ျဖစ္ Pixel 3 Lite အေနနဲ႔ အနည္းဆုံးေတာ့ Android 9 Pie ျဖစ္သင့္ပါတယ္။ ဒါေပမယ့္ အခုထိ တိတိက်က် မသိရေသးတဲ့အတြက္ သိပ္ေတာ့ ေမွ်ာ္လင့္ထားလို႔ မရေသးတဲ့ အေနအထားပါ။

Ref: GSMarena

 

[Unicode]

Google ဟာ ဟိုအရင်တစ်ချိန်တုန်းက High end တွေပေါ်မှာပဲ အာရုံစိုက်ပြီး ထုတ်လုပ်သွားမယ်လို့ ပြောခဲ့ဖူးပေမယ့် အခုအခါမှာတော့ Mid-range တွေကိုလည်း လျစ်လျူရှုထားလို့ မရတော့ဘူးဆိုတာကို လက်ခံလိုက်ပုံရပါတယ်။ ဒါကြောင့် သူတို့ဟာ Mid-range အမျိုးအစားဖြစ်တဲ့ Pixel 3 Lite ကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပေါက်ကြားမှုတွေအရ သိရတာကတော့ Google Pixel 3 Lite ရဲ့ Code name ဟာ Sargo လို့ သိရပါတယ်။ ဒီရက်ပိုင်းတွင်းမှာတော့ Pixel 3 Lite ရဲ့ ပုံက ထပ်ပြီးပေါက်ကြားလာပြန်ပါတယ်။ ဒီတစ်ခါတော့ Pixel 3 နဲ့ ဘေးချင်းယှဉ်ပြီး ပြသထားတာပါ။

ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘယ်ဖုန်းက Pixel 3 Lite လဲလို့ သိဖို့မလွယ်ပါဘူး။ သေချာကြည့်မှပဲ ခွဲခြားလို့ရမှာပါ။ Lite က ဘယ်ဘက်မှာရှိနေပြီး Pixel 3 ကတော့ ညာဘက်မှာပါ။ Lite ရဲ့ မျက်နှာပြင်က Pixel 3 ထက် နည်းနည်း ပိုရှည်ပါတယ်။ Lite က 5.56-inch ဖြစ်ပါတယ်။ Pixel 3 က 5.5-inch ပါ။ မျက်နှာပြင်အချိုးကတော့ 18.5:9 ဖြစ်သွားပါတယ်။

Pixel 3 Lite ဟာ Qualcomm Snapdragon 670 SoC ကို သုံးထားပြီး 4GB RAM, 32GB Storage နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ ဒီပမာဏတွေက အခြေခံတွေဖြစ်ပြီး 64GB version လည်း ဝယ်လို့ ရမယ်လို့တော့ မျှော်လင့်ရပါတယ်။ ဘက်ထရီကလည်း ပထမတုန်းက သတင်းပေါက်ကြားထားတဲ့အတိုင်း 2,915 mAh လို့ပဲ သိထားပါတယ်။

အရှေ့ကင်မရာကလည်း 8MP Single ဖြစ်သလို အနောက်ကင်မရာကလည်း 12MP Single လို့ပဲ သိထားရပါသေးတယ်။ အပြောင်းအလဲ မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Pixel 3 Lite အနေနဲ့ အနည်းဆုံးတော့ Android 9 Pie ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အခုထိ တိတိကျကျ မသိရသေးတဲ့အတွက် သိပ်တော့ မျှော်လင့်ထားလို့ မရသေးတဲ့ အနေအထားပါ။

Ref: GSMarena