နာမည်ကြီး နည်းပညာ ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Google အနေနဲ့ Flagship စမတ်ဖုန်း Google Pixel 3 နဲ့ Pixel 3 XL တို့ကို အောက်တိုဘာလ အစောပိုင်းမှာ မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယခုအခါမှာတော့ မိတ်ဆက်ဖို့ ၂လလောက် အလိုလောက်မှာ Pixel 3 XL Unboxing Video တွေ ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

Google Pixel 2 XL မှာ Headphone တွေ ထည့်သွင်း ပေးခဲ့ခြင်း မရှိပေမယ့် လက်ရှိအချိန်မှာ ထွက်ပေါ်လာခဲ့တဲ့ Unboxing Video အရ Pixel 3 XL မှာတော့ Headphone ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် 3.5mm Headphone Jack တော့ ပါဝင်မှာ မဟုတ်ပါဘူး။ USB Type-C Headphone သာ ပါဝင်မှာ ဖြစ်ပါတယ်။

Pixel 3 XL ဘူးထဲမှာ Accessories တွေ အနေနဲ့ USB Power Delivery, USB-C to 3.5mm Audio Jack, USB-C to USB C Cable, USB-C to USB-A Adapter, USB C Headphone တို့ ပါဝင်မှာ ဖြစ်ပါတယ်။ Unboxing Video မှာ ဖော်ပြထားချက်များ အရ Pixel 3 XL မှာ Notch Display အသုံးပြုသွားမှာ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။

အောက်ဘက်ဘောင်မှာ စပီကာ တစ်လုံး၊ Notch မှာ စပီကာ တစ်လုံး စုစုပေါင်း စပီကာ နှစ်လုံး ပါဝင်တာကို မြင်တွေ့ရမှာ ဖြစ်ပြီး စပီကာ နဲ့ အတူ Notch အထဲမှာ Dual Selfie ကင်မရာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကျောဘက် Panel အတွက်ကိုတော့ အရင်တုန်းက မိတ်ဆက် ပေးခဲ့တဲ့ Pixel မော်ဒယ်တွေမှာလိုပဲ Pixel 3 XL မှာလည်း Dual-Tone ဒီဇိုင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျောဘက် Panel မှာ Single Camera, LED Flash Fingerprint Scanner တို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Specifications အနေနဲ့ Pixel 3 XL မှာ Android Pie (Android 9) ကို အသုံးပြုသွားမှာ ဖြစ်ပြီး Snapdragon 845 SoC, RAM 4GB ပါဝင်မှာ ဖြစ်ပါတယ်။ Resolution အနေနဲ့ Quad HD+ (2960 x 1440 Pixels) Resolution ကို Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ကောလာဟလများ အရ Google Pixel 3 မှာ Notch ပါဝင်ခြင်း ရှိမှာ မဟုတ်ပဲ 18:9 Aspect Ratio Display နဲ့ ပွဲထွက်လာမှာ ဖြစ်ပြီး SD 845 SoC, RAM 4GB ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: Gizmo China