Google အနေနဲ့ Pixel Series စမတ်ဖုန်း မော်ဒယ်တွေရဲ့ မျိုးဆက်သစ် မော်ဒယ်တွေ ဖြစ်တဲ့ Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်း မော်ဒယ် နှစ်ခု ကို အောက်တိုဘာလထဲမှာ မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ယခုအခါမှာတော့ Pixel 3 XL ရဲ့ ရှေ့ဘက် မျက်နှာပြင် နဲ့ ကျောဘက် Panel နဲ့ ပတ်သတ်တဲ့ ဒီဇိုင်း ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ပုံတွေထဲမှာ မြင်ရတဲ့ အတိုင်း Pixel 3 XL ရဲ့ ရှေ့ဘက် Display ပြင်ပ ဘောင်တွေ အတွက် အမဲရောင် အသုံးပြု သွားမှာ ဖြစ်ပြီး ကျောဘက် Panel ကိုတော့ အဖြူရောင် အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Pixel 3 XL မှာ Notch ဒီဇိုင်း ကို မြင်တွေ့ရမှာ ဖြစ်ပြီး အဲဒီ Notch လေးပေါ်မှာ Dual Camera Setup ကို မြင်တွေ့ရမျာ ဖြစ်ပါတယ်။ Dual Front Camera Setup နဲ့ အတူ Earpiece ကိုလည်း Notch ထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကျောဘက် Panel အတွက်ကိုတော့ Pixel 2 XL မှာလိုပဲ Dual-Tone Construction ဒီဇိုင်း ကို အသုံးပြုထားပါယ်။ အပေါ်ဘက် ဖန်သားပြင် အခြမ်းမှာ Back Camera, LED Flash, Fingerprint Reader တို့ ကို မြင်တွေ့ရမှာ ဖြစ်ပြီး အောက်ဘက် အခြမ်း အတွက်ကိုတော့ Glossy Glass Panel ကို အသုံးပြု ထားပါတယ်။

အရင်နှစ်တုန်း က ထွက်ရှိထားတဲ့ Pixel 2 XL မှာ Rear Panel အပေါ်ဘက် အခြမ်း အတွက် Glass Panel၊ အောက်ဘက် အခြမ်း အတွက် Metallic Plate အသုံးပြုခဲ့ ပေမယ့် Pixel 3 XL မှာတော့ Glass Panel နှစ်ခု ပေါင်းစပ် အသုံးပြု ထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခု ထွက်လာတဲ့ ပုံရိပ်များ အရ Pixel 3 XL မှာ အခြား Flagship စမတ်ဖုန်းတွေလို Dual Rear Camera Setup ကို မြင်တွေ့ရနိုင်မှာ မဟုတ်တော့ပါဘူး။

Google Pixel 3 XL ကို RAM 4/ Internal 64, RAM 6/ Internal 128 စတဲ့ မော်ဒယ် နှစ်မျိုး အနေနဲ့ မိတ်ဆက် သွားနိုင်ပြီး Processor ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 845 SoC နဲ့ အတူ ပွဲထွက် လာနိုင်ပါတယ်။ Operating System အနေနဲ့ Android P (Android 9.0) ကို အသုံးပြု လာနိုင်ပါတယ်။ ဘက်ထရီ နဲ့ ပတ်သတ်လို့ အသေးစိတ် အချက်အလက်တွေကို သိရှိရခြင်း မရှိသေးပေမယ့် Google Pixel 3 XL မှာ Wireless Charging Support ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

REF: Gizmo China