Google ကနေ Install ပြုလုပ်စရာမလိုပဲ အသုံးပြုနိုင်တဲ့ Instant App တွေကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် Google I/O Event မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Google ကနေ ယခုပြုလုပ်နေတဲ့ Game Developer Conference 2018 မှာ Instant Apps တွေတင်မဟုတ်ပဲ Instant Games တွေကိုပါ ဆော့ကစားနိုင်ပြီဖြစ်တဲ့အကြောင်း ကြေငြာခဲ့ပါတယ်။

Google ကနေ Instant Apps တွေကို ယခင်ထဲက အသုံးပြုနိုင်ပေမယ့် အခုက ပထမဆုံးအနေနဲ့ Game တွေကိုဆော့ကစားနိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် အခု Instant Game အနေနဲ့ ရရှိနေတဲ့ ဂိမ်းတွေဟာ Clash Royale ၊ Solitaire ၊ Final Fantasy XV : A New Empire အစရှိတဲ့ နာမည်ကြီးဂိမ်းတွေပါ ပါဝင်လာတာပဲဖြစ်ပါတယ်။

Google ကနေ အခု Instant Games တွေကို စမ်းကြည့်ချင်တယ်ဆိုရင် Google Play Store ရဲ့ Home Page မှာ “Instant Gameplay : Try now, install later” ဆိုတဲ့ Section မှာ လက်ရှိရရှိနေတဲ့ Instant Games တွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ အဲ့ဒီဂိမ်းကို ရွေးလိုက်ရင် “Try Now” ဆိုတဲ့ Button ကို တွေ့ရမှာဖြစ်ပြီး အဆိုပါ Button ကို နှိပ်ပြီး Instant Game တွေကို စမ်းသပ်ကြည့်နိုင်မှာပါ။

Google Play Instant App Feature ဟာ App နဲ့ Games တွေကို Data နဲ့ အချိန်အကုန်ခံပြီး Download ပြုလုပ်စရာမလိုပဲ Phone Storage ကိုလည်း ထိခိုက်မှာမဟုတ်ပဲ စမ်းသပ်အသုံးပြုနိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။